backup og meta

ဆားလျှော့စားရင်းရမယ့် ကျန်းမာရေး

ဆားလျှော့စားရင်းရမယ့် ကျန်းမာရေး

တစ်ခုခုစားတဲ့အခါ အငန်ကဲတာက အတော်လေး အရသာရှိပါတယ်။ ပိုပြီးလည်း ခံတွင်းတွေ့ပါတယ်။ အငန်ကဲတဲ့ အစားအစာတွေက စားလို့ကောင်းတာ မှန်ပေမယ့် ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ အငန်စားတာက သွေးတိုးစေရုံတင် မဟုတ်ဘဲ အခြားသော ကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာစေဖို့ဆိုရင် ဆားလျှော့စားဖို့ သတိပေးချင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ဆားဓာတ် ခန္ဓာကိုယ်အတွက် အရေးပါသလား။

ဆိုဒီယမ်က ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်စေဖို့ အတော်လေး အရေးပါတာပါ။ ဒါပေမယ့် အရမ်းများလွန်းတာကတော့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အထူးသဖြင့်တော့ နှလုံးကျန်းမာရေးကိုပါ။ ဒါကြောင့် နှလုံးကျန်းမာစေဖို့ရော ခန္ဓာကိုယ်ကျန်းမာစေဖို့ရော အငန်ကဲတာတွေကို ‌ရှောင်ပါ။

ဆိုဒီယမ်က အရေးပါတဲ့ သတ္တုဓာတ်ပါ။ အရမ်းများမယ်ဆိုရင်တော့ လေပွတာ၊ ကြွက်တက်တာ၊ ရေဓာတ်ခမ်းခြောက်တာတွေကို  ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာစေဖို့ဆိုရင် ဆိုဒီယမ် (အငန်ဓာတ်)ကို အသင့်အတင့်ပဲ စားသင့်ပါတယ်။

ဆိုဒီယမ် အလွန်အကျွံမပါတဲ့ အစားအစာတွေက ကျန်းမာစေသလို စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။

  ဆားလျှော့စားရင်းရမယ့် ကျန်းမာရေး

ဆားလျှော့စားရင်းရမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။

  • ကိုယ်တွင်းက ဓာတ်ဆားပမာဏကို ထိန်းညှိပေးတယ်

ကိုယ်တွင်းက pH ပမာဏကို ထိန်းညှိဖို့ ကြွက်သားတွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့အတွက် ဓာတ်ဆားပမာဏကို ထိန်းညှိနိုင်ဖို့ လိုပါမယ်။ ဆိုဒီယမ်က ဒီဓာတ်ဆားဓာတ်ရဲ့ အရေးပါတဲ့ အရာတစ်မျိုးပါ။

ကြွက်တက်တာမျိုး မဖြစ်စေဖို့အတွက်လည်း ဆိုဒီယမ်ကို လုံလောက်တဲ့ ပမာဏ ရရှိစေဖို့ လိုအပ်ပါမယ်။ ဆားတွေကို အလွန်အကျွံ စားတာက ရေဓာတ်ခမ်းခြောက်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေကို ကမောက်ကမဖြစ်စေပါတယ်။

ဆားလျှော့စားရင်းရမယ့် ကျန်းမာရေး

  • တစ်နေ့တာလုံး အင်အားပြည့်ဝစေတယ်

ဆိုဒီယမ် အထိုက်အသင့်ပါတဲ့ အစားအစာတွေက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။ ဆိုဒီယမ်များလွန်းတဲ့ အစားအစာတွေကို စားသုံးတာကတေ့ သွေးကြောတွေကို ထူစေပြီး နှလုံးဆီကို သွေးရောက်ရှိမှု နည်းစေတာကြောင့် နှလုံးခုန်နှုန်း တိုးစေပါတယ်။ သွေးရောက်ရှိမှု နည်းတာ‌ကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေမှာ စွမ်းအင်နည်းပြီး အားမရှိသလို ခံစားရတတ်ပါတယ်။

ဆားလျှော့စားတာ သွေးကြောတွေကို ကျန်းမာစေပြီး နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာလုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပြီး တစ်နေကုန် အင်အားပြည့်ဝနေစေဖို့ ထောက်ကူပေးပါတယ်။

  • လေဖြတ်နိုင်ခြေကို လျှော့ချပေးတယ်

လေဖြတ်ရတဲ့ အကြောင်းအရင်းက ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှု နည်းတာကြောင့်ပါ။ ဆိုဒီယမ်က ခန္ဓာကိုယ်ရဲ့ သွေးစီးဆင်းရောက်ရှိမှုကို ထိန်းညှိပေးပါတယ်။ ဆိုဒီယမ် များလွန်းရင် ဖြစ်ဖြစ်၊ နည်းလွန်းရင်ဖြစ်ဖြစ် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

  • အမြင်အာရုံ ကျန်းမာစေတယ်

အငန်ပါဝင်မှု နည်းတဲ့ အစားအစာတွေက သွေးတိုးနိုင်ခြေကို သိသိသာသာ လျှော့ချပေးပြီး သွေးတိုးတာကြောင့် သွေးကြောလေးတွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ သွေးတိုးတဲ့အခါ သွေးကြောလေးတွေ ပျက်စီးပြီး အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အမြင်အာရုံကို ကာကွယ်ချင်တယ်ဆိုရင်တော့ ဆိုဒီယမ်ပါဝင်မှု များနေတဲ့ အငန်ကဲတဲ့ အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားပေးပါ။

လူတစ်ဦးအတွက် လိုအပ်မယ့် ဆိုဒီယမ် ပမာဏ

ကျန်းမာတဲ့ လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ဆား ၄ ဂရမ် ကနေ ၅ ဂရမ်လောက်ပဲ စားသင့်ပါတယ်။ ဒီလို စားသုံးတဲ့အခါ ဆားတင်မဟုတ်ဘဲ ဆိုဒီယမ်ဓာတ် ပါဝင်နေတဲ့ ဥအမျိုးမျိုး၊ ပင်လယ်စာ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက် အားလုံးမှာပါတဲ့ ဆိုဒီယမ် ပမာဏကိုပါ ထည့်တွက်ဖို့ လိုပါမယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why eat less salt https://www.actiononsalt.org.uk/less/health/ Accessed Date 13 October 2022

Should we eat less salt? https://pubmed.ncbi.nlm.nih.gov/23769406/ Accessed Date 13 October 2022

Tips for a lower salt diet https://www.nhs.uk/live-well/eat-well/how-to-eat-a-balanced-diet/tips-for-a-lower-salt-diet/ Accessed Date 13 October 2022

Effect of lower sodium intake on health: systematic review and meta-analyses https://www.ncbi.nlm.nih.gov/pmc/articles/PMC4816261/ Accessed Date 13 October 2022

Don’t miss out on these 4 astonishing health benefits of eating a low-sodium diet https://www.healthshots.com/healthy-eating/nutrition/4-benefits-of-low-sodium-diet/ Accessed Date 13 October 2022

ယခုပုံစံ

14/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးတိုးရှိလျှင် ဆားလျှော့စားပါ။

ဆားအကြောင်း အကောင်းအဆိုး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement