backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

လောင်းကစားလုပ်တာ စိတ်ကျန်းမာရေး ထိခိုက်စေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လောင်းကစားလုပ်တာ စိတ်ကျန်းမာရေး ထိခိုက်စေသလား

လူတစ်ကိုယ် အကျင့်တစ်မျိုး ဆိုတဲ့အတိုင်း အရက်၊ ဘီယာစတာတွေကို ကြိုက်လို့သောက်တဲ့သူတွေ ရှိသလို ဆေးလိပ်ကို မသောက်ရမနိုင် စွဲလမ်းလွန်းလို့ သောက်တဲ့သူတွေလည်း ရှိပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကွမ်း မဝါးရမနေနိုင်လို့ ဝါးတဲ့သူတွေလည်း ရှိပါတယ်။ အချို့စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးတွေကို အလွဲသုံးတဲ့သူတွေတောင်ရှိပါတယ်။ ဒါတွေက စွဲလမ်းစေတတ်တာကိုးလို့ ပြောစရာရှိပေမယ့် စားတာသောက်တာတွေ မဟုတ်ဘဲ အခြားအရာတစ်ခုကိုလည်း အချို့လူတွေက စွဲစွဲလမ်းလမ်း လုပ်တတ်ကြပါသေးတယ်။ ဒါကတော့ လောင်းကစား လုပ်တာပါ။

လောင်းကစားက စားတာသောက်တာ ဖွာရှိုက်တာ တစ်ခုမှ မပါဘဲ စွဲလမ်းစေတယ်နော်။ ဒီတစ်ခေါက်တော့ လောင်းကစား လုပ်တာက စွဲလမ်းစေတတ်လားဆိုတာနဲ့ လောင်းကစားလုပ်တာကြောင့် စိတ်ကျန်းမာရေးကို ဘယ်လို ထိခိုက်မှုတွေ ရှိလာစေနိုင်သလဲဆိုတာကို ပြောပြပေးသွားပါမယ်။

လောင်းကစားက စွဲလမ်းစေတတ်တဲ့ အရာလား

လောင်းကစား လုပ်တာက ထိခိုက်မှုကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ အရာလို့ ထင်စရာ ရှိပေမယ့် အမြဲလိုလို လောင်းကစားလုပ်နေတာက ရေရှည်မှာ ပြဿနာ ရှိနိုင်ပါတယ်။ အကြောင်းကတော့ လောင်းကစားက စွဲလမ်းစေတတ်လို့ပါ။

လောင်းကစား လုပ်တာက ငွေရလွယ်တာကြောင့်ရော အနိုင်ရတဲ့အခါ ပျော်ရွှင်စိတ်လှုပ်ရှားရတာတွေကြောင့်ရော လူတော်တော်များများက လောင်းကစား လုပ်ရတာကို နှစ်ခြိုက်သဘောကျစွာ လုပ်ရင်းနဲ့ လောင်းကစားကို စွဲလမ်းသွားကြတာပါ။ ငွေရေးကြေးရေး အခက်အခဲတွေကို ပြေလည်စေရာကနေ အစပြုပြီး စွဲလမ်းကြတာကတော့ များပါတယ်။

လောင်းကစား လုပ်တာကို စွဲလမ်းနေပြီလား …….

လောင်းကစားလုပ်တာကို စွဲလမ်းနေတာကလည်း စွဲလမ်းမှု တစ်မျိုးဖြစ်ပြီး အခြား စွဲလမ်းမှုတွေလိုပဲ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ များသောအားဖြင့်ကတော့ လောင်းကစားလုပ်ရတာကို စွဲလမ်းနေတဲ့သူတွေက

  • လောင်းကစားလုပ်တာကို အခြားသူတွေကို အသိမပေးဘဲ လုပ်တတ်လာမယ်
  • လောင်းကစားလုပ်တဲ့ အလေ့အကျင့်က မကောင်းမှန်းသိပေမယ့် ကိုယ်တိုင် ထိန်းချုပ်ဖို့ ခက်နေမယ်
  • လောင်းကစားလုပ်ဖို့ဆိုရင် ၂ ခါမစဉ်းစားရဘူး
  • မိသားစုဝင်တွေ နဲ့ မိတ်ဆွေတွေက လောင်းကစားလုပ်တာနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့ လက္ခဏာတွေ ပြလာမယ်ဆိုရင်တော့ ကိုယ်တိုင်က လောင်းကစားလုပ်တာကို ရပ်တန့်ဖို့ ခက်လောက်တဲ့အထိ စွဲလမ်းနေပြီပဲ ဖြစ်ပါတယ်။

ဒီလက္ခဏာတွေက တစ်ယောက်နဲ့ တစ်ယောက်တော့ တူနေမယ်လို့ မဆိုလိုပါဘူး။

ဘာတွေကြောင့် လောင်းကစားလုပ်တာကို စွဲလမ်းရတာလဲ …..

ဘာတွေကြောင့် လောင်းကစားလုပ်တာကို စွဲလမ်းရတာလဲ .....

လောင်းကစား လုပ်တာကို မထိန်းချုပ်နိုင်ဘူးဆိုရင် ငွေရေးကြေးရေး ကိစ္စတွေမှာရော လူမှုရေး နဲ့ အလုပ်ကိစ္စတွေမှာပါ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ တစ်ခါတလေမှာ ကိုယ်တိုင်တောင်  မသိလိုက်ဘဲ လောင်းကစားလုပ်တာကို စွဲလမ်းနေတာမျိုး ရှိနိုင်ပါတယ်။

လောင်းကစား လုပ်တာကို စွဲလမ်းနေတဲ့ လူအများစုက မှီခိုနေရသူတွေနဲ့ ကိုယ်ပိုင်ဝင်ငွေ တိတိပပ၊ အလုပ်အကိုင် တိတိပပ မလုပ်ကိုင်သူတွေများတာကို တွေ့ရပါတယ်။ တိကျတဲ့ တာဝန်တွေ မရှိတာက အလေ့အကျင့်တွေကို ပြောင်းလဲစေပြီး လောင်းကစား လုပ်မိစေဖို့ တွန်းအားပေးလိုက်သလို ဖြစ်နေတာပါ။

  • အလုပ်ကနေ အနားယူထားတဲ့သူတွေ
  • စိတ်ထိခိုက်စရာ ကြီးကြီးမားမား ခံစားရဖူးသူတွေ
  • အလုပ်ခွင် ဖိအား များနေသူတွေ
  • စိတ်ဓာတ်ကျတာ စိုးရိမ်စိတ် များတာလိုမျိုး စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာ ရှိနေသူတွေ
  • အထီးကျန်နေသူတွေ
  • အခြားသော စွဲလမ်းမှု တစ်ခုခု ရှိနေသူတွေ [အရက်စွဲတာ၊ ဆေးစွဲတာမျိုးပါ]
  • လောင်းကစား လုပ်တတ်တဲ့ မိတ်ဆွေတွေရှိနေတာ
  • လောင်းကစားလုပ်ရလွယ်တဲ့ အနေအထားရှိနေတာတွေကလည်း လောင်းကစား စွဲလမ်းမှုကို ဖြစ်စေနိုင်ပါတယ်။

လောင်းကစားလုပ်တာ စိတ်ကျန်းမာရေး ထိခိုက်စေသလား

လောင်းကစားလုပ်တာ စိတ်ကျန်းမာရေး ထိခိုက်စေသလား ….. ဆိုတော့ ထိခိုက်စေပါတယ်။ ဘယ်လိုတွေ ထိခိုက်စေနိုင်သလဲဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

Royal College က စိတ်ပညာရှင်တွေရဲ့ အဆိုအရကတော့ လောင်းကစားလုပ်တတ်သူတွေက စိတ်ကျန်းမာရေး ထိခိုက်မှုကို ခံစားရနိုင်ပါတယ်တဲ့။ လောင်းကစား လုပ်တဲ့သူတွေဟာ အခြားသူတွေထက်

လောင်းကစား စွဲလမ်းစေတတ်သလား

လူတစ်ယောက်ဟာ လောင်းကစားလုပ်တာကို အချိန်အတော်ကြာကြာ စွဲလုပ်မိနေပြီး ရပ်တန့်ဖို့ ခက်လာမယ်ဆိုရင် နေ့စဉ်ဘဝမှာ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ လောင်းကစားက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement