backup og meta

ကလိုရိုဖီး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလိုရိုဖီး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ

    ကလိုရိုဖီး ဒီစကားလုံးလေးက လူတိုင်းနဲ့ စိမ်းကောင်းစိမ်းနေနိုင်ပါတယ်။ ကလိုရိုဖီးဆိုတာက ငယ်ငယ်က စာထဲမှာ သင်ခဲ့ဖူးတဲ့ အစိမ်းရောင်ခြယ် ပစ္စည်းတစ်မျိုးပါ။ နေ့စဉ်စားသုံးနေတဲ့ အသီးအရွက်လေးတွေနဲ့ ပတ်ဝန်းကျင်က သစ်ပင်တွေ စိမ်းစိုနေအောင် ဖန်တီးပေးထားတဲ့ အရာလေးပါ။

    အပင်တွေ အစာချက်လုပ်နိုင်စေဖို့ ထောက်ကူပေးတဲ့ ကရိုဖီးက အပင်တွေကို နေရောင်တွေကို စုပ်ယူပြီး အာဟာရချက်လုပ်နိုင်စေဖို့တင် ထောက်ကူပေးတာမဟုတ်ဘဲ လူတွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါသေးတယ်။ ဒီတစ်ခေါက်တော့ ကလိုရိုဖီး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ ….. ဆိုတာကို လေ့လာကြည့်ရအောင်နော်။

    ကလိုရိုဖီး ဆိုတာ

    ကလိုရိုဖီး ဆိုတာ အပေါ်မှာ ပြောခဲ့သလို အစိမ်းရောင်ခြယ်ပစ္စည်းပါ။  အသီးအရွက်လေးတွေ၊ အသီးအနှံလေးတွေ စိမ်းစိုနေစေဖို့ ထောက်ကူပေးပါတယ်။ အပက်တွေကို နေရာင်ခြည်စွမ်းအင်ကို စုပ်ယူပြီး အစာချက်လုပ်နိုင်စေဖို့ ထောက်ကူပေးပါတဲ့ အရာလေးပါ။ ဘယ်မှာတွေ့ရနိုင်လဲဆိုတော့ အစိမ်းရောင်ရှိတဲ့ အပင်လေးတွေမှာပါ။

    ကလိုရိုဖီး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ

    ကလိုရိုဖီး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ

    ကလိုရိုဖီး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ ဆိုတော့ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ကိုယ်ခံအားကို အားဖြည့်ပေးသလို အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ပေးပါသေးတယ်။

    ကလိုရိုဖီးကို

    • အဆစ်ရောင်နာ
    • နာတာရှည် ပင်ပန်းနွမ်းနယ်မှု
    • ဝမ်းချုပ်တာ
    • အဝလွန်တာ
    • ခံတွင်းမှက္ခရု
    • အသည်းကျန်းမာစေဖို့
    • မိန်းမကိုယ် မှိုစွဲတာ သက်သာစေဖို့ အသုံးပြုကြပါတယ်။

    ဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ လေ့လာမှုတွေအရ ကလိုရိုဖီးက

    • သွေးနီဥဆဲလ်တွေ တိုးပွားစေတယ်

    ကလိုရိုဖီးက သွေးဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပြီး ကျန်းမာတဲ့ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်လာအောင် အားဖြည့်ပေးပါတယ်။ အကြောင်းကတော့ ကလိုရိုဖီးရဲ့ အ​ခြေခံ ဖွဲ့စည်းပုံနဲ့ သွေးနီဥဆဲလ်တွေရဲ့ အခြေခံ ဖွဲ့စည်းပုံတွေက ခပ်ဆင်ဆင် တူနေတာကြောင့်ပါ။ သွေးနီဥဆဲလ်တွေထဲမှာ ရှိတဲ့ ပရိုတင်းက ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်တွေ ပို့ဆောင်ပေးပါတယ်။

    နေ့စဉ် စားသုံးမှုမှာ ကလိုရိုဖီး ပါဝင်အောင် စားသုံးတာက သွေးနီဥဆဲလ်တွေကို ကျန်းမာစေပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    • အသည်း ကျန်းမာစေတယ်

    ကလိုရိုဖီးရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက အသည်းကျန်းမာစေတာပါ။ အသည်းက ကိုယ်တွင်းက  အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ကလိုရိုဖီးက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းကျန်းမာစေသလို အသည်းခြောက်တာ၊ အသည်းကင်ဆာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

    • အနာကျက်စေနိုင်တယ်

    လေ့လာမှုတွေအရ ကလိုရိုဖီးကို အရေပြားပေါ်မှာ တိုက်ရိုက်လိမ်းပေးတာက အနာတွေကို ကျက်စေနိုင်ပါတယ်။ အနာကို ပိုးဝင်တာ၊ အနာရင်းတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ထိခိုက်တာတွေကို သက်သာစေဖို့အတွက် ကလိုရိုဖီးကို အသုံးပြုပေးလို့ ရပါတယ်။

    • ဝက်ခြံတွေ သက်သာစေပြီး အရွယ်တင်စေတယ်

    ဝက်ခြံရှိသူတွေ အနေနဲ့လည်း ဝက်ခြံ သက်သာစေဖို့ ကလိုရိုဖီးကို အသုံးပြုပေးလို့ ရပါတယ်။ ကလိုရိုဖီးရဲ့ နောက်ထပ် အာနိသင်တစ်ရပ်ကတော့ နေရောင်​ကြောင့် အရွယ်မတိုင်ခင် အိုမင်းတာ၊ နေလောင်တာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။

    • ချွေးနံ့ကင်းစေတယ်

    ကလိုရိုဖီးကို ခန္ဓာကိုယ်က ချွေးနံ့နဲ့ အနံ့ဆိုးတွေ ကင်းစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ချိုင်းချွေးနံ့ နံတာကို သက်သာစေဖို့အတွက်လည်း ကလိုရိုဖီး ပါတာကို အသုံးပြုပေးလို့ ရပါတယ်။

    ကလိုရိုဖီးကို ဘယ်ကနေ ရနိုင်လဲ

    အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေက ကလိုရိဖီး ကြွယ်ဝပါတယ်။

    • ဟင်းနုနွယ်
    • တရုတ်နံနံ
    • မုန်ညှင်းစိမ်း
    • စိမ်းပြာရေညှိ
    • ပင်စိမ်း
    • ဟင်းနုနွယ်
    • ပန်းဂေါ်ဖီစိမ်း
    • ဂေါ်ဖီထုတ်
    • ကညွတ်
    • ပဲသီးတောင့်
    • လက်ဖက်စိမ်းစတာတွေကနေ ရရှိနိုင်ပါတယ်။

    အလွန်အကျွံ မစားပါနဲ့

    ကလိုရိုဖီးက ကျန်းမာစေတာ မှန်ပေမယ့် အလွန်အကျွံ မစားပါနဲ့ ဒီလိုပြောရတာက ကလိုရိုဖီးကို အလွန်အကျွံ စားတဲ့အခါ

    • ဝမ်းအစိမ်းရောင်တွေ သွားတာ
    • မအီမသာဖြစ်တာ
    • ဗိုက်အောင့်တာ
    • ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
    • အော့အန်တာတွေကို ခံစားရနိုင်ပါတယ်။

    သတင်းစကား

    ကလိုရိုဖီးကို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားသုံးတာကနေ လွယ်လွယ်ကူကူရရှိနိုင်ပါတယ်။ ဖြည့်စွက်စာတွေအနေနဲ့ သောက်သုံးမယ်ဆိုရင် တတ်သိနားလည်သူတွေနဲ့ အရင်တိုင်ပင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 09/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement