သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ

သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ

သွေးတိုး တာက နာတာရှည် ကျန်းမာရေး ပြဿနာဖြစ်သလို အရမ်းပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ အခုလို အပူချိန် မြင့်တက်နေချိန်မှာ သွေးတိုးသမားတွေ ဘယ်လို လက္ခဏာတွေက အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ လက္ခဏာတွေလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

ဘယ်လောက်ဆိုရင် သွေးတိုးနေပြီလို့ ဆိုနိုင်လဲ

ဘယ်လောက်ဆိုရင် သွေးတိုးနေပြီလို့ ဆိုနိုင်လဲ

ပုံမှန်ကတော့ သွေးပေါင်ချိန်က အပေါ်သွေး 120 mmHg အောက်သွေး 80 mmHg ဆိုရင် ပုံမှန် အခြေအနေလို့ ဆိုနိုင်ပါတယ်။ တကယ်လို့ အပေါ်သွေးက 120 mmHg ထက်ပိုများနေမယ်။ 120 mmHg – 139 mmHg ‌အောက်သွေးက 80 mmHg – 89 mmHg ဆိုရင် သွေးတိုး အစပျိုးနေတာ ဖြစ်ပြီး အပေါ်သွေးက 140 mmHg နဲ့ အောက်သွေးက 90 mmHg ဆိုရင်တော့ သွေးတိုး နေတာပါ။

သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ

သွေးတိုး ရှိတာကို သေချာ ဂရုမစိုက်ဘူးဆိုရင် နောက်ဆက်တွဲ အနေနဲ့

သွေးတိုးသမားတွေ သတိထားသင့်တဲ့ လက္ခဏာတွေက ဘာတွေများလဲ

သွေးတိုးသမားတွေ အခုလို လက္ခဏာတွေ ခံစားရရင် နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားရောက်သင့်ပါတယ်။

သွေးတိုးကြောင့် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ လက္ခဏာတွေကတော့

ကိုယ်တွင်းပိုင်းမှာ သွေးတိုး တာကြောင့် ထိခိုက်မှုတွေအနေနဲ့ကတော့

သွေးတိုးတာက ကိုယ်တွင်းအင်္ဂါတွေ ထိခိုက် ပျက်စီးနိုင်ပါတယ်။ သွေးတိုးတဲ့အခါ ပြင်းထန်တဲ့ လက္ခဏာတွေ အနေနဲ့

  • စိတ်တွေ ထွေပြားလာမယ်
  • ဦးနှောက်ထဲ သွေးယိုမယ် ( ဦးနှောက် သွေးကြောပေါက်တာ)
  • နှလုံးရပ်မယ်
  • ရင်ဘတ်အောင့်မယ်
  • အဆုတ်ထဲမှာ ရေဝင်မယ်
  • ရုတ်တရက် နှလုံးရပ်မယ်
  • ကိုယ်ဝန်သည်တွေမှာ ကိုယ်ဝန်ဆိပ်တက်မယ် စတာတွေကို ခံစားရနိုင်ပါတယ်။

နွေပူပူမှာ သွေးတိုးသမား အပါအဝင် ရောဂါရှိသူတွေက ပြင်းထန်တဲ့ ကျန်းမာ​ရေး ပြဿနာတွေကို ခံစားရနိုင်တာကြောင့် သေချာလေး ဂရုစိုက်ရင်း အခုပြောခဲ့တဲ့ လက္ခဏာတွေ ခံစားရပြီ ဆိုရင်လည်း ဆေးကုသမှု အမြန်ဆုံး ခံယူစေချင်ပါတယ်။

health-tool-icon

ရှိသင့်သည့် နှလုံးခုန်နှုန်း တွက်ချက်ကိရိယာ

သင့်အသက်အလိုက် နားနေချိန်နှင့် လှုပ်ရှားချိန်မှာ ရှိရမယ့် နှလုံးခုန်နှုန်းက ဘယ်လောက်လဲဆိုတာ တွက်ချက်လိုက်ပါ။ နှလုံးခုန်နှုန်းကို လေ့ကျင့်ခန်းနှင့် အခြားအချက်များက ဘယ်လိုသက်ရောက်စေသလဲဆိုတာာကို လေ့လာလိုက်ပါ။

အမျိုးသား

အမျိုးသမီး

မည်သူ့အတွက် စစ်ဆေးမည်နည်း။

နားနေချိန်မှာ ရှိသည့် နှလုံးခုန်နှုန်း (တစ်မိနစ်လျှင် အကြိမ်ရေ)

60

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 28/04/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။