backup og meta

အားကစားသမား တစ်ယောက်မဟုတ်ရင် ဓာတ်ဆားရည် သောက်စရာ မလိုဘူးလား။

အားကစားသမား တစ်ယောက်မဟုတ်ရင် ဓာတ်ဆားရည် သောက်စရာ မလိုဘူးလား။

အားကစားသမား တစ်ယောက်မဟုတ်ရင် ဓာတ်ဆားရည် သောက်စရာ မလိုဘူးလား ဆိုတော့ စာဖတ်ပရိသတ်ရော ဘယ်လို ထင်လဲ။ ဓာတ်ဆားဓာတ်တွေက ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဓာတ်ဆားဓာတ်တွေက လျှပ်စီးကြောင်းလေးတွေကို သယ်ဆောင်ပေးပြီး နှလုံးခုန်နှုန်းကို ထိန်းညှိပေးသလို အာရုံကြောတွေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ကြွက်သားတွေ ကျုံ့ဆန့်မှုကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် လုံလောက်မှ ကျန်းမာပျော်ရွှင်စွာ လှုပ်ရှား သွားလာနိုင်မှာပါ။

ဓာတ်ဆားဓာတ် ဆိုတာ

ဓာတ်ဆားဓာတ် ဆိုတာက သတ္တုဓာတ်တွေပါ။ ဓာတ်ဆားဓာတ်တွေက လျှပ်စစ် အဖိုဓာတ် နဲ့ အမဓာတ်ကို ထုတ်လွှတ်ပေးပါတယ်။ ဒီနည်းနဲ့ ခန္ဓာကိုယ်ထဲက ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းချုပ်ပေးထားပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာ ဓာတ်ဆားဓာတ်မျှတမှ ဦးနှောက်ကစလို့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာမှာပါ။

အရေးပါတဲ့ ဓာတ်ဆားဓာတ်တွေက ဘာတွေလဲ

ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဓာတ်ဆားဓာတ်တွေက

  • ဆိုဒီယမ်
  • ပိုတက်ဆီယမ်
  • မဂ္ဂနီဆီယမ်
  • ကယ်လ်ဆီယမ်
  • ဖော့စဖရိတ်
  • ကလိုရိုက်
  • ဘိုင်ကာဗွန်နိတ်တွေပါ။

ဒီဓာတ်တွေက စုပေါင်းပြီး ဆဲလ်တွေထဲကို အာဟာရ ဝင်ရောက်နိုင်စေဖို့လုပ်ဆောင်ပေးသလို အညစ်အကြေးတွေကို စွန့်ထုတ်နိုင်စေဖို့နဲ့ ခန္ဓာကိုယ်မှာ အင်အားဖြစ်စေဖို့ ထောက်ကူပေးပါတယ်။

အားကစားသမား တစ်ယောက်မဟုတ်ရင် ဓာတ်ဆားရည် သောက်စရာ မလိုဘူးလား။

လူတော်တော်များများ ယူဆနေတာက ဓာတ်ဆားရည်ဆိုတာ အားကစားသမားတွေ သောက်တဲ့အရာလို့ပေါ့။ အားကစားတွေ ပြင်းပြင်းထန်ထန် လုပ်လို့ ချွေးတွေ အရမ်းထွက်မှ သောက်ရတာမျိုးလို့ပေါ့။ ဒါဆိုရင် အားကစားသမား တစ်ယောက်မဟုတ်ရင် ဓာတ်ဆားရည် သောက်စရာ မလိုဘူးလား။ တကယ်ကတော့ ဓာတ်ဆားရည်က အားကစားသမားတွေမှ သောက်ရတဲ့ သောက်စရာတွေ တစ်ခုရယ်တော့ မဟုတ်ပါဘူး။ ဓာတ်ဆားရည်ကို အားကစားသမား မဟုတ်လည်း သောက်လို့ရပါတယ်။

အကြောင်းကတော့ နေ့စဉ် လှုပ်ရှားမှုတွေနဲ့ အချို့သော ကျန်းမာရေးပြဿနာတွေကြောင့် ဓာတ်ဆားဓာတ်ကို ဆုံးရှုံးနိုင်လို့ပါ။ ရေဓာတ်ဆုံးရှုံးတာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်တဲ့အခါ၊ အော့အန်တာ၊ ချွေးထွက်များတာလိုမျိုး အခြေအနေတွေကြောင့် ဓာတ်ဆားဓာတ် ဆုံးရှုံးနိုင်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ထိခိုက်တာမျိုးတွေ မဖြစ်စေဖို့ဆိုရင် ဓာတ်ဆားဓာတ်ကို ပြန်လည် ဖြည့်တင်းဖို့အတွက် ဓာတ်ဆားရည် သောက်ဖို့ လိုပါမယ်။ ပုံမှန်အားဖြင့်လည်း နေအပူချိန် ပြင်းတာကြောင့် ချွေးထွက်များတာနဲ့ ဆီးသွားတာတွေကနေတဆင့်လည်း ခန္ဓာကိုယ်က ဓာတ်ဆားဓာတ်ကို ဆုံးရှုံးနိုင်ပါတယ်။

နောက်တစ်ခုက လမ်းလျှောက်ရတာ ကြိုက်လို့၊ စက်ဘီးစီးရတာ ကြိုက်လို့ အပြင်သွားတဲ့အခါ သိပ်မဝေးရင် လမ်းလျှောက်သွားတာ၊ စက်ဘီးစီးသွားတာမျိုးတွေ လုပ်ဖြစ်တယ်ဆိုရင်လည်း ချွေးထွက်များပြီး ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် ဆုံးရှုံးနိုင်ပါတယ်။ နောက်တစ်ခုက အိမ်အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်ပြီးချိန်မှာလည်း ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ဆုံးရှုံးသွားတာမျိုးတွေ ရှိနိုင်ပါတယ်။

ဒါကြောင့် ဓာတ်ဆားရည်ဆိုတာကို အားကစားလုပ်မှ အားကစားသမားမှ သောက်ရတယ်လို့ တထစ်ချ ယူဆမထားစေချင်ပါဘူး။ နေ့စဉ် လှုပ်ရှားမှုတွေကြောင့် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ်နဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက်လည်း ဓာတ်ဆားရည်ကို သောက်ပေးဖို့ လိုအပ်ပါမယ်။

ကြွက်တက်တာ၊ သွေးပေါင်ကျတာ၊ သွေးချိုကျတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခဏတာသက်သာစေဖို့အတွက်လည်း ဓာတ်ဆားရည်ကို သောက်ပေးလို့ ရပါသေးတယ်။

ဓာတ်ဆားဓာတ် ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ

ဓာတ်ဆားဓာတ်က ခန္ဓာကိုယ်အတွက် အခုလို တာဝန်တွေကို လုပ်ဆောင်ပေးပါတယ်။

  • နှလုံးကြွက်သားအပါအဝင် ကြွက်သားတွေ ကျုံ့ဆန့်စေနိုင်ဖို့ ထောက်ကူပေးတယ်
  • သွေးတွင်း pH ပမာဏ ထိန်းညှိပေးတယ်
  • သွေးပေါင် ထိန်းညှိပေးတယ်
  • ဆဲလ်တွေထဲက အရည်ဓာတ်ကို ထိန်းညှိပေးတယ်။
  • အိပ်ပျော်စေတယ်
  • ကိုယ်ခံအား ကောင်းစေတယ်
  • ဦးနှောက်စွမ်းဆောင်ရည် ကောင်းစေတယ်
  • စိတ်ဖိစီးမှု စိုးရိမ်စိတ်တွေ ဖြေလျော့ပေးတယ်
  • သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်
  • နှလုံး ကျန်းမာစေတယ်
  • အရိုးနဲ့ ကြွက်သားတွေ သန်မာစေတယ်
  • အစာကြေစေတယ်
  • ကျောက်ကပ် ကျောက်မတည်အောင် ကာကွယ်ပေးတယ်
  • ခေါင်းကိုက် သက်သာစေတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Do I really need electrolytes or is water sufficient? https://www.netdoctor.co.uk/healthy-living/fitness/a28133660/electrolytes/ Accessed Date 29 August 2022

Do You Need Electrolytes if You’re Not Active? https://healthyeating.sfgate.com/need-electrolytes-not-active-12134.html Accessed Date 29 August 2022

ယခုပုံစံ

14/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဓာတ်ဆားမမျှတမှု နဲ့ ပတ်သက်ပြီး ဘာတွေ သိထားဖို့ လိုမလဲ

ဓာတ်ဆားရည် သောက်ပေးသင့်တဲ့ အကြောင်းအရင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement