backup og meta

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

    ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ 

    ခရမ်းသီးခွံကို စားလို့ရလား!

    ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ ပိုတက်ဆီယမ်တို့ ပါဝင်နေသလို အခြားသော ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အာဟာရ များစွာလည်း ပါဝင်နေပါတယ်။ 

    ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

    ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတော့ လူတော်တော်များများကတော့ ခရမ်းသီးခွံကို နွှာစားကြဖို့ ပြောကြပေမယ့် တကယ်ကတော့ ခရမ်းသီး အခွံက စားလို့ ရသလို ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ 

    ခရမ်းသီးစားတဲ့အခါ အခွံကိုပါ ထည့်သွင်း စားသုံးမယ်ဆိုရင် – 

    ကိုယ်အလေးချိန် ထိန်းပေးတယ်

    ခရမ်းသီးနဲ့ ခရမ်းသီး အခွံမှာက အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး ဝိတ်ကျချင်သူတွေ စားပေးသင့်တဲ့ အသီး တစ်မျိုးပါ။ 

    သွေးတိုးကျစေမယ်

    ခရမ်းသီး အခွံမှာ ပိုတက်ဆီယမ် ပါဝင်နေတာက သွေးတိုးကျစေနိုင်သလို သွေးပေါင်ချိန်ကိုလည်း အတိုင်းအတာ တစ်ခုအထိ ထိန်းညှိပေးနိုင်ပါတယ်။ 

    ဝမ်းမှန်စေမယ်

    အမျှင်ဓာတ် ပါဝင်နေတာက အစာအိမ် အူလမ်းကြောင်း ကျန်းမာစေဖို့ နဲ့ သန့်စင်စေဖို့ လုပ်ဆောင်ပေးသလို နေ့စဉ်ဘဝမှာ ဝမ်းချုပ်ခြင်း ကင်းစေမှာပါ။ ဒါကြောင့် ဝမ်းချုပ်တတ်သူတွေ အနေနဲ့ ဝမ်းမှန်စေဖို့ ခရမ်းသီးကို စားပေးလို့ ရပါတယ်။ 

    အစာအိမ်အူလမ်းကြောင်း ကျန်းမာစေမယ်

    အစာအိမ်နံရံတွေ အူနံရံတွေ ကျန်းမာစေဖို့နဲ့ အူတွေရဲ့ လှုပ်ရှားမှု ကောင်းစေဖို့ ခရမ်းသီး အခွံကို စားပေးလို့ ရပါတယ်။ ခရမ်းသီးခွံက အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ 

    သွေးအားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးတယ်

    ခရမ်းသီးနဲ့ ခရမ်းသီးခွံမှာ ကော့ပါးနဲ့ သံဓာတ် ပါဝင်နေတာက သွေးအားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သံဓာတ်အားနည်းမှုကြောင့် သွေးအားနည်းပြီး ခြေကုန်လက်ပမ်းကျတာကို သက်သာစေဖို့ ခရမ်းသီးခွံကို စားပေးလို့ ရပါတယ်။ 

    အရိုးတွေ သန်မာစေတယ်

    ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် ပါဝင်နေမှုက အရိုးတွေကို သန်မာစေပြီး အသက်အရွယ်ကြောင့် အရိုးသိပ်သည်းဆ ကျဆင်းလာတာကို သက်သာစေနိုင်ပါတယ်။

    ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

    ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေမှုက နေ့စဉ် ထိတွေ့နေရတဲ့ ညစ်ညမ်းတဲ့ အရာတွေနဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ 

    သွေးတွင်းအဆီ ကျစေတယ်

    အမျှင်ဓာတ် ကြွယ်ဝမှုက သွေးတွင်းအဆီ ကျစေနိုင်ပြီး သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေသလို နှလုံး သွေးလည်ပတ်မှု ကောင်းစေပါတယ်။ နှလုံးဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာက နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 

    # အမှာစကား

    ခရမ်းသီးခွံက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အရမ်းရင့်နေရင် မစားပါနဲ့။ နောက်ပြီး မစားခင်မှာ ရေထဲကို ဆားထည့်ပြီး ဆားရည်လေးနဲ့ သေချာ သန့်စင်အောင် ဆေးကြောပေးပါ။ ကျန်းမာရေး ကောင်းကျိုး ရှိတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုတဲ့ စကားအတိုင်း အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement