နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ မနက်ခင်း အလေ့အထ ၅ ခု

    နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ မနက်ခင်း အလေ့အထ ၅ ခု

    နှလုံး ကျန်းမာနေတာက ကျန်းမာစွာ အသက်ရှင်နေတယ်ဆိုတဲ့ လက္ခဏာလေး တစ်ရပ်ပါ။ ရင်ဘတ်ရဲ့ ဘယ်ဘက်ခြမ်းထဲက နှလုံးလေး စည်းချက်မှန်မှန် လှုပ်ရှားနေမှ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးနဲ့ အောက်ဆီဂျင်တွေ ရောက်ရှိမှာ ဖြစ်သလို နေ့စဉ် လှုပ်ရှားမှုတွေကိုလည်း ကောင်းကောင်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ မနက်ခင်း အလေ့အထ ၅ ခုအကြောင်း ပြောပြပေးချင်ပါတယ်။

    နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ မနက်ခင်း အလေ့အထ ၅ ခု

    နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ မနက်ခင်း အလေ့အထ ၅ ခု

    ကျန်းမာတဲ့ ဘဝနေထိုင်မှု အလေ့အထတွေက အချိန်ကြာလာတာနဲ့အမျှ နှလုံးကို ကျန်းမာစေနိုင်သလို သွေးလည်ပတ်မှု လုပ်ငန်းစဉ်တွေကိုလည်း ကောင်းမွန်စေပါတယ်။ မနက်ခင်းမှာ ကျန်းမာတဲ့ အလေ့အထတွေနဲ့ စတင်တာက တစ်နေ့တာလုံးမှာ သက်လုံကောင်းကောင်းနဲ့ အကောင်းဆုံး လှုပ်ရှားနိုင်စေမှာပါ။

    ကဲ …. နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ မနက်ခင်း အလေ့အထ ၅ ခုကို အတူတူ ကြည့်လိုက်ရအောင်နော်။

    • ရေသောက်ပါ

    အိပ်ရာထပြီး သိပ်မကြာခင်မှာ ရေသောက်ပါ။ ခန္ဓာကိုယ်က အိပ်စက်နေတုန်းမှာ ရေဓာတ်ဆုံးရှုံး ထားတာတွေ ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ဖြည့်တင်းဖို့အတွက် အိပ်ရာနိုးနိုးချင်းမှာ ရေတစ်ခွက်ကို သောက်ချလိုက်ပါ။

    ဒီလိုမျိုး ရေသောက်လိုက်တာက ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝစေပြီး နှလုံး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေသလို ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းမွန်စေပါတယ်။

    • သွားတိုက်ပါ

    မနက်ခင်းမှာ သွားတိုက်တာက အကောင်းဆုံး နည်းလမ်းပါ။ မနက်စောစောထပြီး သွားတိုက်တာက ခံတွင်းကိုတင် ကျန်းမာစေတာ မဟုတ်ဘဲ နှလုံး ကိုပါ ကျန်းမာစေနိုင်ပါတယ်။ ခံတွင်းက ဘက်တီးရီးယားပိုးတွေ သွေးကြောတွေဆီကနေတဆင့် နှလုံးကို ရောက်ပြီး အန္တရာယ်မဖြစ်စေဖို့ဆိုရင် သွားပုံမှန်တိုင်ပေးဖို့ လိုပါတယ်။ မနက် အိပ်ရာထချိန်နဲ့ ညဘက် အိပ်ရာမဝင်ခင်မှာ သွားမှန်မှန် တိုက်ပေးတာက သွေးကြောတွေကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

  • တရားထိုင်ပါ
  • တရားထိုင်တာက တစ်နေ့တာရဲ့ ဘယ်အချိန်မှာမဆို ထိုင်လို့ ရပါတယ်။ တရားထိုင်တာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို နှလုံး ရဲ့ လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ မနက်ခင်းမှာ တရားထိုင်တာက နှလုံး ကျန်းမာစေပြီး သွေးစီးဆင်းမှု ကောင်းစေနိုင်ပါတယ်။ မနက်ခင်းမှာတော့ အာရုံစိုက်စရာတွေ သိပ်မရှိသေးတော့ ပိုပြီး စူးစိုက်လို့ ကောင်းမှာပါ။

    တစ်နေ့ကို အနည်းဆုံး ၅ မိနစ်လောက် ပုံမှန် တရားထိုင်ပေးပါ။ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်တာကြောင့် နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    မနက်ခင်းမှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ခံစားမှု ကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ကယ်လ်လိုရီတွေ လောင်ကျွမ်းစေတာကြောင့် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးသွေးကြောတွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ဒါကြောင့် လမ်းလျှောက်တာ၊ ကာဒီယို လေ့ကျင့်ခန်းလုပ်တာ၊ Zumba ကတာတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။ မနက်ခင်း gym ဆော့ပေးတာကလည်း နှလုံး ကျန်းမာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။

    • မနက်စာကို အာဟာရ ပြည့်ဝအောင် စားပေးပါ

    တစ်နေ့တာမှာ မနက်စာက အတော်လေး အရေးပါပါတယ်။ မနက်စာကို အာဟာရပြည့်ဝအောင် စားသုံးပေးတာက နှလုံး ကျန်းမာစေပြီး ခန္ဓာကိုယ်ကို ရောဂါကင်းစေဖို့ ထောက်ကူပေးပါတယ်။

    မနက်စာကို သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင် စားသုံးပေးတာကလည်း နှလုံး ကျန်းမာစေမယ့် နည်းလမ်းကောင်းပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement