backup og meta

နှမ်းကြတ်စေ့ ကျန်းမာစေသလား

နှမ်းကြတ်စေ့ ကျန်းမာစေသလား

နှမ်းကြတ်စေ့ ဆိုတာက ကမ္ဘာပေါ်က သက်တမ်းအရင့်ဆုံး ကောက်နှံတစ်မျိုးပါ။ နှမ်းကြတ်စေ့က မြောက်အမေရိက မျိုးရင်းပင် တစ်မျိုးဖြစ်ပြီး ကျန်းမာရေးကိုလည်း ထောက်ကူပေးပါတယ်။ ဘယ်လိုများ နှမ်းကြတ်စေ့က ကျန်းမာရေးကို ထောက်ကူပေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

နှမ်းကြတ်စေ့ ဆိုတာ

နှမ်းကြတ်စေ့ ဆိုတာ တော်တော်လေး သေးငယ်တဲ့ နှမ်းစေ့လိုမျိုး အစေ့လေးတွေပါ။ ဒီအစေ့လေးတွေက ခပ်ဆိမ့်ဆိမ့် အရသာရှိသလို နှလုံးကျန်းမာစေတဲ့ အဆီတွေလည်း ပါဝင်နေပါတယ်။ ဒီအတိုင်း စားလို့ ရသလို အချိုပွဲတွေထဲမှာ ထည့်စားလို့ ရပါတယ်။ ကျန်းမာရေးကို တော်တော်လေး ထောက်ကူပေးပါတယ်။

နှမ်းကြတ်စေ့မှာပါတဲ့ အာဟာရဓာတ်များ

နှမ်းကြတ်စေ့မှာပါတဲ့ အာဟာရဓာတ်များကတော့

  • ကယ်လ်လိုရီ
  • အဆီဓာတ်
  • ပြည့်ဝဆီ
  • မပြည့်ဝဆီ
  • ဆိုဒီယမ်
  • ကာဗိုဟိုက်ဒရိတ်
  • အမျှင်ဓာတ်
  • သကြားဓာတ်
  • ပရိုတင်း
  • သီရာမင်း
  • မဂ္ဂနီဆီယမ်
  • ဆီလီနီယမ်
  • သံဓာတ် စတာတွေ ပါဝင်နေပါတယ်။

နှမ်းကြတ်စေ့ ကျန်းမာစေသလား

နှမ်းကြတ်စေ့ ကျန်းမာစေသလား ဆိုတော့ အခုလိုမျိုး ကျန်းမာရေး အာနိသင်ပေးပါတယ်။

  • နှလုံး ကျန်းမာစေတယ်

နှမ်းကြတ်စေ့က သွေးတွင်းအဆီကို ကျစေပြီး နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ နှလုံးကျန်းမာစေဖို့ရော နှလုံးရောဂါ ကာကွယ်ဖို့ပါ အသုံးပြုပေးလို့ ရပါတယ်။

  • သွေးပေါင်ကျစေတယ်

နှမ်းကြတ်စေ့က သွေးတိုးရောဂါ သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ နှမ်းကြတ်စေ့က သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့် သွေးမတိုးအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

  • သွေးတွင်းကိုလက်စထရော ကျဆင်းစေတယ်

နှမ်းကြတ်စေ့ကို ပုံမှန် စားသုံးပေးတာက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ လှော်ထားတဲ့ နှမ်းကြတ်စေ့ကို တစ်နေ့ လက်ဖက်စားဇွန်း ၃ ဇွန်း စားပေးတာက သွေးထဲက မကောင်းတဲ့အဆီတွေကို ကျဆင်းစေနိုင်ပါတယ်။

  • လေမဖြတ်အောင် ကာကွယ်ပေးတယ်

နှမ်းကြတ်စေ့မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီ ပါဝင်နေတာကြောင့် သွေးတွင်းက မကောင်းတဲ့အဆီတွေကို ဖယ်ရှားပေးပါတယ်။ သွေးတွင်းကိုလက်စထရော ကျဆင်းအောင် လုပ်ဆောင်ပေးပြီး လေမဖြတ်အောင် ကာကွယ်ပေးပါတယ်။

    • အစာခြေစနစ် ကျန်းမာစေတယ်

    နှမ်းကြတ်စေ့မှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေသလို ဝမ်းမှန်စေပြီး အူနံရံတွေကို အာဟာရစုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ အစာမကြေတာမျိုး မဖြစ်အောင်လည်း ထောက်ကူပေးပါတယ်။ လိပ်ခေါင်း သက်သာစေဖို့နဲ့ အူမကြီး ကင်ဆာကာကွယ်ဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

    နှမ်းကြတ်စေ့မှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ရော ပါဝင်နေပါတယ်။

    • အချို့သော ကင်ဆာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
    နှမ်းကြတ်စေ့က အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အူလမ်းကြောင်းကို ကျန်းမာစေပြီး အူမကြီးဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ နှမ်းကြတ်စေ့ရဲ့ နောက်ထပ်အာနိသင် တစ်ခုကတော့ ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတာပါ။
    • သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်

    နှမ်းကြတ်စေ့က အမျှင်ဓာတ် ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဝမလွန်စေဖို့လည်း ထောက်ကူပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ဆိုရင် တစ်နေ့ကို နှမ်းကြတ်စေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်းလောက် စားပေးပါ။

    • ကိုယ်အလေးချိန် ထိန်းပေးနိုင်တယ်

    နှမ်းကြတ်စေ့မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဆာခံနိုင်စေဖို့ ထောက်ကူပေးသလို ကိုယ်အလေးချိန် ကျစေဖို့ ထောက်ကူပေးပါတယ်။

    • နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်

    နှမ်းကြတ်စေ့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် ဆီးချို၊ သွေးတိုးလိုမျိုး နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးသလို ကင်ဆာရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

    ဘယ်အချက်တွေ သတိထားရမလဲ

    နှမ်းကြတ်စေ့ကို စားသုံးမယ်ဆိုရင် အလွန်အကျွံစားတာကိုလည်း ရှောင်သင့်ပါတယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    ရောဂါအခံရှိသူတွေ၊ ဓာတ်မတည့်မှု ဖြစ်တတ်သူတွေ၊ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

    [embed-health-tool-bmr]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Flaxseed Benefits for the Whole Body … and How to Add Them to Your Diet https://draxe.com/nutrition/10-flax-seed-benefits-nutrition-facts/ Accessed Date 27 October 2022

    The Health Benefits of Flax Seeds You Need to Know About https://www.prevention.com/food-nutrition/healthy-eating/a40216952/health-benefits-of-flax-seeds/ Accessed Date 27 October 2022

    Nutrition and healthy eating https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/expert-answers/flaxseed/faq-20058354#:~:text=Flaxseed%20is%20commonly%20used%20to,the%20risk%20of%20heart%20disease. Accessed Date 27 October 2022

    Health Benefits of Flax Seeds https://www.health.com/nutrition/flaxseed-benefits Accessed Date 27 October 2022

    How healthful is flaxseed? https://www.medicalnewstoday.com/articles/263405 Accessed Date 27 October 2022

    ယခုပုံစံ

    02/05/2023

    Aye Thi Mon မှ ရေးသားသည်။

    မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

    Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


    ဆက်စပ် အကြောင်းအရာများ

    မိုး အေးချိန်မှာ ကလေးတွေ ရှောင်သင့်တဲ့ အစားအစာများ

    အခြောက်ခံထားတဲ့ အစားအစာတွေက အာဟာရပြည့်ရဲ့လား။


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement