သိထားဖို့လိုမယ့် အာဟာရဆိုင်ရာ အချက်အလက်များ
သိထားဖို့လိုမယ့် အာဟာရဆိုင်ရာ အချက်အလက်များ အကြောင်း အတူတူ လေ့လာလိုက်ရအောင်နော်။
ပရိုတင်း – ပရိုတင်းကို အမဲသား၊ ဝက်သား၊ ကြက်သား၊ တောကောင်သားတွေ၊ ငါး၊ ပင်လယ်စာ၊ ဥအမျိုးမျိုး၊ ပဲပိစပ် နဲ့ ပဲအမျိုးမျိုးတို့မှာ တွေ့ရပါတယ်။ ပရိုတင်းက ခန္ဓာကိုယ်အတွက် အမိုင်နိုအက်ဆစ်တွေကို ထောက်ပံ့ပေးပါတယ်။ အမိုင်နိုအက်ဆစ်က ကြီးထွားဖို့ လိုအပ်မယ့် ပရိုတင်းတွေကို ထောက်ကူပေးသလို ခန္ဓာကိုယ်က ထိခိုက်သွားတဲ့ တစ်ရှူးတွေကို အသစ်ဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ ပရိုတင်းက ကြွက်သားနဲ့ အရိုးတွေကို သန်မာစေဖို့ ထောက်ကူပေးသလို ကိုယ်ခံအားဆဲလ်တွေကိုလည်း အားဖြည့်ပေးပါတယ်။
ကာဗိုဟိုက်ဒရိတ် – ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထောက်ကူပေးပါတယ်။ ကာဗိုဟိုက်ဒရိတ် ပြည့်ဝစေဖို့ဆိုရင် ပြောင်းဖူး၊ ဂေါ်ရခါးသီး၊ ပဲအမျိုးမျိုး၊ ဆန်၊ ငှက်ပျောသီး၊ အာလူး၊ ဂျုံနဲ့လုပ်ထားတဲ့ မုန့်၊ ပေါင်မုန့်စတာတွေ စားပေးလို့ ရပါတယ်။
အဆီဓာတ် – အဆီဓာတ်ကို အဆီတွေ၊ အုန်းသီး၊ အခွံမာသီးတွေ၊ နို့၊ ချိစ်၊ အသား၊ ကြက်သား၊ ငါးစတာတွေကနေ ရရှိနိုင်ပါတယ်။ ဆံလ်တွေကိုဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။ အဆီတွက ဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် A ကို စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။
ဗီတာမင်တွေ – စွမ်းအင်တွေ ထွက်စေဖို့ ထောက်ကူပေးပါတယ်။ အနာကျက်စေဖို့၊ အရိုးတွေ ဖြစ်စေဖို့၊ ကိုယ်ခံအား ကောင်းစေဖို့၊ မျက်လုံးတွေနဲ့ အရေပြား ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
သတ္တုဓာတ်တွေ – သတ္တုဓာတ်တွေက နှလုံးသွေးကြောတွေကို ကျန်းမာစေနိုက်သလို အရိုးတွေသန်မာစေဖို့လည်း ထောက်ကူပေးပါတယ်။
သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ နို့ထွက်ပစ္စည်းတွေ၊ ပရိုတင်းပါတဲ့ အစားအစာတွေ နဲ့ နှံစားသီးနှံတွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ အစားအစာတွေကို စားသောက်ပေးတာက ခန္ဓာကိုယ်ကို ကျန်းမာစေသလို ကောင်းစွာ လှုပ်ရှားနိုင်စေဖို့လည်း ထောက်ကူပေးပါတယ်။
အစားအစာတွေထဲမှာပါတဲ့
- ဗီတာမင် A က မျက်လုံးတွေကို ကျန်းမာစေတယ်
- ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် က ကြွက်သားတွေနဲ့ သွေးကြောတွေကို ပြေလျော့စေဖို့ ထောက်ကူပေးတယ်။ ကြွက်မတက်စေဖို့၊ သွေးမတိုးစေဖို့ ထောက်ကူပေးတယ်
- ဗီတာမင် C က အနာကျက်စေပြီး ရောဂါပိုးတွေကို တိုက်ဖျက်ပေးတယ်
- သံဓာတ်က သွေးတွင်းအောက်ဆီဂျင်တွေကို ခန္ဓာကိုယ်အနှံ့ရောက်အောင် လုပ်ဆောင်ပေးတယ်။ သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်။
အသီးအရွက်တွေကို ဝယ်ယူတဲ့အခါမှာ အာဟာရ တန်ဖိုးတွေကို သိရှိဖို့ ခက်ပေမယ့် အသင့်ထုပ်ပိုးထားတဲ့ အစားအစာတွေမှာတော့ အာဟာရတန်ဖိုးကို ဖော်ပြထားတဲ့ ဇယားတွေပါဝင်နေတာကြောင့် သေချာလေး ဖတ်ကြည့်ဖို့ လိုပါမယ်။
ဒီ အာဟာရ ဇယားမှာ ပါဝင်တဲ့ အာဟာရ တစ်ခုချင်းစီရဲ့ ပမာဏကို % နဲ့ ဖော်ပြထားတာတွေ ပါဝင်နေသလို တစ်ခါစားရင်ရမယ့် ပမာဏကိုလည်း ဖော်ပြထားပါသေးတယ်။ ဒီအချက်တွေကို သေချာကြည့်ပြီး ကိုယ့်နဲ့ကိုက်ညီမှာကို ရွေးချယ်လို့ ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။