ကစီဓါတ်ပါဝင်တဲ့ အစားအစာတချို့က
– အာလူး၊ ပဲ၊ ပြောင်းဖူး စတဲ့ စေကပ်တဲ့ ဟင်းသီးဟင်းရွက်များ
– ပေါင်မုန့်၊ ဆန်၊ဂျုံ
အမျှင်ဓာတ် ကိုတော့
– Oatmeal
– အစေ့အဆံများ။ သစ်ကြားသီး၊ မြေပဲ၊ အယ်လ်မွန်စေ့ စတာတွေ စားကြည့်ပါ။ သူတို့က အမျှင်ဓာတ်အများကြီးပါပြီး ကျန်းမာစေတဲ့ အဆီတွေလည်း ပါပါတယ်။
– သစ်သီးများ (ဘယ်ရီသီးများ၊ ပန်းသီးများ )
– ပဲခြောက်များ
– ဂျုံအပြည့်ပေါင်မုန့်
– ဆန်ညို
– Whole grain ( ဥပမာ – whole grain cereals, whole grain ပါစတာ၊ whole grain ပေါင်မုန့်) Whole grain တွေက အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေအပြင် တချို့မှာဆို သံဓာတ်နဲ့ ဖောလစ်အက်ဆစ်ပါ ပါဝင်ပါတယ်။ ဥပမာ ထမင်းဖြူ၊ ပေါင်မုန့်ဖြူ။
– သစ်သီးများ
– ဟင်းသီးဟင်းရွက်များ
သင့်အနေနဲ့ ရှုပ်ထွေးတဲ့ ကာဘိုဟိုက်ဒရိတ် နှစ်မျိုးလုံး စားသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်ခုစီမှာ သက်ဆိုင်ရာ အကျိုးကျေးဇူးတွေ ပါလို့ပါ။ သူတို့ဆီမှာပါတဲ့ အာဟာရက တခြား ဘယ်မှာမှ ရှာမရပါဘူး။
ရိုးရှင်းတဲ့ ကာဘိုဟိုက်ဒရိတ်
ရိုးရှင်းတဲ့ ကာဘိုဟိုက်ဒရိတ်မှာ သဘာဝသကြားနဲ့ ပေါင်းထည့်ထားတဲ့ သကြား ပါဝင်ပါတယ်။ သဘာဝသကြား ဆိုတာက အသီးတွေ ဟင်းသီးဟင်းရွက်တွေ နို့ထွက်ထုတ်ကုန်တွေမှာ တွေ့ရတဲ့ သကြားဓာတ် ဖြစ်ပြီး ပေါင်းထည့်ထားတဲ့ သကြားကတော့ ချက်ပြုတ်နေစဉ် ထပ်ထည့်လိုက်တဲ့ သကြားပါ။ သဘာဝ သကြားတွေက ပေါင်းထည့် သကြားတွေထက် အာဟာရ ပိုပြည့်ပါတယ်။
ပေါင်းထည့် သကြားတွေကို အစားအစာတွေမှာ အောက်ပါအတိုင်း စာတန်းထိုးထားပါတယ်
– Sugar (raw, brown, white, invert)
– Syrup (corn sweetened, high-fructose corn, malt, maple)
– Glucose
– Fructose
– Maltose
– Lactose
– Sucrose
– Honey
– Fruit juice concentrate
ဒီလို ထိုးထားရတဲ့ အကြောင်းကတော့ သင် ဆီးချိုရှိနေရင် ရှောင်လို့ရအောင် ပါ။ ဒါကြောင့် အပေါ်မှာ ပြောထားသလို အစားအစာတွေမှာ စာတန်းထိုးထားရင် ဂရုစိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။