ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

မတ်ပဲ ကျန်းမာရေးကောင်းကျိုး များသလား!

မတ်ပဲကို ချက်စားစား၊ ပြုတ်ပြီး သုပ်စားစား၊ ကြိတ်ပြီး မတ်ပဲကြော် မွမွလေးပဲ ကြော်စားစား စားလို့ကောင်းတဲ့ မတ်ပဲလေးကို သဘောကျ နှစ်ခြိုက်စွာ စားလေ့ရှိလား! ဒီလိုဆို မေးစရာ ရှိတာက မတ်ပဲက စားကောင်းရုံပဲလား မတ်ပဲ ကျန်းမာရေးကောင်းကျိုး များသလား! ဆိုတာပါ။  မတ်ပဲ ဆိုတာ မတ်ပဲဆိုတာက ပဲအမျိုးအစား တစ်ခုပါ။ အစိမ်းရောင်ဖျော့ဖျော့ ပဲလုံး သေးသေးလေးတွေပါ။ မြန်မာနိုင်ငံ နဲ့ အိန္ဒိယ အပါအဝင် အာရှနိုင်ငံ တော်တော်များများမှာ စားသုံးလေ့ရှိတဲ့ ပဲတစ်မျိုးပါ။ စားရတာ အရသာရှိသလို ကျန်းမာရေးကောင်းကျိုးလေးတွေ ရှိတာကြောင့် ရှေးယခင် ကာလတွေကတည်းက ဆေးဖက်ဝင် စားစရာ တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။  https://hellosayarwon.com/herbals-alternatives/herbal-medicines/fenugreek-leaves-benefits/ မတ်ပဲရဲ့ အာဟာရ တန်ဖိုး မတ်ပဲမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။  ပရိုတင်း အဆီဓာတ် ကစီဓာတ် အမျှင်ဓာတ် […]

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ချွဲပျော်စေဖို့ စားပေးသင့်တာလေးများ

ချောင်းဆိုးတာ၊ ရင်ကျပ်တာက အရွယ်မရွေးဖြစ်နိုင်သလို ရာသီမရွေးလည်း ဖြစ်နိုင်ပါတယ်။ ချွဲကျပ်တဲ့အခါ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းထဲက ချွဲတွေကို ထုတ်ပစ်ဖို့အတွက် ခန္ဓာကိုယ်က ချောင်းဆိုးတဲ့ ဖြစ်စဉ်နဲ့ တုံ့ပြန်ပါတယ်။ ဒီအခြေအနေမှာ ချွဲကလည်း ကျပ်၊ ချောင်းကလည်း ဆိုး နဲ့ အတော်လေး နေရခက်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးလို့ပဲဖြစ်ဖြစ်၊ အအေးမိတုပ်ကွေးမိလို့ ဖြစ်လို့ဖြစ်ဖြစ် ရင်ကျပ်တဲ့အခါ ချွဲပျော်စေဖို့ စားပေးသင့်တာလေးများ အကြောင်း ပြောပြပေးချင်ပါတယ်။ ဘာလို့ ချွဲတွေ ဖြစ်ရတာလဲ။ ချွဲဆိုတာက အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း အောက်ပိုင်းကနေ ထွက်ရှိလာတဲ့ အချွဲတွေပါ။ ခန္ဓာကိုယ်က ကာကွယ်ရေးစနစ်တစ်ခုအနေနဲ့ ထုတ်လုပ်လိုက်တဲ့ အရည်တွေပါ။ မျက်ရည်တွေ၊ တံထွေးတွေလိုပေါ့။ ဗိုင်းရပ်စ်တွေ ဘက်တီးရီးယားတွေကို တားဆီးဖို့ ခန္ဓာကိုယ်က ခံစစ်ပြင်လိုက်တာပါ။ ချွဲကျပ်တာ ၊ ချွဲထတာက ကိုယ်ခံအားက ပြင်ပက ဝင်ရောက်လာတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပီလောပီနံရွက် စားလို့ရလား

ပီလောပီနံဥကို စားလို့ရတယ်ဆိုတာ လူတိုင်း သိပေမယ့် ပီလောပီနံရွက်ကို စားလို့ရတယ်။ ကျန်းမာရေး ကောင်းကျိုးရှိတယ်ဆိုတာကိုတော့ သိသူရှားမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ပီလောပီနံရွက် စားလို့ရလား! စားရင် ဘယ်လို ကျန်းမာရေးကောင်းကျိုးတွေ ရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ပီလောပီနံရွက် ဆိုတာ ပီလောပီနံ ဆိုတာ ကန်စွန်းဥ၊ အာလူးတို့လိုပါပဲ။  အညိုရောင် ရင့်ရင့် အခွံရှိပြီး အဖြူရောင် အတွင်းသားက ခပ်စေးစေးနဲ့ စားလိုက်ရင် ဆိမ့်ပါတယ်။ တောင်အမေရိက နဲ့ အရှေ့မြောက်ဘရာဇီး မျိုးရင်းပင်တစ်မျိုးပါ။ အာရှဒေသ အများစုမှာလည်း ပေါက်ရောက်ပါတယ်။ ပီလောပီနံရွက် ဆိုတာကတော့ ပီလောပီနံပင်ရဲ့ အရွက်ပါ။ လက်ဝါးပုံစံ အရွက်ကားကားမှာ ရှည်မြောမြော အရွက် ၇ ရွက်ပါပြီး အပေါ်မျက်နှာပြင်က ပြောင်ချောချောပါ။ အောက်ဘက်မှာတော့ ရိုးတံလေးတွ ဖြာနေပါတယ်။ အပင်က အရမ်းမ​မြင့်ပါဘူး။ ရိုးတံတွေ ဖြာထွက်ပြီး နုစဉ်မှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခဏခဏ မေ့တတ်နေပြီလား ! ဒါတွေစားပါ

တစ်နေ့တာမှာ လုပ်စရာရှိတာတွေ လုပ်နေရင်း ဟော ...ဘာလေးတော့ မေ့သွားပြန်တယ်။ ဒီနေ့ ဒါလုပ်ရမှာကို သတိထားရက် မေ့ပြန်ပြီ စိတ်ညစ်လိုက်တာဆိုပြီး နေ့တိုင်းလိုလို ညည်းတွားမိနေပြီလား။ မေ့တတ်တာက လူတိုင်းမှာ ဖြစ်တတ်တယ်ဆိုပေမယ့် ခဏခဏ မေ့တတ် တာကတော့ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒီတစ်ခေါက်တော့ ခဏခဏ မေ့တတ် ရင် ဘာတွေ စားသုံးပေးသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ လူတိုင်းနီးပါး ခဏခဏ မေ့တတ်ပါတယ် သတိ မေ့တတ် တာက လူတိုင်းလိုလို ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်တာကြောင့် သတိမေ့နိုင်သလို ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ ဘ​ဝနေထိုင်မှု ပုံစံ၊ ပတ်ဝန်းကျင်အခြေအနေတွေကြောင့်လည်း မေ့တတ် ပါတယ်။ ဒီလို မေ့တတ် တာကို အနေအထိုင်၊ စားအသောက်နဲ့ သက်သာအောင် လုပ်ပေးလို့ ရပါတယ်။ ခဏခဏ မေ့တတ်နေပြီလား! ဒါတွေစားပါ အကြောင်းကတော့ စားသောက်မှု […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကလိုရိုဖီး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ

ကလိုရိုဖီး ဒီစကားလုံးလေးက လူတိုင်းနဲ့ စိမ်းကောင်းစိမ်းနေနိုင်ပါတယ်။ ကလိုရိုဖီးဆိုတာက ငယ်ငယ်က စာထဲမှာ သင်ခဲ့ဖူးတဲ့ အစိမ်းရောင်ခြယ် ပစ္စည်းတစ်မျိုးပါ။ နေ့စဉ်စားသုံးနေတဲ့ အသီးအရွက်လေးတွေနဲ့ ပတ်ဝန်းကျင်က သစ်ပင်တွေ စိမ်းစိုနေအောင် ဖန်တီးပေးထားတဲ့ အရာလေးပါ။ အပင်တွေ အစာချက်လုပ်နိုင်စေဖို့ ထောက်ကူပေးတဲ့ ကရိုဖီးက အပင်တွေကို နေရောင်တွေကို စုပ်ယူပြီး အာဟာရချက်လုပ်နိုင်စေဖို့တင် ထောက်ကူပေးတာမဟုတ်ဘဲ လူတွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါသေးတယ်။ ဒီတစ်ခေါက်တော့ ကလိုရိုဖီး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ ..... ဆိုတာကို လေ့လာကြည့်ရအောင်နော်။ ကလိုရိုဖီး ဆိုတာ ကလိုရိုဖီး ဆိုတာ အပေါ်မှာ ပြောခဲ့သလို အစိမ်းရောင်ခြယ်ပစ္စည်းပါ။  အသီးအရွက်လေးတွေ၊ အသီးအနှံလေးတွေ စိမ်းစိုနေစေဖို့ ထောက်ကူပေးပါတယ်။ အပက်တွေကို နေရာင်ခြည်စွမ်းအင်ကို စုပ်ယူပြီး အစာချက်လုပ်နိုင်စေဖို့ ထောက်ကူပေးပါတဲ့ အရာလေးပါ။ ဘယ်မှာတွေ့ရနိုင်လဲဆိုတော့ အစိမ်းရောင်ရှိတဲ့ အပင်လေးတွေမှာပါ။ ကလိုရိုဖီး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ ကလိုရိုဖီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားဖြည့်အချိုရည်တွေနဲ့ ပတ်သက်ပြီး ဒါတွေမှားသိနေကြပါသတဲ့။

ဓာတ်ဆားဖြည့်အချိုရည်တွေနဲ့ ပတ်သက်ပြီး ဒါတွေမှားသိနေကြပါသတဲ့။ ဓာတ်ဆားရည် ဆိုတာ ဓာတ်ဆား၊ ဂလူးကို့စ်၊ ရေ စတာတွေကို ပေါင်းပြီးဖျော်စပ်ထားတဲ့ ဖျော်ရည် တစ်ခုပါ။ ဒီထဲမှာ လူအများသိကြတဲ့ BPI ဓာတ်ဆားကစလို့ sport drinksတွေလည်း ပါပါတယ်။ အားကစားသမားတင်သာမက လူတိုင်းသောက်နိုင်တဲ့ ဓာတ်ဆားဖြည့်အချိုရည်တွေ လည်း ပါပါတယ်။ ဒီဟာတွေ သောက်တဲ့အခါ အများစုအနေနဲ့ အယူအဆမှားနေတာလေးတွေ ရှိပါတယ်။ ဓာတ်ဆားဖြည့်အချိုရည်တွေက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်ဆားတွေ၊ အားအင်ပေးနိုင်တဲ့ ဂလူးကို့စ်တွေအပြင် ရေဓာတ်ပါဖြည့်ပေးနိုင်တာကြောင့် ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။ ဒါကို မှန်မှန်ကန်ကန်သောက်မယ်ဆိုရင် ကျန်းမာရေးအတွက်  အကျိုးများမှာ သေချာပါတယ်။ ဓာတ်ဆားဖြည့်အချိုရည်တွေနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားသလဲ။ ဓာတ်ဆားဖြည့်အချိုရည်တွေနဲ့ ပတ်သက်ပြီး မှားသိနေကြတာတွေကတော့ # ချွေးထွက်တဲ့အခါ ရေပဲ ဆုံးရှုံးတာဖြစ်လို့ ရေပဲသောက်ရင် လုံလောက်တယ်။ ချွေးထွက်တဲ့အခါ ရေအပြင် ဓာတ်ဆားတွေပါ ဆုံးရှုံးတာ ဖြစ်ပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အားကစားသမား တစ်ယောက်မဟုတ်ရင် ဓာတ်ဆားရည် သောက်စရာ မလိုဘူးလား။

အားကစားသမား တစ်ယောက်မဟုတ်ရင် ဓာတ်ဆားရည် သောက်စရာ မလိုဘူးလား ဆိုတော့ စာဖတ်ပရိသတ်ရော ဘယ်လို ထင်လဲ။ ဓာတ်ဆားဓာတ်တွေက ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဓာတ်ဆားဓာတ်တွေက လျှပ်စီးကြောင်းလေးတွေကို သယ်ဆောင်ပေးပြီး နှလုံးခုန်နှုန်းကို ထိန်းညှိပေးသလို အာရုံကြောတွေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ကြွက်သားတွေ ကျုံ့ဆန့်မှုကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် လုံလောက်မှ ကျန်းမာပျော်ရွှင်စွာ လှုပ်ရှား သွားလာနိုင်မှာပါ။ ဓာတ်ဆားဓာတ် ဆိုတာ ဓာတ်ဆားဓာတ် ဆိုတာက သတ္တုဓာတ်တွေပါ။ ဓာတ်ဆားဓာတ်တွေက လျှပ်စစ် အဖိုဓာတ် နဲ့ အမဓာတ်ကို ထုတ်လွှတ်ပေးပါတယ်။ ဒီနည်းနဲ့ ခန္ဓာကိုယ်ထဲက ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းချုပ်ပေးထားပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာ ဓာတ်ဆားဓာတ်မျှတမှ ဦးနှောက်ကစလို့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာမှာပါ။ အရေးပါတဲ့ ဓာတ်ဆားဓာတ်တွေက ဘာတွေလဲ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဓာတ်ဆားဓာတ်တွေက […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ်

လူတော်တော်များများရဲ့ နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အသားတွေက မပါဝင်ဘူးဆိုတာ ခပ်ရှားရှား ဖြစ်လာပါပြီ။ တိုးတက်လာတဲ့ ခေတ်အခြေအနေကြောင့် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တာ၊ အရသာရှိတယ်လို့ ယူဆတာ၊ ချက်ပြုတ်ရ လွယ်ကူတာ၊ တာရှည်ခံတာ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေ၊ အသင့်စားတဲ့ အစားအစာတွေကို အရင်တုန်းကထက် ပိုပြီး စားလာကြပါတယ်။ ဒီလို စားသုံးမှုက လူကြီးတွေ ကြားမှာတင် တိုးလာတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးတွေ ကြားမှာလည်း တော်တော်လေး များလာတာပါ။ ဒီလို ပြုပြင်ထားတဲ့ အသားတွေ၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လိုမျိုး စားစရာတွေထဲမှာ ပါဝင်နေတဲ့ ဆိုဒီယမ် နိုက်ထရိုက်က ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးမိနေတဲ့ အစားအစာတွေထဲက ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ် အကြောင်းလေး […]


အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အာလူးပဲ စား ရတဲ့ Potato dietက တကယ်ဝိတ်ကျစေသလား

အာလူး စားရင် ကိတ်တယ်။ အာလူးစားရင် ဝလာမယ်လို့ပဲ သိထားကြတော့ အာလူးပဲ စား ပြီး ဝိတ်ချတယ်ဆိုတာက ဖြစ်နိုင်ပါ့မလားလို့ မေးစရာ ရှိပါတယ်။ လေ့လာချက်တွေအရတော့ အာလူးက အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး ဝိတ်ကျဖို့ကို အထောက်အကူပြုပါတယ်။ ဒါပေမယ့် စားပုံစားနည်း မှန်ဖို့တော့ လိုပါတယ်။ အာလူး မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက အခွံမခွာဘဲ ဖုတ်ထားတဲ့ အာလူးအလတ်စား (၆.၁ အောင်စ/ ၁၇၃ ဂရမ်) တစ်လုံးမှာဆိုရင် ကယ်လိုရီ ၁၆၈ ပရိုတင်း ၅ ဂရမ် ကာဘိုဟိုက်ဒရိတ် ၃၇ ဂရမ် အမျှင်ဓာတ် ၄ ဂရမ် ဆိုဒီယမ် ၃၄ မီလီဂရမ် ဗီတာမင် စီ တစ်နေ့တာ လိုအပ်ချက်ရဲ့ ၃၇% ဗီတာမင် B6 တစ်နေ့တာ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)