ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

မတ်ပဲ ကျန်းမာရေးကောင်းကျိုး များသလား!

မတ်ပဲကို ချက်စားစား၊ ပြုတ်ပြီး သုပ်စားစား၊ ကြိတ်ပြီး မတ်ပဲကြော် မွမွလေးပဲ ကြော်စားစား စားလို့ကောင်းတဲ့ မတ်ပဲလေးကို သဘောကျ နှစ်ခြိုက်စွာ စားလေ့ရှိလား! ဒီလိုဆို မေးစရာ ရှိတာက မတ်ပဲက စားကောင်းရုံပဲလား မတ်ပဲ ကျန်းမာရေးကောင်းကျိုး များသလား! ဆိုတာပါ။  မတ်ပဲ ဆိုတာ မတ်ပဲဆိုတာက ပဲအမျိုးအစား တစ်ခုပါ။ အစိမ်းရောင်ဖျော့ဖျော့ ပဲလုံး သေးသေးလေးတွေပါ။ မြန်မာနိုင်ငံ နဲ့ အိန္ဒိယ အပါအဝင် အာရှနိုင်ငံ တော်တော်များများမှာ စားသုံးလေ့ရှိတဲ့ ပဲတစ်မျိုးပါ။ စားရတာ အရသာရှိသလို ကျန်းမာရေးကောင်းကျိုးလေးတွေ ရှိတာကြောင့် ရှေးယခင် ကာလတွေကတည်းက ဆေးဖက်ဝင် စားစရာ တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။  https://hellosayarwon.com/herbals-alternatives/herbal-medicines/fenugreek-leaves-benefits/ မတ်ပဲရဲ့ အာဟာရ တန်ဖိုး မတ်ပဲမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။  ပရိုတင်း အဆီဓာတ် ကစီဓာတ် အမျှင်ဓာတ် […]

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ

မကြာခင်မှာ ဒီဇင်ဘာလ နဲ့အတူ နှစ်တစ်နှစ်ကို ကုန်ဆုံးရတော့မှာပါ။ ၂၀၂၂ ခုနှစ် ကနေ ၂၀၂၃ ခုနှစ်ကို ကူးပြောင်းဖို့က အချိန် ၁ လတောင် မလိုတော့ပါဘူး။ ဒီလို ကာလမှာ လူတွေအားလုံးလိုလိုက လာမယ့် ၂၀၂၃ ဟက်ပီး နယူးရီးယားကို ဘယ်လို ကြိုကြမယ်။ နှစ်သစ်ကူးညမှာ ဘာတွေချက်စားမယ် စသဖြင့် အတွေးတွေ အများကြီး ရှိနေကြမယ် ထင်ပါတယ်။ ဒီအတွေးလေးတွေထဲက စားစရာတွေက ကျန်းမာရေးနဲ့ ညီသလား ..... မညီဘူးဆိုရင် ဘယ်လိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်မလဲ ..... ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘယ်လို အစားအစာတွေကို စားရင်း နှစ်သစ်ကို ကြိုကြမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ ဟက်ပီး နယူးရီးယားကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကိုယ်ခံအားနည်းနေတဲ့ ချစ်ရသူကို တုပ်ကွေးရာသီမှာ ဘယ်လိုအာဟာရ ပြင်ဆင်ပေးမလဲ

ဆောင်းလေး အေးလာချိန်မှာ ဆောင်းရာသီရဲ့ အလှအပကို ခံစားဖို့ထက် ကိုယ်ခံအားနည်းနေတဲ့ ချစ်ရသူတွေ ဖျားနာမှာကို အရင် စိုးရိမ်မိနေတဲ့သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ကိုယ်ခံအားနည်းနေတဲ့ မိသားစုဝင်ကို တုပ်ကွေးရာသီကို အကောင်းဆုံး ကျော်ဖြတ်နိုင်စေဖို့ အာဟာရပြည့်ဝအောင် ဘယ်လိုလေးတွေ ပြင်ဆင်ပေးပြီး ကိုယ်ခံအား ဖြည့်ပေးရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ကဲ ..... ကိုယ်ခံအားနည်းနေတဲ့ ချစ်ရသူကို တုပ်ကွေးရာသီမှာ ဘယ်လိုအာဟာရ ပြင်ဆင်ပေးမလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ဘယ်လိုလူတွေကို ကိုယ်ခံအားနည်းတယ်လို့ ဆိုတာလဲ လူတိုင်းက ကိုယ်ခံအား ပြည့်ဝတဲ့သူတွေပဲတော့ မဟုတ်ပါဘူး။ ကိုယ်ခံအား ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ကလေးတွေ၊ အသက်အရွယ် ကြီးရင့်လွန်းနေတဲ့ ဘိုးဘိုးဘွားဘွားတွေ၊ ရောဂါအခံ တစ်ခုခု ရှိနေတဲ့သူတွေ၊ နာတာရှည် ကျန်းမာရေးပြဿနာ ခံစားနေရသူတွေက အခြားသူတွေထက် ကိုယ်ခံအားနည်းနေတဲ့သူတွေလို့ ဆိုရပါမယ်။ သွေးအားနည်းရောဂါရှိသူတွေ၊ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ဘာဘီကျူးကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ

မိသားစုဝင်တွေ စုဝေးပြီး ဘာဘီကျူး လုပ်စားရတာ ဘယ်လောက် ပျော်ဖို့ကောင်းကြောင်း အထူးတလည် ရှင်းပြနေစရာ လိုမယ် မထင်ပါဘူး။ ဒါကြောင့် ဘာဘီကျူး ပြင်ဆင်ချက်ပြုတ်တဲ့နေရာမှာ အာဟာရ ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် နည်းလမ်းတွေကို ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ဘာဘီကျူးကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်စို့နော်။ ဘာဘီကျူးကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ ဘာဘီကျူးကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ ဆိုတော့ အသား ရွေးချယ်မှု မှန်ကန်ပါစေ ဆူဖြိုးတဲ့ အသားတွေက အပြင်ပန်း ကြည့်လိုက်ရင် စားချင်စဖွယ် ဖြစ်နေပေမယ့် ကျန်းမာရေး ရှုထောင့်အရ ကြည့်ရင် သေးသွယ်ကျစ်လျစ်တဲ့ အသားတွေက ပိုကောင်းပါတယ်။ အသား ရွေးချယ်ရာမှာ ကယ်လိုရီ ပါဝင်မှုများတဲ့ အမဲနံသား၊ ခါးဆစ်သားတွေအစား ကယ်လိုရီနည်းတဲ့ ခါးဆစ် အပေါ်သား၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သွေးတွင်းကိုလက်စထရော ကျအောင် ဘာတွေစားရမလဲ

သွေးတွင်းကိုလက်စထရော ထဲမှာ အကျိုးပြု ကိုလက်စထရော ရှိသလို အကျိုးမပြုတဲ့ ကိုလက်စထရောလည်း ရှိပါတယ်။ ဒီကိုလက်စထရောပမာဏတွေက စားလိုက်တဲ့ အစားအစာတွေအပေါ်မှာ မူတည်ပြီး ပမာဏ ကွဲခြားတာတွေ ရှိနိုင်ပါတယ်။ နေ့စဉ် စားသောက်မှုတွေက ကိုလက်စထရောအပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရော ကျအောင် ဘာတွေစားရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထရေောတွေ များတာက သွေးကြောတွေထဲမှ အဆီအညစ်အကြေးတွေ များပြီး သွေးကြောကျဉ်းတာကနေတဆင့် နှလုံးရောဂါ ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။ သွေးတွင်းကိုလက်စထရော ကျအောင် ဘာတွေစားရမလဲ အကျိုးပြုကိုလက်စထရော တိုးတက်စေဖို့အတွက် ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်လို့ ရသလို မကောင်းတဲ့ သွေးတွင်းကိုလက်စထရော ကျအောင် လုပ်ဆောင်လို့ရတဲ့ နောက်ထပ် နည်းလမ်းတစ်ခုကတော့  အခုလို အစားအစာတွေကို နေ့စဉ် စားသုံးမှုမှာ ပါဝင်အောင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘူးညွန့်လေးက ပေးတဲ့ ကျန်းမာရေး

ကြက်သွန် အဖြူ၊ အနီလေးကို ဆီသတ်ပြီး ကြော်ချက်လေးပဲ ချက်ချက်၊ ငရုတ်သီးစိမ်း စိမ်းစားငပိလေးနဲ့ပဲ ချဉ်ချဉ်စပ်စပ်လေး ချက်ချက် ထမင်းမြန်သလို စားရတာ ကောင်းတဲ့ ဘူးညွန့်လေးကို ကြိုက်တဲ့သူတွေ ရှိလား ..... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဘူးညွန့်လေးက ပေးတဲ့ ကျန်းမာရေး အကြောင်းလေး ဖတ်ကြည့်လိုက်ပါ။ ဘူးညွန့် ဆိုတာ ဘူးညွန့်ဆိုတာက ဘူးပင်ရဲ့ အရွက်ပါ။ နွယ်တက်တတ်ပြီး အရွက်က အစိမ်းရောင် ဖားဖားလေးတွေပါ။ အရွက်လေးတွေနဲ့ ရိုးတံလေးတွေမှာ အမွေးပါးပါးဖြူဖြူလေးတွေ ပါတတ်ပါတယ်။ အရသာက နုပြီး လတ်လတ်ဆတ်ဆတ်ဆိုရင် ချိုပါတယ်။ ရိုးတံလေးတွေကိုရော အရွက်လေးတွေကိုပါ သေချာလေး သန့်စင်ပြီး ပြုတ်စားတာ ကြော်စားတာ ကြော်ချက်ချက်စားတာ ချဉ်ရည် ချက်စားတာ စသဖြင့် စားပေးလို့ ရပါတယ်။ ဘူးညွန့်မှာ ဘာတွေပါ စားရတာ တကြွပ်ကြွပ်နဲ့ အရသာရှိတဲ့ ဘူးညွန့်မှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

တစောင်းခါး ကျန်းမာစေသလား

တစောင်းခါးကို အညာစာ ကြိုက်သူတော်တော်များများကတော့ သိထားပြီး ဖြစ်မှာပါ။ အရသာက ခါးသက်သက်ဆိုပေမယ့် တော်တော်လေး ထမင်းမြိန်စေတဲ့ အစားအစာ တစ်မျိုးပါ။ တစောင်းခါးကို ထုပြီး ဆားနဲ့နယ် ခဏနှပ်ထားပြီး ရေစင်အောင်ဆေးလို ပုစွန်ခြောက် ငါးနီတူ စတာတွေနဲ့ ကြက်သွန်အဖြူအနီ ဆီသတ်ပြီး ကြော်ထားတဲ့ တစောင်းခါးကြော်လေးက တော်တော်လေး စားလို့ ကောင်းပါတယ်။ ဒီတစ်ခေါက်တော့ ထမင်းမြိန်စေတဲ့ တစောင်းခါးက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးသလဲဆိုတာ ပြောပြပေးချင်ပါတယ်။ တစောင်းခါး ဆိုတာ တစောင်းခါး ဆိုတာက အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးပါ။ အရွက်လေးတွေက ရှားစောင်းလက်ပပ်ပင်လိုပဲ အထဲမှာ အနှစ်သားလေးတွေပါတဲ့ အစိမ်းရောင် ရှည်ရှည် အတောင့်လေးတွေပါ။ ဘေးအနားသတ်လေးတွေမှာ ဆူးလေးတွေပါတတ်ပါတယ်။ မြေမှာကပ်ပေါက်တတ်တဲ့ အပင်ငယ် တစ်မျိုးပါ။ အရသာက ဖန်ခါးခါးလေးပါ။ တစောင်းခါးမှာ ဘာတွေပါ အရသာ ခါးသက်သက်လေး ရှိတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

နှမ်းကြတ်စေ့ ကျန်းမာစေသလား

နှမ်းကြတ်စေ့ ဆိုတာက ကမ္ဘာပေါ်က သက်တမ်းအရင့်ဆုံး ကောက်နှံတစ်မျိုးပါ။ နှမ်းကြတ်စေ့က မြောက်အမေရိက မျိုးရင်းပင် တစ်မျိုးဖြစ်ပြီး ကျန်းမာရေးကိုလည်း ထောက်ကူပေးပါတယ်။ ဘယ်လိုများ နှမ်းကြတ်စေ့က ကျန်းမာရေးကို ထောက်ကူပေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ နှမ်းကြတ်စေ့ ဆိုတာ နှမ်းကြတ်စေ့ ဆိုတာ တော်တော်လေး သေးငယ်တဲ့ နှမ်းစေ့လိုမျိုး အစေ့လေးတွေပါ။ ဒီအစေ့လေးတွေက ခပ်ဆိမ့်ဆိမ့် အရသာရှိသလို နှလုံးကျန်းမာစေတဲ့ အဆီတွေလည်း ပါဝင်နေပါတယ်။ ဒီအတိုင်း စားလို့ ရသလို အချိုပွဲတွေထဲမှာ ထည့်စားလို့ ရပါတယ်။ ကျန်းမာရေးကို တော်တော်လေး ထောက်ကူပေးပါတယ်။ နှမ်းကြတ်စေ့မှာပါတဲ့ အာဟာရဓာတ်များ နှမ်းကြတ်စေ့မှာပါတဲ့ အာဟာရဓာတ်များကတော့ ကယ်လ်လိုရီ အဆီဓာတ် ပြည့်ဝဆီ မပြည့်ဝဆီ ဆိုဒီယမ် ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် သကြားဓာတ် ပရိုတင်း သီရာမင်း မဂ္ဂနီဆီယမ် ဆီလီနီယမ် သံဓာတ် စတာတွေ ပါဝင်နေပါတယ်။ နှမ်းကြတ်စေ့ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ညီညွတ်စေဖို့

အစားအစာက နေ့စဉ်ဘဝမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အရင်တုန်းကတော့ တာရှည်ခံစားစရာအနေနဲ့ ငါးခြောက်၊ အသားခြောက်တွေပဲ ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ အခြောက်ခံ၊ မှိုင်းတိုက်ထားတာတွေအပြင် တာရှည်ခံအောင် ပြုလုပ်ထားတဲ့ ဆီသွတ်ဗူးတွေ၊ ပြုပြင်ထားတဲ့ အသားချောင်း၊ အသားပြားတွေကလည်း အများသားပါ။ ဒီလို အစားအစာတွေက ချက်ပြုတ်ရာ လွယ်ကူတာကြောင့် နေ့စဉ် စားသောက်မှုမှာ ကျယ်ကျယ်ပြန့်ပြန့်ကို နေရာယူလာကြပါတယ်။ ဒါတွေက အရသာရှိတာ မှန်ပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ အသားတွေကို အဆီမဖယ်ဘဲ စားတာ၊ အရေခွံမဖယ်ဘဲ စားတာ၊ ကင်စားတာတွေကလည်း ကျန်းမာရေးနဲ့ မညီညွတ်ပြန်ပါဘူး။ ဒီတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို မစားဘဲလည်း မနေနိုင်ဘူး။ ကျန်းမာရေး ထိခိုက်မှာလည်း စိုးတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ကျန်းမာရေးနဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆားလျှော့စားရင်းရမယ့် ကျန်းမာရေး

တစ်ခုခုစားတဲ့အခါ အငန်ကဲတာက အတော်လေး အရသာရှိပါတယ်။ ပိုပြီးလည်း ခံတွင်းတွေ့ပါတယ်။ အငန်ကဲတဲ့ အစားအစာတွေက စားလို့ကောင်းတာ မှန်ပေမယ့် ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ အငန်စားတာက သွေးတိုးစေရုံတင် မဟုတ်ဘဲ အခြားသော ကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာစေဖို့ဆိုရင် ဆားလျှော့စားဖို့ သတိပေးချင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဆားဓာတ် ခန္ဓာကိုယ်အတွက် အရေးပါသလား။ ဆိုဒီယမ်က ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်စေဖို့ အတော်လေး အရေးပါတာပါ။ ဒါပေမယ့် အရမ်းများလွန်းတာကတော့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အထူးသဖြင့်တော့ နှလုံးကျန်းမာရေးကိုပါ။ ဒါကြောင့် နှလုံးကျန်းမာစေဖို့ရော ခန္ဓာကိုယ်ကျန်းမာစေဖို့ရော အငန်ကဲတာတွေကို ‌ရှောင်ပါ။ ဆိုဒီယမ်က အရေးပါတဲ့ သတ္တုဓာတ်ပါ။ အရမ်းများမယ်ဆိုရင်တော့ လေပွတာ၊ ကြွက်တက်တာ၊ ရေဓာတ်ခမ်းခြောက်တာတွေကို  ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာစေဖို့ဆိုရင် ဆိုဒီယမ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

သိထားဖို့လိုမယ့် အာဟာရဆိုင်ရာ အချက်အလက်များ

အစားအစာတွေကို ခန္ဓာကိုယ် အင်အားပြည့်ဝစေဖို့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ဆိုပြီး စားသုံးနေကြပါတယ်။ ဒီလို စားသုံးရာမှာ ဘယ်အသီးအရွက်ကတော့ ချဉ်တယ်။ ဘယ်အရာကတော့ ဆိမ့်တယ်၊ ဘယ်အရာကတော့ စပ်တယ်ဆိုတာတွေကို သိကြသလို ဘယ်အသီးအနှံစားရင် မျက်စိအားကောင်းတယ်။ အိပ်ပျော်တယ်ဆိုတာကိုလည်း သိကြပါတယ်။ ဒါပေမယ့် အာဟာရ ပါဝင်မှုကိုတော့ မသိကြပါဘူး။ အစားအစာတွေနဲ့ ပတ်သက်ပြီး စားသုံးတဲ့သူတွေက ဒီအချက်တွေကို သိပေမယ့် စားလိုက်တဲ့ အစားအသောက်မှာပါတဲ့ အာဟာရ တန်ဖိုးကို သေသေချာချာ သိသူကတော့ ခပ်ရှားရှားပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ် ကျန်းမာစေဖို့ စားလိုက်တဲ့ အစားအစာတွေနဲ့ပတ်သက်ပြီး သိထားဖို့လိုမယ့် အာဟာရဆိုင်ရာ အချက်အလက်များ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ စားလိုက်တဲ့ အစားအစာတွေက ခန္ဓာကိုယ် ကျန်းမာစေဖို့နဲ့ ဇီဝကမ္မလုပ်ငန်းစဉ်တွေ ကောင်းမွန်စေဖို့ ထောက်ကူပေးပါတယ်။ စားလိုက်တဲ့ အစားအစာတွေက […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)