နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!

ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှုပုံစံတွေကြောင့် အခုနောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းတဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေးကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေအနေက […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွေးတိုးရောဂါ

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နှလုံးသွေးကြောချဲ့ခြင်း (angioplasty) ကုသမှု အကြောင်း သိကောင်းစရာများ

ရှေ့ကရေးခဲ့တဲ့ “လေဖြတ်တယ်ဆိုတာ ဘာလဲ” ဆိုတဲ့ ဆောင်းပါးမှာ အကျဉ်းချုပ်လောက် ပါခဲ့တဲ့ နှလုံး သွေးကြောပိတ်ပုံပိတ်နည်းကို မှတ်မိကြမယ်ထင်ပါတယ်။ သွေးကြောချဲ့ခြင်း (angioplasty)ဆိုတာကတော့ ပိတ်နေတဲ့ သွေးလွှတ်ကြောကို ရှင်းဖို့နဲ့ နှလုံးကြွက်သားထဲ သွေးစီးဆင်းမှုကို နဂိုအတိုင်းပြန်ဖြစ်အောင် လုပ်ဖို့ ခွဲစိတ်ပိုင်းဆိုင်ရာ နည်းလမ်းတစ်ခုပါ။ အများစုက ပိုက်ထည့်ခြင်း (stenting) ဆိုပြီး သိထားကြတဲ့ နည်းပါပဲ။ သွေးကြောအဆီပိတ်ပြီးကျဉ်းခြင်း (atherosclerosis) လိုမျိုး ရောဂါအချို့မှာ သွေးကြောနံရံတစ်လျှောက် အဆီစုပုံမှာ အရမ်းများလာပြီး သွေးခဲတွေဖြစ်ပေါ်လာစေပါတယ်။ [ဖြစ်စဉ်အသေးစိတ်ကို “လေဖြတ်တယ်ဆိုတာ ဘာလဲ” ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြခဲ့ပြီးပါပြီ]။ အဲ့ဒီအခါမျိုးမှာ ပိတ်သွားတဲ့နေရာက နှလုံးသွေးလွှတ်ကြောဖြစ်နေရင် နောက်ဆက်တွဲအနေနဲ့ နှလုံးကြွက်သားက သွေးကို နည်းနည်းမရတာ ဒါမှမဟုတ် လုံးဝ မရတာမျိုး ဖြစ်စေလို့ နှလုံးကြွက်သားတစ်ရှူးတွေပျက်စီးစေပါတယ်။ နှလုံးပုပ်တယ်ခေါ်တာပေါ့။ တခါတလေ အဲဒီ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

သွေးကျဲဆေးသောက်နေသူတွေ သတိထားသင့်တဲ့အချက် (၅) ချက်

ရောဂါအခံအမျိုးမျိုးကြောင့် သွေးကျဲဆေးသောက်နေရသူတွေအတွက် သတိထားစရာလေးတွေ ပြောပြချင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အရ ကျန်းမာရေးအတွက် သောက်ရပေမယ့် သူနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ ရှိပါတယ်နော်။ သွေးကျဲဆေးသောက်ရပြီဆိုရင် - (၁) ထိမိခိုက်မိ၊ ချော်လဲတာ မဖြစ်အောင် ဂရုစိုက်ပါ။ နှလုံး သို့မဟုတ် သွေးကြောထဲမှာ သွေးခဲပိတ်ဆို့တာတွေ မဖြစ်အောင်(တနည်းအားဖြင့် heart attack မဖြစ်အောင်၊ လေမဖြတ်အောင်) ကာကွယ်ဖို့ သွေးကျဲဆေးကိုညွှန်ကြားထားတာပါ။ ဒါပေမယ့် ထိမိခိုက်မိတာတွေ ရှိလာရင်တော့ သွေးမတိတ်တဲ့အန္တရာယ်ရှိနိုင်ပါတယ်။ အရေးကြီးဆုံးက ဦးခေါင်းကိုမထိခိုက်ပါစေနဲ့။ (၂) အချိန်မှန်အောင် သောက်ပါ။ ဒီနေ့ဒီအချိန်မှာ သောက်တယ်ဆို နောက်ရက်မှာလည်း ဒီအချိန်ပဲသောက်ပါ။ အချိန်မှန်မသောက်ရင် တချို့သွေးကျဲဆေးတွေက အာနိသင်မကောင်းတတ်လို့ပါ။ တကယ်လို့ ဆေးသောက်ဖို့မေ့ခဲ့ရင် သတိရတာနဲ့ ချက်ချင်းသောက်ပါ။ အရေးကြီးတာက နောက်ရက်မှသတိရလို့ဆိုပြီး နှစ်လုံးဆင့်မသောက်ပါနဲ့။ (၃) ကိုယ်သောက်မယ့်ဆေးတွေကို သတိထားပါ။ တခြားဆေးတွေကို သောက်မယ်ဆိုရင် သွေးကျဲဆေးနဲ့အဆင်ပြေမပြေ သတိထားပါ။ ဥပမာ အကိုက်အခဲပျောက်ဆေး၊ အအေးမိပျောက်ဆေးတို့လို အလွယ်ဝယ်လို့ရတဲ့ဆေးတွေသောက်မယ့် […]


နှလုံးရောဂါ

လက်ချောင်း အနိမ့်အမြင့်လေးတွေက ပြောပြနေတဲ့ နှလုံးကျန်းမာရေး

ဒီဆောင်းပါးလေးကို မဖတ်ခင်လက်လေးကိုဖြန့်လို့ လက်ချောင်း လေးတွေကိုအရင်ကြည့်လိုက်နော်။ ပြီးရင်တော့ လက်ချောင်းလေးတွေ ရှည်လား၊ တိုလားဆိုတာကိုမှတ်ထားပါ။ ပြီးရင်တော့ ဆောင်းပါးလေးဖတ်ပြီး အဖြေထုတ်ကြည့်ရအောင်လား....... လက်ချောင်း အနိမ့်အမြင့်လေးတွေက ပြောပြနေတဲ့ နှလုံးကျန်းမာရေး မကြာသေးခင်က Liverpool တက္ကသိုလ်မှာ လုပ်ခဲ့တဲ့ လေ့လာမှုရလဒ်အရ လက်ညှိုးက လက်သူကြွယ်ထက်ရှည်နေတဲ့သူတွေဟာ နှလုံးရောဂါခံစားရနိုင်ခြေ များနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အကြောင်းကတော့ လက်သူကြွယ်နိမ့်နေတဲ့ အမျိုးသားတွေဟာ testosterone ဟော်မုန်းနည်းနေသူတွေပေါ့။ ဒီဟော်မုန်းနေည်းနေတာက နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မားစေနိုင်ပါတယ်။ အဆိုပါလေ့လာမှုအတွင်း အသက် ၃၅ နှစ် ကနေ အသက် ၈၀ အတွင်းရှိတဲ့ အမျိုးသား ၁၅၁ ယောက်ကို လေ့လာမှုတွေလုပ်ခဲ့ပါတယ်။ လေ့လာမှုအတွင်းတွေ့ခဲ့ရတာက လက်ညှိုးက လက်သူကြွယ်ထက်ပိုမြင့်နေတဲ့ အမျိုးသားတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ များနေတာကို တွေ့ရှိခဲ့ရပါတယ်။ လက်ညှိုးက လက်သူကြွယ်ထက်ရှည်နေသူတွေမှာ နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့ testosterone ဟော်မုန်းနည်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ […]


နှလုံးရောဂါ

လက်ချောင်းထိပ်လေးကို စမ်းသပ်ရုံနဲ့နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို ခန့်မှန်းနိုင်မယ့်နည်းလမ်းသစ်

လက်ချောင်းလေးတွေက ကိုင်တွယ်ဖို့၊ နေ့စဉ်လှုပ်ရှားမှုတွေမှာ အဆင်ပြေအောင်အထောက်အကူပြုပေးရုံပဲ အသုံးဝင်တာလား။ မဟုတ်ပါဘူး။ လက်ချောင်းလေးတွေကို ကြည့်ပြီး သင့်မှာ နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို ခန့်မှန်းလို့ရတယ်လို့ မကြာသေးခင်ကလုပ်ခဲ့တဲ့ လေ့လာမှုအရသိရပါတယ်။ လက်ချောင်းလေးတွေက နှလုံးရောဂါဖြစ်နိုင်ခြေကို ဘယ်လိုဖော်ပြနေလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ လက်ချောင်းထိပ်လေးကို စမ်းသပ်ရုံနဲ့သိနိုင်မယ့် နှလုံးရောဂါဖြစ်နိုင်ခြေ နှလုံးရောဂါကြောင့် နှစ်စဉ်သေဆုံးသူဦးရေမနည်းပါဘူး။ ဒီလိုမျိုး လူတော်တော်များများကိုအသက်အန္တရာယ်ခြိမ်းခြောက်နေတဲ့ရောဂါကို  သွေးတစ်စက်မထုတ်ရဘဲ စစ်ဆေးလို့ရတော့မယ်ဆိုတော့ ဘယ်လောက်တောင်ကောင်းလိုက်သလဲနော်။ ဒီတော့လူတော်တော်များများကို အသက်ဆုံးရှုံးစေနေတဲ့ နှလုံးရောဂါကို ခန့်မှန်းနိုင်မယ့် နည်းလမ်းလေးက ဘယ်လိုမျိုးလဲဆိုတာကို ကြည့်လိုက်ရအောင်လား။ အရေပြားကို အပ်နဲ့တောင်ထိုးစိုက်မှုတစ်ချက်မလုပ်ဘဲ လက်ထိပ်လေးကိုပဲ စမ်းသပ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို စမ်းသပ်ပေးမယ့် နည်းလမ်းကို reactive hyperemia peripheral arterial tonometry (RH-PAT) လို့ခေါ်ပါတယ်။ လက်ရှိမှာ စမ်းသပ်လုပ်ဆောင်ပေးနိုင်မှုနည်းနေသေးပေမယ့် နောက်ပိုင်းမှာ ဆရာဝန်တိုင်းရဲ့ ဆေးခန်းတွေမှာ အလွယ်တကူထားရှိစစ်ဆေးပေးနိုင်တော့မှာပါ။ ဒီစမ်းသပ်မှုက လက်ချောင်းထိပ်လေးက သွေးစီးဆင်းမှုကို စစ်ဆေးတာပါ။ သွေးပေါင်ချိန်တိုင်းကိရိယာနဲ့ […]


သွေးတိုးရောဂါ

သွေးတိုးကြောင့် သင့်ခန္ဓာကိုယ်မှာ ဘာတွေထိခိုက်လာနိုင်သေးလဲ

သွေးတိုးဆိုတာ အငန်စားရင်တက်မယ်၊ ခေါင်းကိုက်မယ်၊ သွေးကျဆေး သို့မဟုတ် သွေးကျစေမယ့်ဆေးမြီးတို တစ်ခုခုသုံးလိုက်ရင် ပြန်ကျမယ်။ ဒီလောက်ပဲ တွေးထားတယ်ဆိုရင် သင့်မှာ သိပ်ကိုအန္တရာယ်များနေပါပြီ။ သွေးတိုးရောဂါက ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲအပေါင်းအဖော်တွေအများကြီးကို ခေါ်ဆောင်လာနိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။ လူသိများတာက သွေးတိုးကြောင့် လေဖြတ်နိုင်တယ်၊ ဦးနှောက်သွေးကြောပြတ်နိုင်တယ်၊ သွေးတိုးဖြစ်ရင် ဆီးချိုလည်းဖြစ်လာနိုင်တယ် ဆိုတာတွေပါ။ ဒါပေမယ့် အရေးကြီးတဲ့ တခြားထိခိုက်မှုတွေ၊ ရောဂါတွေလည်း ဖြစ်လာနိုင်သေးတယ်လို့ သတိပေးလိုက်ချင်ပါတယ်။ (၁) သွေးကြောထိခိုက်ပျက်စီးခြင်း သွေးကြောတွေဟာ အောက်ဆီဂျင်သယ်ဆောင်ရမယ့် အဆုတ်နဲ့နှလုံးဆီကနေ ကိုယ်တွင်းအင်္ဂါတွေနဲ့ တခြားတစ်ရှူးတွေဆီကို သွေးလည်ပတ်ရလွယ်ကူစေဖို့ ကြံ့ခိုင်မှု၊ ပျော့ပျောင်းနိုင်မှု၊ အတားအဆီးကင်းမှု တွေပြည့်စုံနေသင့်ပါတယ်။ သွေးတိုးကြောင့် အဲဒီသွေးကြောတွင်းမှာ ထိခိုက်မှုတွေဖြစ်စေပြီး အဆီချေးတွေ ပိုပြီးကပ်တွယ်စေနိုင်တယ်။ ဒီလိုကပ်တွယ်ရာကနေ သွေးကြောတွေကို ပိုတောင့်တင်းမာကျောစေပြီး သွေးကြောကျဉ်းစေနိုင်တာကြောင့် အန္တရာယ်ကြီးပါတယ်။ (၂) သွေးကြောဖောင်းခြင်း သွေးကြောနံရံတစ်စိတ်တစ်ပိုင်းကို ဖိအားများတဲ့အခါ အခုလိုဖြစ်လာတတ်ပါတယ်။ သွေးကြောသာပေါက်ပြီး ခန္ဓာကိုယ်ထဲသွေးယိုတဲ့အခါ ဆိုးရွားတဲ့အခြေအနေဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာက […]


နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

ရင်တလှပ်လှပ်တုန်စေရတဲ့ အကြောင်းရင်း(၁၁)ခု

ရင်ထဲမှာ တလှပ်လှပ်နဲ့ဖြစ်နေတာ၊ အသက်ရှူရတာ တမျိုးဖြစ်နေတာတွေ ရင်တုန်ပန်းတုန်ခံစားဖူးမှာပေါ့။ နှလုံးနဲ့ပတ်သက်တဲ့လက္ခဏာဆိုရင်တော့ စိုးရိမ်ဖို့ကောင်းပေမယ့် နှလုံးရောဂါကြောင့်မဟုတ်တဲ့ တခြားအကြောင်းရင်းတွေလည်း အများကြီးရှိတယ်ဆိုတာ သိပ်မသိကြပါဘူး။ ရင်တုန်တယ်ဆိုတိုင်း ခရက်ရှ်နဲ့တွေ့လို့ ရင်ခုန်တယ်ချည်း ထင်မနေနဲ့ဦးနော်။ ဒါတွေကြောင့်လည်း ဖြစ်နိုင်တယ် - (၁) စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု ပြင်းထန်တဲ့စိတ်ခံစားချက်တွေကြောင့် နှလုံးခုန်နှုန်းကိုမြန်စေတဲ့ဟော်မုန်းတွေထုတ်ပေးပါတယ်။ ရုတ်တရက်ကြောက်လန့်စိတ်ကြောင့်ဖြစ်လာတဲ့ ရင်တုန်တာက မိနစ်အနည်းငယ်ကြာနိုင်ပါတယ်။ ချွေးစေးထွက်တာ၊ နှလုံးခုန်မြန်တာ၊ ချမ်းတာ၊ အသက်ရှူရခက်တာတွေဖြစ်လာနိုင်တယ်။ (၂) ကဖင်း မနက်ပိုင်းကော်ဖီသောက်ပြီး နှလုံးခုန်ပိုမြန်နေတာလား။ ကော်ဖီပဲဖြစ်ဖြစ်၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်၊ ချောကလက် စတာတွေကနေရတဲ့ ကဖင်းဓါတ်ကြောင့် နှလုံးခုန်မြန်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကဖင်းသောက်တာများတဲ့သူတွေမှာ ရင်တုန်တတ်တာ မကြာခဏကြုံရပါတယ်။ (၃) နီကိုတင်း စီးကရက်နဲ့တခြားဆေးရွက်ကြီးထုတ်ကုန်တွေမှာ ပါတဲ့ နီကိုတင်းက သွေးဖိအားကိုမြင့်စေပြီး နှလုံးခုန်နှုန်းကိုမြန်စေပါတယ်။ ကိုယ့်ရဲ့နှလုံးကိုကျန်းမာစေချင်တယ်ဆိုရင် ဆေးလိပ်ဖြတ်တာအကောင်းဆုံးပါပဲ။ ရင်တုန်ခြင်းက နီကိုတင်းဖြတ်တဲ့အခါလည်း ဖြစ်တတ်ပေမယ့် အဲဒါမျိုးကျ ဆေးလိပ်ဖြတ်ပြီး ၃/၄ ပတ်အတွင်း […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နှလုံးသွေးကြောကျဉ်းကုသမှုတစ်ခုဖြစ်တဲ့ Stent ( စတန့်)ထည့်တယ်ဆိုတာဘာလဲ ။

ငယ်ငယ်ရွယ်ရွယ်တုန်းက စားချင်တာတွေ မဆင်မခြင်စားခဲ့ကြတာကတစ်ကြောင်း ေလ့ကျင့်ခန်းမလုပ်ခဲ့တာကြတစ်ကြောင်း နှလုံးကျန်းမာအောင် မထိန်းခဲ့မိတာကတစ်ကြောင် း အသက်ကြီးလာတော့ ဝလာတာကတစ်ကြောင်းနဲ့ နှလုံးသွေးကြောကျဉ်းတဲပြဿာတွေ အဖြစ်များလာတာ အားလုံးသိကြမှာပါ။ နှလုံးသွေးကြောဆိုတာကလည်း အရေးကြီးတယ်မလား။ ကျဉ်းရာကနေ နောက်ပိုင်း နှလုံးသွေးကြောပိတ်သွားတာမျိုးကနေ အသက်ဆုံးတဲ့အထိ ဖြစ်သွားတတ်တယ်လေ။ ကျဉ်းနေတဲ့နှလုံးသွေးကြောကြောင့် လှုပ်လှုပ်ရှားရှားလုပ်လိုက်တိုင်း မောလို့ ဆေးခန်းသွားပြတဲ့အခါ နှလုံးသွေးကြောကျဉ်းနေပြီလို့ အဖြေထွက်တာနဲ့ ဆရာဝန်က Stent ထည့်ပြီး နှလုံးသွေးကြေြာပန်ချဲ့ဖို့လိုကြောင်း ပြောပါလိမ့်မယ်။ ဒီတော့ Stent ဆိုတာဘာလဲ၊ သူက ဘယ်လိုကောင်းကျိုးတွေ ရှိလို့လဲဆိုတဲ့အကြောင်း ဒီဆောင်းပါးထဲမှာ ပြောပြပေးမှာပါ။ Stent ဆိုတာ ဘာလဲ။ Stent ဆိုတာ သတ္တု( ဒါမှမဟုတ်) ပလတ်စတစ်နဲ့လုပ်ထားတဲ့ သေးငယ်တဲ့ ပိုက်လေးတစ်ချောင်းပါ။ ပိတ်နေတဲ့ သွေးကြောတွေ ပြန်ပွင့်ဖို့၊ ကျဉ်းနေတဲ့ သွေးကြောတွေ ပြန်ကျယ်စေဖို့ ဒီ Stent လေးထည့်ပြီး ပုံမှန်သွေးလည်ပတ်မှု […]


သွေးတိုးရောဂါ

Blood pressure မဟုတ်တဲ့ Pulse pressure အကြောင်း ။ ။

သွေးပေါင်တော့အားလုံးချိန်ဖူးကြမှာပါ ။ သွေးတိုးရှိမရှိ သိချင်ရင် သွေးပေါင်ချိန်လိုက်လို့ရလာတဲ့ အပေါ်သွေး ( systolic pressure) ဘယ်လောက် အောက်သွေး (diastolic Pressure) ဘယ်လောက်ဆိုတာနဲ့ ဆုံးဖြတ်ကြတာမလား။ ဒီ systolic pressure ရော diastolic Pressure ရောက blood pressure ( သွေးပေါင်ချိန်)တွေပါ။ သွေးတိုးရှိမရှိ သူတို့က ဆုံးဖြတ်ပေးတာပေါ့။ ဒီနေ့ပြောမယ့် အကြောင်းလေးကျတော့ လူတိုင်း သိပြီးသားနီးပါဖြစ်နေတဲ့ blood pressure အကြောင်းမဟုတ်ပါဘူး။ အပေါ်မှာပြောခဲ့တဲ့ systolic pressure ထဲက diastolic Pressure ကို နှုတ်လိုက်ရင် ရလာတဲ့ pulse pressure အကြောင်းပါ။ pulse pressure လေးက သွေးတိုးရှိမရှိကို ဖော်ပြပေးတာမဟုတ်ဘဲ ကိုယ့်နှလုံးအခြေအနေကို ဖော်ပြပေးတဲ့ အရာလေးပါ။ […]


သွေးတိုးရောဂါ

သွေးပေါင်ချိန်စက်က ဖော်ပြနေတဲ့ နံပါတ်တွေ ပြောပြတဲ့ သင့်ကျန်းမာရေးအကြောင်း ။ ။

လူတိုင်းနီးပါး သွေးပေါင်ချိန်ဖူးကြပါတယ်။ သူကလုပ်ရတာလွယ်တယ်လေ။ အိမ်မှာ သွေးပေါင်ချိန်တဲ့ စက်လေးတစ်လုံးဝယ်ထား။ ကိုယ့်သွေးပေါင်ချိန်ဘယ်လောက်လဲသိချင်ရင် စက်လေးနဲ့ ချိန်ကြည့်လိုက်ရုံပဲ။ သွေးတိုး ရောဂါကိုလူတိုင်းက ကြောက်ကြတော့ သွေးပေါင်ဘယ်လောက်ရှိလဲ အမြဲတိုင်းကြည့်ချင်နေကြတဲ့သူချည်းပါပဲ။ ဒီနေရာမှာ အာလုံး အကြမ်းဖျင်းသိကြတာက ပုံမှန်သွေးပေါင်ချိန်ဆိုရင် အပေါ်သွေး ၁၂၀/ အောက်သွေး၈၀ ရှိရမယ်။ အပေါ်သွေး၁၄၀လောက်ရောက်နေပြီဆိုရင်သွေးတိုးနေပြီ အပေါ်သွေး၉၀ပဲရှိတယ်ဆိုရင်သွေးပေါင်ကျနေပြီဆိုပြီး သိကြပါတယ်။ ဒါက အကြမ်းဖျင်းလောက်ပဲ သိကြတာပါ ။ ကိုယ်က အိမ်မှာ သွေးပေါင်ချိန်စက်လေးဝယ်ထားပြီး တိုင်းလိုက်တဲ့အခါ အမြဲ ၁၂၀/၈၀ ကတော့ တန်းမနေဘူးလေ။ တစ်ခါတစ်လေ ၁၀၀/၇၀ ဖြစ် တစ်ခါတစ်လေ ၁၃၀/၉၀ ဖြစ်နေတတ်ပြန်ရော။ ဒီတော့ ကိုယ့်ကသွေးတိုးနေလား သွေးပေါင်ကျနေတာလား ရေရေရာရာ မသိတဲ့သူတွေရှိပါတတယ်။ ဒီလိုအချိန်မှာ သွေးပေါင်ချိန်စက်ကပြောနေတဲ့နံပါတ်တွေအကြောင်းပိုပြီး သိချင်မလားဘူးလား။ ။ သွေးပေါင်ချိန်စက်တစ်ခုကနေ သိနိုင်တာတွေကတော့ Blood pressure ေသွးပေါင်ချိန် […]


ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း