backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ပီလောပီနံရွက် စားလို့ရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပီလောပီနံရွက် စားလို့ရလား

ပီလောပီနံဥကို စားလို့ရတယ်ဆိုတာ လူတိုင်း သိပေမယ့် ပီလောပီနံရွက်ကို စားလို့ရတယ်။ ကျန်းမာရေး ကောင်းကျိုးရှိတယ်ဆိုတာကိုတော့ သိသူရှားမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ပီလောပီနံရွက် စားလို့ရလား! စားရင် ဘယ်လို ကျန်းမာရေးကောင်းကျိုးတွေ ရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ပီလောပီနံရွက် ဆိုတာ

ပီလောပီနံ ဆိုတာ ကန်စွန်းဥအာလူးတို့လိုပါပဲ။  အညိုရောင် ရင့်ရင့် အခွံရှိပြီး အဖြူရောင် အတွင်းသားက ခပ်စေးစေးနဲ့ စားလိုက်ရင် ဆိမ့်ပါတယ်။ တောင်အမေရိက နဲ့ အရှေ့မြောက်ဘရာဇီး မျိုးရင်းပင်တစ်မျိုးပါ။ အာရှဒေသ အများစုမှာလည်း ပေါက်ရောက်ပါတယ်။ ပီလောပီနံရွက် ဆိုတာကတော့ ပီလောပီနံပင်ရဲ့ အရွက်ပါ။

လက်ဝါးပုံစံ အရွက်ကားကားမှာ ရှည်မြောမြော အရွက် ၇ ရွက်ပါပြီး အပေါ်မျက်နှာပြင်က ပြောင်ချောချောပါ။ အောက်ဘက်မှာတော့ ရိုးတံလေးတွ ဖြာနေပါတယ်။ အပင်က အရမ်းမ​မြင့်ပါဘူး။ ရိုးတံတွေ ဖြာထွက်ပြီး နုစဉ်မှာ ညိုတိုတိုလေးပါ ရင့်လာရင် တစဖြည်းဖြည်း အစိမ်းရောင် ရင့်လာပါတယ်။ ရိုးတံက နီနီလေးတွေပါ။ သင်္ဘောပင်ရဲ့ အရွက်ထွက်တဲ့ပုံစံနဲ့ ဆင်ပါတယ်။

ပီလောပီနံရွက်မှာ ဘာတွေပါလဲ

ပီလောပီနံရွက်မှာ ပြည့်ဝဆီ ပါဝင်မှု နည်းသလို ကိုလက်စထရော နဲ့ ဆိုဒီယမ် ပါဝင်မှုလည်း နည်းပါတယ်။ အမျှင်ဓာတ် နဲ့ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်နေသလို အကျိုးပြု ကိုလက်စထရောနဲ့ ပရိုတင်းတို့လည်း ပါဝင်ပါတယ်။

အခြား အာဟာရဓာတ်တွေအနေနဲ့ ဗီတာမင် B အုပ်စု၊ ဖောလိတ်၊ ဗီတာမင် B6၊ သံဓာတ်၊ မဂ္ဂနိ့၊ကယ်လ်ဆီယမ်၊ ကော့ပါး၊ ဆီလီနီယမ်တို့ ပါဝင်ပါတယ်။

ပီလောပီနံရွက် စားလို့ရလား

ပီလောပီနံရွက် စားလို့ရလား ဆိုတော့ စားလို့ရပါတယ်။ အရွက် နုနုလေးတွေကိုပါ။ အရွက်နုနုလေးတွေကို အသားဟင်းထဲ ထည့်ချက်လို့ရသလို အရွက်ကို ကြော်စားတာ၊ ပြုတ်တို့တာတွေ လုပ်လို့ ရပါတယ်။

ပီလောပီနံက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးသလဲ

ပီလောပီနံရွက် စားလို့ရလား!

ပီလောပီနံက ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။ ပီလောပီနံရွက်က ကယ်လ်လိုရီ ပါဝင်မှု နည်းပါတယ်။ ပီလောပီနံရွက်က အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းချုပ်တာကို သက်သာစေနိုင်သလို ခေါင်းကိုက်တာ၊ အအေးမိတာ၊ သန်ကောင်၊ အဆစ်ရောင်နာ၊ ပါးစပ်ထဲက အနာ၊ ဝမ်းပျက်တာတွေကို သက်သာစေနိုင်သလို သက်လုံကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ ပီလောပီနံရွက်က ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။

  • ကိုယ်ဝန်ဆောင်တွေကို ကျန်းမာစေတယ်
  • သံဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပီလောပီနံရွက်မှာ ဖောလိတ်နဲ့ ဗီတာမင် C ပါဝင်မှု ကြွယ်ဝတာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

    • ပရိုတင်း ချို့တဲ့မှု မဖြစ်အောင် ကာကွယ်ပေးတယ်

    ပီလောပီနံရွက်မှာ ပရိုတင်း ချို့တဲ့မှု မဖြစ်အောင် ကာကွယ်ပေးတဲ့ lysine protein ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင် ချို့တဲ့မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သေချာဆေးကြောပြီးမှ ချက်ဖို့ လိုပါမယ်။ ချက်တဲ့အခါမှာလည်း သေချာကျက်အောင် ချက်ဖို့ လိုပါမယ်။

    • အဖျားသက်သာစေတယ် 

    ပီလောပီနံရွက်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်က အဖျားကျစေပြီး ခေါင်းကိုက်တာကို သက်သာစေတာပါ။ အရွက်ကို ဟင်းအနေနဲပ ချက်စားပေးလို့ရသလို ပြုတ်ရည်ကို သောက်ပေးလို့လည်း ရပါတယ်။

    • ဝမ်းပျက်ဝမ်းလျှော သက်သာစေတယ်

    ပီလောပီနံရွက်က အစာခြေစနစ်ကို ကျန်းမာစေပြီး အစာခြေစနစ်ကို ထိခိုက်စေတဲ့ ပိုးတွေကို ဖယ်ရှားပေးပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေပြီး ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    • အစားစားချင်စိတ် တိုးစေတယ်

    ပီလောပီနံရွက်က ခံတွင်းမြိန်စေပြီး အစားစားချင်စိတ် တိုးအောင် လုပ်ဆောင်ပေးပါတယ်။ အရည်ပြုတ်ပြီး သောက်ပေးလို့ ရသလို ဟင်းချက်စားတာကလည်း နည်းလမ်းကောင်းပါ။

    • အဆစ်ရောင်တာကို သက်သာစေတယ်

    ပီလောပီနံရွက်ကို အဆစ်​ရောင်တာ အဆစ်တွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ နာကျင်တဲ့နေရာကို တိုက်ရိုက် အသုံးပြုပေးလို့ ရသလို စားသုံးပေးလို့လည်း ရပါတယ်။

    • သန်ကျစေတယ်

    ပီလောပီနံရွက်က သဘာဝသန်ကျဆေးတစ်မျိုးပါ။ ပီလောပီနံရွက် စားသုံးပေးတာက သန်ကျစေဖို့ ထောက်ကူပေးနိုင်ပြီး အစာခြေစနစ်အတွင်းက ကပ်ပါးပိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

    • အနာကျက်စေတယ်

    ထိခိုက်ဒဏ်ရာတွေအတွက်လည်း ပီလောပီနံရွက်ကို အသုံးပြုပေးလို့ ပါတယ်။ အရွက်ကို ကြိတ်ပြီး အနာပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရသလို ပြုတ်ရည်ကို အသုံးပြုပေးလို့လည်း ပါတယ်။

    • ကိုယ်ခံအား ကောင်းစေတယ်

    ပရိုတင်း၊ ဗီတာမင် C နဲ့ သံဓာတ်တို့ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

    ဘယ်အချက်တွေ သတိထားရမလဲ

    ပီလောပီနံရွက်ကို စားသုံးမယ်ဆိုရင် ရေသေချာစင်အောင် ဆေးကြောပြီး သေချာကျက်အောင် ချက်ဖို့ လိုပါမယ်။ အစိမ်းစားတာကို ရှောင်ရပါမယ်။ ဒါမှ အဆိပ်အတောက် မဖြစ်စေမှာပါ။ အလွန်အကျွံစားတာကိုလည်း ရှောင်သင့်ပါတယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    ရောဂါအခံရှိသူတွေ၊ ဓာတ်မတည့်မှု ဖြစ်တတ်သူတွေ၊ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement