backup og meta

ချွဲပျော်စေဖို့ စားပေးသင့်တာလေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချွဲပျော်စေဖို့ စားပေးသင့်တာလေးများ

    ချောင်းဆိုးတာ၊ ရင်ကျပ်တာက အရွယ်မရွေးဖြစ်နိုင်သလို ရာသီမရွေးလည်း ဖြစ်နိုင်ပါတယ်။ ချွဲကျပ်တဲ့အခါ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းထဲက ချွဲတွေကို ထုတ်ပစ်ဖို့အတွက် ခန္ဓာကိုယ်က ချောင်းဆိုးတဲ့ ဖြစ်စဉ်နဲ့ တုံ့ပြန်ပါတယ်။ ဒီအခြေအနေမှာ ချွဲကလည်း ကျပ်၊ ချောင်းကလည်း ဆိုး နဲ့ အတော်လေး နေရခက်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးလို့ပဲဖြစ်ဖြစ်၊ အအေးမိတုပ်ကွေးမိလို့ ဖြစ်လို့ဖြစ်ဖြစ် ရင်ကျပ်တဲ့အခါ ချွဲပျော်စေဖို့ စားပေးသင့်တာလေးများ အကြောင်း ပြောပြပေးချင်ပါတယ်။

    ဘာလို့ ချွဲတွေ ဖြစ်ရတာလဲ။

    ချွဲဆိုတာက အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း အောက်ပိုင်းကနေ ထွက်ရှိလာတဲ့ အချွဲတွေပါ။ ခန္ဓာကိုယ်က ကာကွယ်ရေးစနစ်တစ်ခုအနေနဲ့ ထုတ်လုပ်လိုက်တဲ့ အရည်တွေပါ။ မျက်ရည်တွေ၊ တံထွေးတွေလိုပေါ့။ ဗိုင်းရပ်စ်တွေ ဘက်တီးရီးယားတွေကို တားဆီးဖို့ ခန္ဓာကိုယ်က ခံစစ်ပြင်လိုက်တာပါ။

    ချွဲကျပ်တာ ၊ ချွဲထတာက ကိုယ်ခံအားက ပြင်ပက ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို အပြင်းအထန် ခုခံတိုက်ထုတ်နေတဲ့ လက္ခဏာပါ။ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ဖြစ်နိုင်သလို ဓာတ်မတည့်တာ၊ ရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာ၊ ဆေးလိပ်သောက်တာတွေကြောင့် ချွဲထွက်တာတွေ ဖြစ်နိုင်ပါတယ်။

    ဒီလိုအခြေအနေမှာ ကိုယ်ခံအားကို အားဖြည့်ဖို့အတွက် အနေအထိုင် အစားအသောက်တွေကို သေချာလေး ဂရုစိုက် ရွေးချယ်ဖို့ လိုပါမယ်။ သန့်စင်ထားတဲ့ သကြား၊ ကာဗိုဟိုက်ဒရိတ်တွေကို အလွန်အကျွံစားတာက ကိုယ်ခံအားကို ထိခိုက်စေပါတယ်။ အကျိုးပြု ဘက်တီးရီးယားတွေကို အားနည်းစေပြီး ခန္ဓာကိုယ်ကို ချွဲဖြစ်စေဖို့ အားပေးပါတယ်။

    ပုံမှန် ကျန်းမာစေတဲ့ လူတစ်ယောက်မှာတောင် ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်လာမယ့် ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ဖို့ နဲ့ ရောဂါပိုးတွေကို ခန္ဓာကိုယ်က ခုခံရာမှာ အားဖြည့်ပေးနိုင်စေဖို့အတွက် အချွဲမြှေးကို ကာကွယ်ရေးစနစ်တစ်ရပ်လို ထားရှိထားတဲ့ အစိတ်အပိုင်းတွေတောင် ရှိပါတယ်။

    ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ချွဲကျပ်တာ ဖြစ်လာတဲ့အခါ ချွဲပျော်စေဖို့ စားပေးသင့်တာလေးများ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

    ချွဲပျော်စေဖို့ စားပေးသင့်တာလေးများ

    ချွဲပျော်စေဖို့ စားပေးသင့်တာလေးများ

    ရင်ကျပ်ချောင်းဆိုးနေချိန်မှာ ချွဲကျပ်တာ ကြောင့် ခံစားရ မခက်စေဖို့ဆိုရင် ဒါလေးတွေ စားသုံးပေးလို့ ရပါတယ်။

    • ချင်း [ဂျင်း]

    ချင်း [ဂျင်း] မှာ ကိုယ်တွင်းက ချွဲတွေကို ဖယ်ရှားပေးနိုင်သလို ဂျင်းမှာ ပါဝင်နေတဲ့ အင်ဇိုင်းတစ်မျိုးကလည်း ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အရောင်ကျစေနိုင်ပြီး အအေးမိဖျားနာတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ရေနွေးဆူဆူထဲထည့်ပြီး သောက်ပေးလို့ ရသလို သတ္တုရည်ကို သောက်ပေးလို့လည်း ရပါတယ်။ ဂျင်းချဉ်ကို သုပ်ပြီး စားပေးလို့လည်း ရပါတယ်။

    • အစိမ်းရောင် ဟင်းသီးဟင်းရွက်

    အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် A၊ C၊ E နဲ့ B တို့ ပါဝင်နေသလို ပိုတက်ဆီယမ်တို့ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ထဲက ချွဲသလိပ်တွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကလိုရိုဖီး ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပြီး သွေးသန့်စေဖို့ ထောက်ကူပေးပါတယ်။ ချွဲကျပ်တာ ကာကွယ်ဖို့ ဟင်းနုနွယ်၊ ကိုက်လန်၊ မုန်ညှင်းစိမ်းစတာတွေကို တစ်ပတ်ကို တစ်ကြိမ်လောက် အနည်းဆုံး စားပေးပါ။

  • သခွားသီး
  • သခွားသီးက ရေဓာတ်ကြွယ်ဝသလို ပိုတက်ဆီယမ် နဲ့ ဗီတာမင် C လည်းကြွယ်ဝတာကြောင့် ကိုယ်တွင်းက ချွဲတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဗီတာမင် C က ကိုယ်ခံအားကောင်းစေပြီး အစာခြေစနစ်ကိုလည်း အာဟာရတွေ ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။ တို့စားလို့ရသလို သုပ်စားပေးတာကလည်း အဆင်ပြေပါတယ်။

    • ပန်းသီး

    ပန်းသီးမှာ ဗီတာမင် C နဲ့ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်တို့ ပါဝင်နေတာကလည်း ချွဲပျော်စေဖို့ ထောက်ကူပေးပါတယ်။ အသီးကို ဒီအတိုင်း  စားပေးလို့ ရသလို ဖျော်ရည်လုပ်ပြီး သောက်ပေးလို့လည်း ရပါတယ်။

    • ပန်းဂေါ်ဖီစိမ်း

    ပန်းဂေါ်ဖီစိမ်းမှာ အဆိပ်အတောက်တွေကို ဖြိုခွဲပေးနိုင်တဲ့ အင်ဇိုင်းတွေ ပါဝင်နေပါတယ်။ ဗီတာမင် C နဲ့ အမျှင်ဓာတ် ပါဝင်နေတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ချွဲပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    • မုန်လာဥနီ 

    မုန်လာဥနီမှာ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ် နဲ့ ဗီတာမင် A တို့ ကြွယ်ဝစွာပါဝင်နေပါတယ်။ မုန်လာဥနီ စားသုံးပေးတာက ချွဲပျော်စေပြီး ကိုယ်ခံအားကောင်းပြီး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

    သတင်းစကား

    ချွဲကြပ်တာက ရောဂါအခံ တစ်ခုခု ကြောင့် ဒါမှမဟုတ် ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဖြစ်မယ်ဆိုရင်တော့ အခုပြောပြခဲ့တဲ့ အစားအစာလေးတွေကို စားသုံးတာအပြင် ဆရာဝန်နဲ့ ပြသပြီး သင့်တော်တဲ့ ဆေးကုသမှု ခံယူဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 10/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement