ဘေးရောက်သွားတယ်လို့ ခံစားရတာ
အမျိုးသားတွေက သူတို့ အိမ်ထောင်ဖက်ရဲ့ အာရုံစိုက်ချစ်ခင်မှုကို အပြည့်အဝ ရရှိချင်သူတွေပါ။ ဘေဘီလေး ရောက်မလာခင်ကတော့ ခွဲဝေပေးစရာ မလိုဘဲ အိမ်ထောင်ဖက်ရဲ့ ချစ်ခင်ဂရုစိုက်မှုကို အပြည့်အဝ ရရှိတယ်ဆိုပေမယ့် ဘေဘီလေး ရောက်လာချိန်မှာတော့ မေမေဖြစ်လာတဲ့ အိမ်ထောင်ဖက်က ဖေဖေအပေါ်မှာ အာရုံစိုက်မှု လျော့သွားပြီး ဘေဘီလေးကို အာရုံစိုက်တဲ့အခါ အရင်ကရခဲ့တဲ့ တဝက်လောက်ပဲ ဂရုစိုက်ခံရတာ။ ဘေးရောက်သွားတယ်လို့ ခံစားရတာတွေကြောင့် စိတ်ဓာတ်ကျလာတာပါ။
အပိုဆောင်း ဖိအားတွေ များလာတာ
ဖေဖေဖြစ်လာချိန်မှာ ငွေကြေးကိစ္စကစလို့ စိတ်ဖိစီးမှုတွေ ပိုများလာသလို အရင်ကထက်ပိုပြီး ဖိအားတွေ များလာတာကလည်း ဖေဖေတွေကို စိတ်ဓာတ်ကျစေနိုင်ပါတယ်။
အသစ်စက်စက် ဖေဖေတစ်ယောက်အနေနဲ့ လုပ်ငန်းတာဝန်တွေကိုရော မိသားစုတာဝန်တွေကိုပါ မလစ်ဟင်းအောင် လုပ်ဆောင်ရတာက မလွယ်ပါဘူး။ ဒီလို လုပ်ဆောင်တဲ့အခါ အကုန်လုံးကို ပြည့်စုံအောင် လုပ်ဆောင်ဖို့ မလွယ်ပါဘူး။ ဒီလို ပြည့်စုံအောင် မလုပ်ဆောင်မိတာကြောင့် တာဝန်မကျေဘူးလို့ ခံစားလာရတာကလည်း ဖေဖေတွေကို စိတ်ဓာတ်ကျစေတဲ့ အကြောင်းအရင်းပါ။
ရနေကျ အခွင့်အရေးတွေ မရတာ
ဘေဘီလေး ရလာတဲ့အခါ အရင်ကလောက် အိပ်ရေးဝဝ မအိပ်ရတာ၊ အိမ်ထောက်ဖက်နဲ့ အတူနေချိန် နည်းလာတာ၊ နှစ်ယောက်ကြားက ဆက်ဆံရေး အရင်ကလောက် မရှိတာတွေက ဖေဖေတွေကို စိတ်ဓာတ်ကျစေနိုင်ပါတယ်။
ဘေဘီလေးကြောင့် ဖေဖေ စိတ်ဓာတ်ကျနေတာလား
ဘေဘီလေးကြောင့် ဖေဖေတွေမှာ ခံစားရတဲ့ စိတ်ဓာတ်ကျတာက မေမေတွေမှာနဲ့ မတူပါဘူး။ များသောအားဖြင့်ကတော့
- ဒေါသဖြစ်တာ
- စိတ်အလိုမကျတာ
- ရန်လိုတာ
- အလုပ်ထဲမှာ စိတ်မဝင်စားတာ
- အကြိုက်ဆုံး အလုပ်တွေကိုတောင် လုပ်ဖို့ စိတ်မပါတာ
- တစ်ချိန်လုံး အလုပ်တွေပဲ လုပ်နေတာ
- မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ခပ်ကင်းကင်းနေတာ
- စိတ်ဓာတ်ကျနေတာ
- ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျ ဖြစ်တာ
- ဝမ်းနည်းတာ
- မျှော်လင့်ချက်မဲ့နေတာ ခံစားရနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။