စိတ်ကျန်းမာရေး ကောင်းနေမှလည်း နေ့စဉ်ဘဝမှာ ကြုံတွေ့ရမယ့် စိတ်ဖိစီးမှုတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ တစ်နေ့တာမှာ ကြုံတွေ့ရမယ့် အပြောင်းအလဲတွေကို အလွယ်တကူကျော်လွှားနိုင်ဖို့အတွက်လည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေဖို့ အရေးကြီးပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှ အရက်၊ မူးယစ်ဆေး စွဲတာတွေ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာနဲ့ နေ့စဉ်ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်မှာပါ။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုနဲ့ တိုက်ရိုက် အချိုးကျနေပါတယ်။ စိတ်ကျန်းမာနေမှလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝမှာပါ။ ဒါမှလည်း ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ စိတ်ကျန်းမာပြီး ယုံကြည်မှု ရှိမှ ဘဝရည်မှန်းချက်တွေ ပြည့်မီအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေမှ မိသားစုဝင်တွေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် ပျော်ရွှင်နေမှလည်း အခြားသူတွေကို ဖေးမကူညီပေးနိုင်မှာပါ။
စိတ်ဓာတ်ကျနေမယ် ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာ တစ်ခုခု ခံစားနေရမယ်ဆိုရင် အလုပ်တွေကို ကောင်းကောင်း လုပ်ဆောင်နိုင်မှာ မဟုတ်သလို တီထွင်ဖန်တီးနိုင်စွမ်းတွေလည်း ကျဆင်းသွားမှာပါ။
ဒါကြောင့် တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ပြီး လုပ်ငန်းခွင်ထဲမှာ တီထွင်ဖန်တီးနိုင်မှု ကောင်းစေဖို့ဆိုရင် စိတ်ကလေး ကျန်းမာအောင် ဂရုစိုက်လိုက်ပါ။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်နေမှလည်း စိတ်ရောကိုယ်ပါ ကျန်းမာပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာစေဖို့ ဝါသနာပါရာ လုပ်ငန်းတွေ လုပ်ဆောင်တာ၊ ပန်းပင်လေးတွေ စိုက်တာ၊ ပရဟိတ လုပ်ငန်းလေးတွေ လုပ်တာလိုမျိုးလုပ်ပေးလို့ ရပါတယ်။
စိတ်ကျန်းမာစေဖို့ လုပ်ဆောင်ပေးသင့်တာလေးတွေ ရှိပါတယ်။ ဒါတွေကတော့
- လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ
- အိပ်ချိန် ပြည့်ဝအောင် ဂရုစိုက်ပါ
- နားချိန် သတ်သတ်မှတ်မှတ် ထားပါ
- ပညာရပ် အသစ်တွေ သင်ယူပါ
- တစ်ယောက်ယောက်ကို ချစ်ကြည့်ပါ
- အကောင်းမြင်စိတ် ထားပါ။
စိတ်ကျန်းမာရေး ကောင်းမွန်ဖို့က အရေးပါပါတယ် လို့ ပြောရတဲ့ အကြောင်းအရင်းကို သိလောက်ပြီ ထင်ပါတယ်။
Helloဆရာဝန် ပရိသတ်ကြီးအတွက် အမှာစကား
စိတ်ကျန်းမာရေးက ဘဝရှင်သန်ရေးအတွက် အတော်လေး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ စိတ်ကျန်းမာရေး မကောင်းဘူးဆိုရင် နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ စိတ်ခံစားမှုတွေကို ကောင်းကောင်းကျော်လွှားဖို့ ခက်ခဲမှာပါ။ ဒါကြောင့် စိတ်ကျန်းမာရေး ကောင်းမွန်စေဖို့ ထောက်ကူပေးနိုင်မယ့် အလေ့အထလေးတွေကို မွေးမြူရင်း စိတ်ကျန်းမာရေးကို ဂရုစိုက်လိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။