backup og meta

ခဏခဏ မေ့တတ်နေပြီလား ! ဒါတွေစားပါ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 20/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခဏခဏ မေ့တတ်နေပြီလား ! ဒါတွေစားပါ

    တစ်နေ့တာမှာ လုပ်စရာရှိတာတွေ လုပ်နေရင်း ဟော …ဘာလေးတော့ မေ့သွားပြန်တယ်။ ဒီနေ့ ဒါလုပ်ရမှာကို သတိထားရက် မေ့ပြန်ပြီ စိတ်ညစ်လိုက်တာဆိုပြီး နေ့တိုင်းလိုလို ညည်းတွားမိနေပြီလား။ မေ့တတ်တာက လူတိုင်းမှာ ဖြစ်တတ်တယ်ဆိုပေမယ့် ခဏခဏ မေ့တတ် တာကတော့ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒီတစ်ခေါက်တော့ ခဏခဏ မေ့တတ် ရင် ဘာတွေ စားသုံးပေးသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    လူတိုင်းနီးပါး ခဏခဏ မေ့တတ်ပါတယ်

    သတိ မေ့တတ် တာက လူတိုင်းလိုလို ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်တာကြောင့် သတိမေ့နိုင်သလို ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ ဘ​ဝနေထိုင်မှု ပုံစံ၊ ပတ်ဝန်းကျင်အခြေအနေတွေကြောင့်လည်း မေ့တတ် ပါတယ်။ ဒီလို မေ့တတ် တာကို အနေအထိုင်၊ စားအသောက်နဲ့ သက်သာအောင် လုပ်ပေးလို့ ရပါတယ်။

    ခဏခဏ မေ့တတ်နေပြီလား! ဒါတွေစားပါ အကြောင်းကတော့ စားသောက်မှု မှန်ကန်မယ်ဆိုရင် ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေမှာဖြစ်သလို မှတ်ဉာဏ်ကောင်းစေပြီး မေ့တတ်တာကို ကာကွယ်ပေးနိုင်လို့ပါ။ နေ့စဉ်စားသောက်မှုတွေကို မှန်ကန်စွာ စားသောက်ပေးမယ်ဆိုရင် တက်ကြွနိုးကြားစေမှာ အသေအချာပါ။

    ခဏခဏ မေ့တတ်နေပြီလား ! ဒါတွေစားပါ

    ခဏခဏ မေ့တတ်နေပြီလား! ဒါတွေစားပါ

    မေ့တာက တစ်နေ့ကို တစ်ခါ ၂ ခါမကဘဲ ခဏခဏ မေ့တတ်နေပြီလား ! ဒါဆိုရင်တော့ ဒါတွေ စားကြပါဦးနော်။

    • ဟင်းသီးဟင်းရွက်တွေ စားပါ

    လူတိုင်းက နေ့စဉ် စားသုံးမှုမှာ အသီးအရွက် ပါဝင်အောင် စားသုံးဖို့ မေ့နေတတ်ကြပါတယ်။ တကယ်ကတော့ ဦးနှောက်ကျန်းမာပြီး မှတ်ဉာဏ်ကောင်းစေဖို့အတွက် နေ့စဉ် စားသုံးမှုမှာ အသီးအရွက်တွေ ပါဝင်အောင် စားသုံးပေးဖို့ လိုပါမယ်။

    အထူးသဖြင့် ဦးနှောက်ကျန်းမာစေဖို့ ထောက်ကူပေးတဲ့ အသီးအရွက်တွေ ဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်ကြတဲ့ ကိုက်လန်၊ မုန်ညှင်းစိမ်း စတာတွေကို စားပေးဖို့ လိုပါမယ်။

    • ဘယ်ရီသီးတွေ

    ဘယ်ရီသီးတွေ ဘလူးဘယ်ရီ၊ ဘလက်ခ်ဘယ်ရီသီးတွေ၊ ချယ်ရီသီးတွေက မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးတဲ့ anthocyanins နဲ့ အခြား ဖလေဗာနွိုက်တို့ ပါဝင်နေပါတယ်။ တစ်နေ့တာမှာ ဘယ်ရီသီး လက်တစ်ဆုပ်စာ စားပေးတာက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး ခဏခဏ မေ့တတ် တာကို သက်သာစေမှာပါ။ ပုံမှန်လေး စားပေးဖို့တော့ လိုပါမယ်။

  • Omega-3 fatty acids ကြွယ်ဝတဲ့ ငါး
  • Omega-3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေက မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ကျန်းမာပြီး မှတ်ဉာဏ် ကောင်းမွန်စေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ Omega-3 fatty acids ကြွယ်ဝတဲ့ ဆယ်လ်မွန်၊ တူနာငါး၊ ဆာဒင်းငါး စတာလေးတွေကို စားပေးပါ။

    • သစ်ကြားသီး

    နှလုံးကျန်းမာစေတဲ့ သစ်ကြားသီးက ဦးနှောက်ကျန်းမာပြီး မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ သိမြင်မှုစွမ်းရည်ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ အဆာခံနိုင်စေပြီး ပရိုတင်း ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာစေသလို omega-3 fatty acids ပါဝင်နေမှုကလည်း ခဏခဏ မေ့တတ် တာကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။

    • အနက်ရောင် ချောကလက်

    အနက်ရောင် ချောကလက်ကို ကိုးကိုးစေ့ကနေ ထုတ်ထားတာပါ။ ကိုးကိုးစေ့မှာ ဓာတ်ဆိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဖလေဗာနွိုက် ပါဝင်နေပြီး ဦးနှောက် ကျန်းမာစေသလို သိမြင်မှု စွမ်းရည်ကောင်းစေဖို့ ထောက်ကူပေးသလို သတိမေ့တတ်တာကို သက်သာစေနိုင်ပါတယ်။

    ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ဦးနှောက်ဆဲလ်တွေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ မှတ်မိနိုင်စွမ်းတိုးစေပြီး အာရုံစူးစိုက်မှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

    ခဏခဏ မေ့တတ် နေတာကို သက်သာစေဖို့ အခုပြောခဲ့တာလေးတွေကို နေ့စဉ် စားသုံးမှုမှာ ပါဝင်အောင် ထည့်သွင်း စားသုံးပေးလို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 20/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement