နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!

ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှုပုံစံတွေကြောင့် အခုနောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းတဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေးကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေအနေက […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

နှလုံးကြွက်သားရောဂါများ

နှလုံးကြွက်သားရောင်ရမ်းတဲ့အခါ

နှလုံးဆိုတာလည်း ကြွက်သားတစ်ခုပါပဲ။ ဒါပေမယ့် သူ့မှာ အလွှာသုံးလွှာပါပါတယ်။ အပြင်ဘက်ဆုံးက နှလုံးအမြှေးပါးရယ်၊ အလယ်က ကြွက်သားရယ်၊ အတွင်းသားလေးရယ်ပေါ့။ ဒီသုံးလွှာလုံးက အကြောင်းအမျိုးမျိုးကြောင့် ရောင်ရမ်းတတ်ပါတယ်။ ဒီထဲမှာ နှလုံးကြွက်သားရောင်တာကို အရင်ပြောပြပေးပါမယ်။ နှလုံးကြွက်သားရောင်တာ အရေးကြီးလား။ နှလုံးဖြစ်တဲ့ ရောဂါမို့လို့ အရေးမကြီးလို့ ငြင်းလို့မရပါဘူး။ နှလုံးကြွက်သားရောင်တာက နောက်ဆက်တွဲအနေနဲ့ နှလုံးပျက်စီးတတ်ပါတယ်။ နှလုံးက သွေးအလုံအလောက်ညှစ်ဖို့ဆိုရင် ကြွက်သားအားကောင်းရပါတယ်။ ကြွက်သားရောင်နေမှတော့ နှလုံးလည်း ကောင်းကောင်း မညှစ်နိုင်တော့ပါဘူး။ နှလုံးမှာ နှလုံးသွေးကြောလေးတွေ ရှိပါတယ်။ သူလည်း အလုပ်လုပ်ဖို့ သွေးလိုတာပေါ့။ နှလုံးက သွေးကောင်းကောင်း မညှစ်နိုင်လို့ နှလုံးသွေးကြောဆီကို သွေးမရောက်ရင် နှလုံးကြွက်သားရောင်ရာကနေ နှလုံးကြွက်သားပုပ်သွားတတ်ပါတယ်။ လူအများကြောက်ကြတဲ့ heart attackဆိုတာမျိုး ဖြစ်လာမှာပါ။ လေဖြတ်တာ သွေးဆိုတာ အိုင်လာရင် ခဲတတ်တဲ့ သဘောရှိပါတယ်။ ကောင်းကောင်းမညှစ်ထားတဲ့အခါ သွေးတွေက နှလုံးခန်းထဲမှာ အိုင်နေပြီး သွေးခဲလေးတွေ ဖြစ်လာတတ်ပါတယ်။ ဒီသွေးခဲလေးတွေက […]


နှလုံးသွေးကြောကျဉ်းရောဂါများ

သင်လုံးဝထင်မထားတဲ့ နှလုံးသွေးကြောပိတ် လက္ခဏာများ

ရုပ်ရှင်ထဲမှာ တစ်ယောက်ယောက်က ရင်ဘတ်အောင့်တယ် အောင့်တယ် ပြောပြီး လဲကျသွားရင် သင်သိလိုက်ပြီ။ ဟာ ဒီလူတော့ နှလုံးသွေးကြောပိတ်နေပြီဆိုပြီး။ ဒါက ဖြစ်ရိုး ဖြစ်စဉ်ဆိုတော့ ထွေထွေထူးထူး  ရှင်းပြနေစရာ မလိုပါဘူး။ ဒါပေမယ့် သွေးကြောကျဉ်းတိုင်း ရင်ဘတ်အောင့်ရမယ်လို့ မအေးအေးဝင်းက မစီစဉ်ထားလေတော့ တခြား ထင်မထားတဲ့ လက္ခဏာတွေနဲ့ လာနိုင်ပါတယ်။ သင်လုံးဝ မဖြစ်နိုင်ဘူးလို့ ထင်တဲ့ လက္ခဏာတွေပေါ့။ အမေရိကန်မှာ စက္ကန့်၄၀ကို တစ်ယောက်နှုန်းနဲ့ နှလုံးသွေးကြောပိတ်နေကြပါတယ်။ ဒီထဲကမှ ၅ယောက်မှာ ၁ယောက်က ဘာလက္ခဏာမှ မပြဘဲ အထဲမှာ ကျိတ်ပြီး နှလုံးသွေးကြောပိတ်နေတာတဲ့။ နှလုံးရောဂါနဲ့ မဆီမဆိုင် လက္ခဏာတွေ ပြပြီး နောက်ဆုံးမှာ နှလုံးရောဂါဖြစ်နေတာကို အသက်ကြီးတဲ့ လူတွေမှာ အတွေ့ရများပါတယ်။ နောက်ပြီး ဆီးချိုရှိတဲ့ လူတွေပေါ့။ ဒါကြောင့် အိမ်မှာ လူကြီး တစ်ယောက်ယောက် ဒီလက္ခဏာတွေ ပြောလာခဲ့ရင် […]


နှလုံးရောဂါ

နှလုံး ကြွက်သား အားကောင်းစေဖို့ဆိုရင်

နှလုံး ဆိုတာ ကြွက်သား တစ်မျိုးလို့ ဆိုကြပါတယ်။ လူ့ခန္ဓာကိုယ်ထဲက အရေးပါတဲ့အစိတ်အပိုင်းတစ်ခုသာမက ကြွက်သားတစ်မျိုးလည်းဖြစ်တယ်ပေါ့။ အကြောင်းအမျိူးမျိုးကြောင့် နှလုံးကြွက်သား အားနည်းတဲ့အခါ နှလုံးညှစ်အားကျဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် နှလုံး ကြွက်သား အားကောင်းစေဖို့ဆိုရင် ဘာတွေ လုပ်ရမလဲ။ လူတိုင်းက နှလုံးရောဂါ ဖြစ်မှာကို မလိုလားကြပါဘူး။ ဒီရောဂါက ကမ္ဘာပေါ်မှာ လူအများဆုံး သေဆုံးစေတဲ့ရောဂါတွေထဲက တစ်ခုဖြစ်တယ်မဟုတ်လား။ နှလုံး ရောဂါကို တားဆီးနိုင်ဖို့ Heart Attack မဖြစ်စေဖို့ လူတိုင်းအလိုရှိကြပေမယ့် တကယ်တမ်းမှာတော့ ကာကွယ်တားဆီးမှုတွေကို စနစ်တကျလုပ်နိုင်ကြတာမျိုးကတော့ နည်းပါတယ်။ အများစုကတော့ အစားအသောက်ကို ရွေးချယ်မှီဝဲပြီး နှလုံး ရောဂါကို ကာကွယ်ကြပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ အဆင်ပြေနေတယ်တော့မဟုတ်ဘူးလေ။ အစားအသောက်ဆိုတာမျိုးက အမြဲတမ်း ရွေးချယ်မှီဝဲဖြစ်နေတာမှမဟုတ်တာ။ ဒါကြောင့် ခုစာစုမှာတော့ နှလုံးကြွက်သားကို အားကောင်းသန်မာစေပြီး နှလုံး ရောဂါ မဖြစ်ပေါ်လာအောင် တားဆီးပေးနိုင်မယ့် […]


နှလုံးရောဂါ

သင့်နှလုံးကို ဖျက်စီးဖို့စောင့်ဆိုင်းနေတဲ့ သင့်ပတ်ဝန်းကျင်က အစားအစာများ

သင့်ရဲ့ အသက်ရှင်သန်မှုမှာ သင့်နှလုံး ရဲ့ လုပ်ဆောင်ချက်တွေက အရမ်းကို အရေးပါလွန်းလှပါတယ်။ လူတိုင်းဟာ နှလုံးကျန်းမာမှ အသက်ရှည်နိုင်မှာပါ။ နှလုံးတစ်ခုခုဖောက်လွဲဖောက်ပြန်ဖြစ်နေပြီဆိုရင် သင့်ရဲ့ ကျန်းမာရေးအခြေအနေဟာ အနှုတ်လက္ခဏာဆောင်နေတော့မှာပါ။ အခုတစ်ခေါက်တော့ သင့်နှလုံးကို ဖျက်စီးဖို့စောင့်ဆိုင်းနေတဲ့ သင့်ပတ်ဝန်းကျင်က အစားအစာများ အကြောင်း ပြောပြပေးချင်ပါတယ်။ လူတစ်ယောက်ရဲ့ နှလုံးကို ထိခိုက်စေနိုင်တဲ့အရာတွေ သင့်ပတ်ဝန်းကျင်မှာ အများအပြားတည်ရှိနေပါတယ်။ အမျိုးမျိုးသော အခြေအနေတွေ၊ ကိုယ်တိုင်ရဲ့ အပြုအမူတွေကြောင့် နှလုံးထိခိုက်နိုင်ပါတယ်။ လူတွေ နှလုံးရောဂါဖြစ်ရတဲ့၊ Heart Attack ဖြစ်ရတဲ့၊ နှလုံးပျက်စီးရတဲ့အဓိက အကြောင်းတရားတွေထဲမှာ နေထိုင်စားသောက်မှုပုံစံ မမှန်ကန်တာက ထိပ်ဆုံးက အချက်တစ်ခုဖြစ်ပါတယ်။ စားပုံသောက်ပုံ မမှန်ရင် နှလုံးသာမက တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေမှာပါ။ ဒီစာစုမှာတော့ သင့်ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်ပြီး ကြာကြာမှီဝဲမယ်ဆိုရင် နှလုံးရောဂါရစေနိုင်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ရပါတယ်။ သင့်နှလုံးကို ဖျက်စီးဖို့စောင့်ဆိုင်းနေတဲ့ သင့်ပတ်ဝန်းကျင်က အစားအစာများ သင့်နှလုံးကို ဖျက်စီးဖို့စောင့်ဆိုင်းနေတဲ့ […]


နှလုံးသွေးကြောကျဉ်းရောဂါများ

လုံးဝ မျက်ကွယ်ပြုလို့မဖြစ်တဲ့ Heart Attack လက္ခဏာ (၁၀) ခု

နှလုံးရောဂါဟာ လူသိများတဲ့ရောဂါတစ်ခုဖြစ်သလို နှလုံးဖောက်ပြန်တာ (Heart Attack) ကလည်း အဖြစ်များတဲ့ ကျန်းမာရေးပြဿနာပါ။ အဝလွန်တာတွေ၊ အရက်သေစာနဲ့ ဆေးလိပ်အလွန်အကျွံသောက်သုံးတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေကို အလွန်အကျုးမှီဝဲတာတွေကြောင့် နှလုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။ ဒီလို ဆိုးရွားတဲ့နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။ တကယ်လို့ သာမန်အခြေအနေမှာ နမိတ်လက္ခဏာတွေကို ကြိုတင်သိရှိထားမယ်ဆိုရင် Heart Attack အဆင့်ကို မရောက်ရှိခင်မှာ တားဆီးထားနိုင်ဖို့ အခွင့်အလမ်းသာမှာဖြစ်ပါတယ်။ ဒါကြောင့် သတိထားသင့်တဲ့ လက္ခဏာရပ်တွေကို ဖော်ပြပေးချင်ပါတယ်။ လုံးဝ မျက်ကွယ်ပြုလို့မဖြစ်တဲ့ Heart Attack လက္ခဏာ (၁၀) ခု ၁။ ရင်ဘတ်အောင့်ခြင်း Heart attack ရဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ […]


နှလုံးသွေးကြောကျဉ်းရောဂါများ

Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံ

Heart Attack ဖြစ်ခြင်းဟာ အသက်အန္တရာယ်ပေါင်းများစွာကို နှုတ်ယူနေတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ Heart Attack ဖြစ်ခဲ့မယ်ဆိုရင် နှလုံးထိခိုက်ပျက်စီးပြီး အသက်အန္တရာယ်ကို ထိခိုက်စေပါလိမ့်မယ်။ ဒါဆို Heart Attack မဖြစ်စေဖို့ ဘာလုပ်ကြမလဲ။ နှလုံးရောဂါဟာ အမေရိကမှာ နံပါတ် ၁ အဆိုးရွားဆုံးကျန်းမာရေးပြဿနာဖြစ်သလို ကမ္ဘာတစ်ဝှမ်းမှာလည်း လူ့အသက်ပေါင်းများစွာကို နှုတ်ယူနေတဲ့ ရောဂါဆိုးပါ။ နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးရမှုတွေရဲ့ အများစုဟာ Heart Attack ကြောင့်ပါ။ Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံ မိမိမှာ နှလုံးရောဂါအခံရှိနေတာ၊ ဒါမှမဟုတ် နှလုံးရောဂါဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေပြသလာနေပြီဆိုရင် အခြေအနေတွေ ရှေ့ဆက်တိုးပြီး မဆိုးရွားလာဖို့ တားဆီးဖို့ လိုအပ်လာပါပြီ။ Heart Attack ဖြစ်မလာအောင် အကောင်းဆုံးတားဆီးရမယ့်နည်းလမ်းကတော့ လူနေမှုပုံစံကို ပြောင်းလဲလိုက်ပြီး ကျန်းမာအောင်နေထိုင်ဖို့ပါပဲ။ Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံတွေကို အတူတူ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

ချောကလက်စားပြီး နှလုံးရောဂါကို ကာကွယ်ပါ

ချောကလက်စားပြီး နှလုံးရောဂါကို ကာကွယ်ပါ ... ချောကလက် စားရင် နှလုံး ကျန်းမာစေတယ်တဲ့။ ယုံဖို့ ခက်နေမလားပဲ။ တကယ်တော့ ဟုတ်ပါတယ်။ ချောကလက်ဟာ ပုံမှန် စားသုံးပေးရင် နှလုံးကို ကျန်းမာစေတဲ့ အစားအစာတစ်မျိုးပါ။ ချိုမြိန်ပြီး အရသာရှိရုံတင်မကပဲ ကျန်းမာရေးကိုပါ အထောက်အကူပြုနေတဲ့ စားမြိန်စာလေးပေါ့။ ချောကလက်စားပြီး နှလုံးရောဂါကို ကာကွယ်ပါ ချောကလက်စားပြီး နှလုံးရောဂါကို ကာကွယ်ပါ .... ကဖင်းဓာတ်ပါဝင်တဲ့ ချောကလက်က နှလုံးကို ထိခိုက်စေနိုင်တာမဟုတ်ဘူးလားလို့ တချို့က ပြန်မေးချင်မေးကြပါလိမ့်မယ်။ ချောကလက်မှာ ကဖင်းဓာတ်ပါဝင်တာမှန်ပေမယ့် ပမာဏအနည်းငယ်သာပါဝင်တာမို့ နှလုံးကို မထိခိုက်စေနိုင်ပါဘူး။ ခုဆိုရင် ချောကလက်စားတာက နှလုံးကို ဘယ်လိုအကျိုးပြုတယ်ဆိုတာကို သိပ္ပံနည်းကျ ဖော်ထုတ်ပြလာကြပြီဖြစ်ပါတယ်။ တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် ဘေလာဆေးပညာကောလိပ်က လေ့လာချက်အရဆိုရင် တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် ချောကလက် စားပေးတာဟာ နှလုံးသွေးကြောတွေကို ပိုပြီးကျန်းမာသန်စွမ်းစေတယ်လို့ ဆိုလာပါတယ်။ နှလုံးသွေးကြောတွေ ကျန်းမာလာတာမို့ နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း […]


ကိုလက်စထရောလ်

ကောင်းတဲ့အဆီ၊ မကောင်းတဲ့အဆီ ဆိုတာ

အဆီဆိုတိုင်း ကျန်းမာရေးအတွက် မကောင်းတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက် အကျိုးပြုတဲ့အဆီလည်းရှိတဲ့အတွက် ကောင်းတဲ့အဆီ၊ မကောင်းတဲ့အဆီ အကြောင်း နှိုင်းယှဉ်ပြီး ပြောပြပေးသွားပါ့မယ်။ ကိုယ်တွင်းဆဲလ်တွေအားလုံးမှာ ပါဝင်နေတဲ့ ကိုလက်စထရောဓာတ်တွေက အဆီဓာတ်တွေပါပဲ။ အဆီဓာတ်က ဆဲလ်တည်ဆောက်မှုလုပ်ငန်းမှာ အကူအညီပေးသလို တခြားအရေးကြီးတဲ့အလုပ်တွေလည်း လုပ်ဆောင်ပေးပါတယ်။ အဆီဓာတ်တွေက သွေးကြောထဲစီးဆင်းနေပြီး ပရိုတင်းဓာတ်တွေနဲ့ သွားပေါင်းတယ်။ ဒီကနေရလာတဲ့အဆီတွေက lipoprotein အဆီတွေဖြစ်လာပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ Lipoprotein အဆီ ၂ မျိုးရှိပါတယ်၊ အတိုကောက် LDL လို့ခေါ်တဲ့ မကောင်းတဲ့ အဆီရယ်၊ HDL လို့ခေါ်တဲ့ ခန္ဓာကိုယ်အတွက်ကောင်းတဲ့အဆီရယ်ဆိုပြီး ခွဲနိုင်ပါတယ်။ ဒီအဆီဓာတ် ၂ မျိုး အတက်အကျက နှလုံးနဲ့ သွေးကြောကျန်းမာရေးအကြောင်း အများကြီးပြောပြနိုင်တဲ့အတွက် သူတို့အကြောင်း နည်းနည်းလောက်ရှင်းပြပါရစေ။ https://hellosayarwon.com/heart-health/cholesterol/fat-and-cholesterol/ ကောင်းတဲ့အဆီ၊ မကောင်းတဲ့အဆီ ဆိုတာ LDL (Low-density lipoprotein cholesterol) လူတွေပြောပြောနေတဲ့ မကောင်းတဲ့အဆီဆိုတာ […]


နှလုံးရောဂါ

သင်လုံးဝ မထင်မှတ်ထားပေမယ့် နှလုံးကို ထိခိုက်စေနိုင်တဲ့ ပြဿနာ ၁၂ ရပ်

နှလုံးရောဂါ Cardiovascular Diseases (CVDs) ဟာ အဖြစ်များပြီး အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် Heart Attack ဖြစ်ပြီဆိုရင် အလွန် အန္တရာယ်များလှပါတယ်။ တစ်နှစ်မှာ လူ ၁၈ သန်းလောက် နှလုံးရောဂါနဲ့ သေဆုံးနေပြီး ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ အများဆုံး အသက်ဆုံးရှုံးကြရတာက နောက်ဆက်တွဲပြဿနာတွေဖြစ်ကြတဲ့ Heart Attack နဲ့ လေဖြတ်တာကြောင့်ပါ။ ဒါကြောင့် ဒီရောဂါမဖြစ်စေဖို့နဲ့ ဖြစ်လာရင်လည်း သတိထားနိုင်ဖို့က မဖြစ်မနေလိုအပ်တဲ့ အရာတွေပါပဲ။ တစ်ခါတစ်လေမှာတော့ ကိုယ်က သတိထားနေလျက်နဲ့ အန္တရာယ်ကို ကြိုမမြင်နိုင်တာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဖြစ်လာတဲ့ ပြဿနာက ကိုယ့်နှလုံးကို ဒုက္ခပေးနိုင်တဲ့ ကိစ္စဖြစ်နေမှန်း ကိုယ်တိုင် မသိထားတာကြောင့်ပါပဲ။ ဒီစာစုမှာတော့ ရုတ်တရက်ဆိုရင် နှလုံးရောဂါနဲ့ မသက်ဆိုင်ဘူးထင်ရပေမယ့် နှလုံးကို ဒုက္ခအများဆုံးပေးနိုင်တဲ့ ပြဿနာ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)