ဒီလို ဟော်မုန်းတွေ များလာတာက ရင်ဘတ်အောင့်တာ နဲ့ အသက်ရှူရ ပြတ်တောင်းပြတ်တောင်း ဖြစ်တာလိုမျိုး ရုတ်တရက်နှလုံးရပ်တာရဲ့ လက္ခဏာတွေကို ခံစားရစေပြီး ရုတ်တရက် နှလုံးရပ်စေနိုင်ပါတယ်။
ကိုယ်တွင်းမှာ အက်ဒရီနယ်လင်ဟော်မုန်းတွေ အဆမတန် များလာမယ်ဆိုရက် ရုတ်တရက်နှလုံးရပ်တာကို ခံစားရမှာပါ။ မကြာသေးခင်က သုတေသီတွေ တွေ့ရှိခဲ့တာက amygdala လို့ ခေါ်တဲ့ ဦးနှောက်ထဲက စိတ်ဖိစီးမှုဖြစ်တာနဲ့ ဆက်စပ်နေတဲ့ ဦးနှောက်အပိုင်းရဲ့ လုပ်ဆောင်မှုတွေ မြင့်နေတာက နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ် ဆိုတာပါ။ amygdala က ရိုးတွင်းခြင်ဆီတွေကို ခေတ္တယာယီအားဖြင့် သွေးဖြူဥဆဲလ်တွေကို ပမာဏ များများ ထုတ်လုပ်ပေးဖို့ သတင်းပို့လိုက်ပါတယ်။ သွေးဖြူဥဆဲလ်တွေက ရောဂါပိုးတွေ ကူးစက်မှုကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်က ထိခိုက်ပျက်စီးမှုတွေကို ပြုပြင်ပေးတဲ့ တာဝန်ကို ယူထားတာပါ။
စိတ်ဖိစီးမှုကို ကာလရှည်ကြာ ခံစားရတာကြောင့် သွေးဖြုဥဆဲလ်တွေကို အလွန်အကျွံ ထုတ်လုပ်တဲ့အခါ သွေးကြောတွေထဲမှာ အနယ်အနှစ်တွေ ဖြစ်လာပြီး နှလုံးသွေးကြောကျဉ်းတာနဲ့ နှလုံးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
စိတ်ဖိစီးမှု ဆိုတာ
စိတ်ဖိစီးမှု ဆိုတာက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကနေ အစပြုလာနိုင်သလို ပတ်ဝန်းကျင်က ပြောင်းလဲမှု တစ်ရပ်ရပ် ဒါမှမဟုတ် ပြောင်းလဲမှုတွေကို ချိန်ညှိဖို့ နဲ့တုံ့ပြန်ဖို့ လိုအပ်လာတဲ့ အခြေအနေကနေလည်း အစပြုလာနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။