သဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့ မီးဘေး၊ ရေဘေး၊ မုန်တိုင်း၊ ငလျင်တွေ ဖြစ်အပြီးမှာ ဒါမှမဟုတ် ဖြစ်မယ် သတိထားကြပါလို့ ကြေညာအပြီးမှာ ရိက္ခာ ဝယ်ယူစုဆောင်းကြတာ သဘာဝပါ။ အပြင်ထွက်လို့ အဆင်မပြေဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားနိုင်တဲ့အတွက် စုလည်း စုထားသင့်ပါတယ်။