အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ
ဆိတ်ငြိမ်မှု က သင့်ကို စိတ်ကသိကအောင့် ဖြစ်စေသလား။ တိတ်ဆိတ်နေတာက အထီးကျန်သလိုလို၊ စိတ်ထဲခြောက်ခြားသလိုဖြစ်နေပါသလား။ ဒါကို ကိုယ်တစ်ယောက်တည်း ခံစားနေရတာလား။ ဒါမှမဟုတ် အခြားသူတွေရော ခံစားရတာသလားဆိုပြီးတွေးနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လို့ လိုပါမယ်။ တိတ်ဆိတ်မှုက လူကိုခြောက်ချားစေသလား။ လူတော်တော်များများက တိတ်ဆိတ်တာကို မကြောက်ကြဘူးလို့ ယူဆကြပါတယ်။ တကယ်ကတော့ လူတိုင်း တိတ်ဆိတ်မှုကို မကြောက်တာ မဟုတ်ပါဘူး။ တိတ်ဆိတ်မှုက သူတို့အတွက် ချောက်ချားမှုဖြစ်စေတာကြောင့် ဆိတ်ငြိမ်မှုကို ကြောက်ရွံ့တဲ့သူတွေ ရှိပါတယ်။ ဒီလို တိတ်ဆိတ်မှုကို ကြောက်တာက စိတ်ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က ဒီစိတ်ကျန်းမာရေးပြဿနာကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ အမည် မဖော်နိုင်ခဲ့ကြပါဘူး။ ဒီနေ့ခေတ်မှာတော့ တိတ်ဆိတ်မှုကို ကြောက်တဲ့ စိတ်ရောဂါကို Sedatephobic လို့ခေါ်ဆို သတ်မှတ်နိုင်ခဲ့ကြပါပြီ။ လူတွေက သူတို့ရဲ့နေ့စဉ်ဘဝတွေကို ကားသံ၊ လူသံ၊ ကျေးငှက်တွေ၊ […]