ရည်စားစာရေးတာက ကိုလက်စထရောကို ကျစေပါတယ်။ ကိုယ့်ချစ်သူအကြောင်းကို တဖွဲ့တနွဲ့ ရေးတာကလည်း နှလုံး ကို သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ကျန်းမာစေပါသေးတယ်။
ဒါကို Human Communication Research က ကျောင်းသားတွေကို ၂ဖွဲ့ခွဲပြီး လေ့လာခဲ့ပါတယ်။ စမ်းသပ်ချက်မှာ ကျောင်းသားတစ်ဖွဲ့ကို သူတို့ချစ်ရတဲ့ သူတွေအကြောင်း ရေးခိုင်းပြီး နောက်တစ်ဖွဲ့ကိုတော့ ကိုယ်နှစ်သက်တဲ့ အကြောင်းကို မိနစ် ၂၀ကြာ ရေးခိုင်းခဲ့ပါတယ်။
ရလဒ်ကတော့ ချစ်သူအကြောင်းကို ရေးတဲ့အဖွဲ့မှာ သွေးတွင်းကိုလက်စထရော ပမာဏက သိသိသာသာ ကျဆင်းတာ (၁၇၀mg/dLကနေ ၁၅၉ mg/dL)ကို တွေ့ရပါတယ်။ ကျန်တဲ့အဖွဲ့မှာတော့ ထူးခြားချက်မရှိပါဘူး။
ရည်းစားစာပေးတာက ဒီခေတ်မှာ မသုံးတော့ဘူးဆိုပေမယ့် ကိုလက်စထရောကျချင်ရင်တော့ စမ်းကြည့်သင့်တယ်နော်။
- ကောင်းမွန်တဲ့ ခံစားချက်တွေက နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
European Heart Journal ကနေ ပြုလုပ်တဲ့ လေ့လာချက်အရ ကောင်းမွန်တဲ့ ခံစားချက်တွေက သင့်နှလုံးကို ကျန်းမာစေပါတယ်တဲ့။ ချစ်သူနဲ့ရှိချိန် ပျော်ရွှင်ရတာ၊ ရယ်မောရတာ၊ စိတ်လှုပ်ရှားရတာ၊ စိတ်ထဲမှာ သက်သောင့်သက်သာဖြစ်နေတာတွေက နှလုံးရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေပါတယ်။
ဒီအချက်ကို အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။ ဒါ့ပြင် ကိုယ့်ချစ်သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတဲ့ သူတွေက ဆေးလိပ်သောက်နိုင်ခြေ နည်းတာ၊ သွေးတွင်း ကိုလက်စထရောကျဆင်းတာ၊ စိတ်သဘောထား နူးညံ့ပြီး ဆက်ဆံရေး ကောင်းမွန်တာတွေကို တွေ့ရှိရပါတယ်။
- လက်ကိုင်ထားတာက စိတ်ကို တည်ငြိမ်စေပါတယ်။
Psychological Science မှာ ဖော်ပြထားတဲ့ လေ့လာချက်တစ်ခုအရ ချစ်သူရဲ့ လက်ကို ကိုင်ထားတာက စိတ်ကို တည်ငြိမ်စေတဲ့ အစွမ်းရှိပါတယ်တဲ့။
လေ့လာချက်မှာ အမျိုးသမီးတွေရဲ့ ခြေကျင်းဝတ်ကို ကျင်စက်လေးနဲ့ တို့ပြီး သူတို့ဦးနှောက်ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ခဲ့ပါတယ်။ နာကျင်တာမှန်ပေမယ့် ချစ်သူအမျိုးသားရဲ့ လက်ကို ကိုင်ဆွဲထားတဲ့ အမျိုးသမီးတွေက နာကျင်တာကို ပိုခံနိုင်ရည်ရှိကြပါတယ်တဲ့။ သူစိမ်းရဲ့ လက်ကိုလည်း ကိုင်ခိုင်းပြီး စမ်းသပ်ပေမယ့် ချစ်သူလက်လောက် နာကျင်မှုကို ခံနိုင်စွမ်း မရှိပါဘူး။
ဒါကြောင့် နောက်ပိုင်းမှာ မီးဖွားမယ့် အမျိုးသမီးတွေနားမှာ ခင်ပွန်းသည်ကို အဖော်ပြုခိုင်းကြတာ ဖြစ်ပါလိမ့်မယ်။
အချစ်ရေးနဲ့ သင့်နှလုံး
ပျော်ရွှင်ပြီး အဆင်ပြေနေတဲ့ အချစ်ရေးက သင့်နှလုံးကို ကျန်းမာစေပါတယ်။ စိတ်ဖိစီးမှုနည်းတာ၊ သွေးဖိအားကျတာ၊ သွေးကြောတွေကို ကျန်းမာစေတာ၊ သွေးလည်ပတ်မှုကောင်းတာ စတာတွေက နှလုံးကို ကျန်းမာစေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ဒီလိုမဟုတ်ဘဲ အဖုအထစ်တွေနဲ့ ဆက်ဆံရေးဆိုရင်တော့ စိတ်ဖိစီးမှုတွေများပြီး နှလုံးကျန်းမာရေး ထိခိုက်နိုင်တာကြောင့် မိမိနဲ့ မိမိအဖော်ကြားမှာ ကောင်းမွန်နဲ့ ဆက်ဆံရေးရအောင် ဖန်တီးယူသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။