Peer pressureတွေက လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို သံသယဖြစ်စေပြီး ယုံကြည်မှု နည်းလာတာ ကိုယ့်ကိုယ်ကိုယ် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ယူဆလာတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
Peer pressureတွေက အာရုံစူးစိုက်နိုင်စွမ်းအပေါ်မှာ သက်ရောက်မှု ရှိသလို လူတစ်ယောက်ရဲ့ အတွေးအမြင်တွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိနေပါတယ်။ ဒါဆင်လားဆိုတော့ မဟုတ်ပါဘူး။ လုပ်ဆောင်နိုင်စွမ်း စိတ်ကူးဖန်တီးနိုင်စွမ်းတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။
Peer pressureတွေကဆေးလိပ်သောက်တာ၊ အရက်သောက်တာ အပါအဝင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကျင့်ဆိုးတွေ လုပ်ဆောင်ဖြစ်စေဖို့လည်း တွန်းအားပေးပါတယ်။ စိတ်ကျန်းမာရေးကို ထိခိုက်စေပြီး ကိုယ်တိုင်ကိုရော သူတစ်ပါးတွေကိုပါ ထိခိုက်အောင် လုပ်မိစေဖို့အတွက် တွန်းအားပေးပါတယ်။
Peer pressureတွေကစိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာတွေကို ဖြစ်စေပြီး မိသားစုဝင်တွေ၊ ချစ်ရတဲ့သူတွေနဲ့ ဝေးကွာစေဖို့လည်း တွန်းအားပေးပါတယ်။ ကာလကြာရှည် စိတ်ဓာတ်ကျစေတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။
စိတ်ရှုပ်ထွေးစရာတွေ များစေပြီး ချစ်ရသူတွေနဲ့ ခပ်ကင်းကင်းနေဖြစ်အောင် တွန်းအားပေးနေပါတယ်။
စိတ်အားငယ်စေနိုင်တယ်
လူတိုင်းက သူငယ်ချင်း မိတ်တွေတွေက သူတို့ကို လိုလားနှစ်သက်တာ၊ ချစ်ခင်တာကို လိုချင်ကြပါတယ်။ ဒါပေမယ့် Peer pressureတွေကြောင့် ကိုယ်မနှစ်သက်တာတွေကိုတောင် သူများတွေနဲ့ အဆင်ပြေအောင်ဆိုပြီး နှစ်သက်သလို လုပ်ဆောင်လာတတ်ပါတယ်။ ဒီလိုအခြေအနေတွေက များလာလေလေ အားလုံးနဲ့ အဝေးကိုရောက်လာလေလေဖြစ်ပြီး ရေရှည်မှာ စိတ်အားငယ်တာမျိုး ဖြစ်လာနိုင်ပါတယ်။
Peer pressureတွေကို ဘယ်လို ဖြေရှင်းမလဲ
Peer pressureတွေကြောင့် ထိခိုက်မှုတွေ မဖြစ်လာစေဖို့ဆိုရင်
- ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ကြိုတင်စဉ်းစားထားပါ
- မိတ်ဆွေကောင်းရှိပါစေ
- အရေးကြီးတဲ့ ကိစ္စတွေကို မိသားစုတွေနဲ့ပဲ ဆွေးနွေးတိုင်ပင်ပါ။ အခက်အခဲတွေကိုရောပေါ့။
- သိစိတ်ရဲ့ အသံကို နားစွင့်ထားပါ။
- စိတ်ချရသူကို ရင်ဖွင့်တိုင်ပင်ပါ။
ကဲ …… မလိုချင်ဘဲ ရောက်လာတဲ့ Peer pressureတွေကြောင့် စိတ်ထိခိုက်မနေဘဲ အခုလိုလေး ဖြေရှင်းလိုက်နော်။ ခံစားမနေပါနဲ့ ….. ရဲရဲကြီး ရင်ဆိုင်ဖြေရှင်းလိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။