ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ရှီတာကီမှို ကြိုက်ကြလား

အသားပေါင်းတွေမှာ ထည့်တတ်သလို ဟော့ပေါ့စားတဲ့အခါမှာဖြစ်ဖြစ် ခေါက်ဆွဲပြုတ်၊ ကြာဇံပြုတ်တွေမှာဖြစ်ဖြစ် ထည့်စားလေ့ရှိကြတဲ့ ရှီတာကီမှို က စားလိုက်တိုင်းအရသာရှိမှုနဲ့အတူ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုပါ ပေးစွမ်းနေပါတယ်။ ရှီတာကီမှိုဆိုတာက အာရှဒေသမှာလူကြိုက်များတဲ့ အစားအစာတွေထဲကတစ်ခုပေါ့။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် လူကြိုက်အများဆုံးစားစရာစာရင်းမှာ နံပါတ် ၂ ဒါမှမဟုတ် နံပါတ် ၃လောက်ကိုရှိနေတဲ့ စားစရာတစ်မျိုးပေါ့။ ရှီတာကီမှို ဆိုတာ ဝါးလိုက်ရင် အသားလိုမျိုးဝါးလို့ကောင်းပြီး မှိုဆိုတာထက်အရသာကို လေးလေးနက်နက်ပေးစွမ်းနိုင်တဲ့ ရှီတာကီမှိုက အညိုရောင်ရှိပြီး ခပ်ဝိုင်းဝိုင်းခပ်ထူထူသဏ္ဍာန်ရှိပါတယ်။ လတ်လတ်ဆတ်ဆတ်စားတာရှိသလို အခြောက်ခံပြီးမှ ရေပြန်စိမ်ပြီး စားတာမျိုးလည်းရှိပါတယ်။ အရှေ့အာရှဒေသမျိုးရင်းဝင်မှိုတစ်မျိုးပါ။ ဂျပန်မှာ အဓိကပေါက်ရောက်ပေမယ့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ စင်ကာပူနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှာလည်းပေါက်ရောက်ကြပါတယ်။ ရှီတာကီမှာပါတဲ့ အာဟာရဓာတ်တွေ ရှီတာကီက ကယ်လ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပါဝင်မှုများသလို ဗီတာမင် B နဲ့ အခြားသတ္တုဓာတ်များစွားလည်းပါဝင်နေပါသေးတယ်။ ကာဗိုဟိုက်ဒရိတ် ပရိုတင်း အမျှင်ဓါဩာတ် ရိုင်ဗိုဖလာဗင် နီကာဆင် ကော့ပါး ဗီတာမင် B5 […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေရဲ့ လက္ခဏာရပ်

နေ့စဉ်နေ့တိုင်း စားသုံးနေတဲ့အစားအစာတွေ ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား။ ကိုယ်စားသုံးနေတဲ့အစားအစာက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေရဲ့  လက္ခဏာရပ်တွေနဲ့ ပြည့်စုံရဲ့လားဆိုရင်တာသိချင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်လိုက်နော်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေရဲ့ လက္ခဏာရပ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေရဲ့ လက္ခဏာရပ် တွေက ဘာတွေလဲ.......................နေ့စ​ဉ်စားသုံးနေတဲ့အစားအစာတွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတစ်ရပ်ဖြစ်ဖို့ဆိုရင် ဒီလက္ခဏာရပ်တွေနဲ့ပြည့်စုံဖို့လိုပါမယ်။ ထိုက်သင့်တဲ့ပမာဏရှိရမယ် ကျန်းမာရေးနဲ့ညီညွတ်ပြီး ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင် အစားအစာတွေပြင်ဆင်တဲ့အခါ လိုအပ်တဲ့အာဟာရတွေ အချိုးအစားကျနစွာပါဝင်နေဖို့ကလည်း မေ့ထားလို့မဖြစ်ပါဘူး။ ထမင်းက ၅၀ ရာခိုင်နှုန်း၊ အသားက ၂၅ ရာခိုင်နှုန်း၊ ဟင်းသီးဟင်းရွက်က ၁၅ ရာခိုင်နှုန်း၊ ပဲအမျိုးမျိုးက ၁၀ ရာခိုင်နှုန်းစသဖြင့်ပေါ့။ ဒါမှ ခန္ဓာကိုယ်ကျန်းမာပြီး ကြီးထွားဖွံ့ဖြိုးစေဖို့လိုအပ်တဲ့ ပရိုတင်း၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပြည့်ဝစွာပါဝင်တော့မှာပေါ့။ ကိုယ်ခံအားကောင်းစေဖို့အတွက်လည်း အကောင်းဆုံးထောက်ပံ့ရာရောက်မှာပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေပါပါစေ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေက ဗီတာမင်တွေ၊ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်နေသလို အမျှင်ဓာတ်နဲ့သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ကလေးကို သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ ပုံမှန်ကျွေးပေးတာက အစာခြေစနစ်ကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံပရာခွံကိုပါ ဝါးစားသင့်တဲ့အကြောင်းအရင်း

အနံ့မွှေးမွှေးလေးနဲ့ ချဉ်တဲ့အရသာကြောင့် လန်းဆန်းမှုကိုပေးတဲ့ သံပရာသီးကို စားတဲ့အခါ အရည်ကိုပဲ ညှစ်ပြီး စားကြတာ များတယ်နော်။ အခွံကိုတော့ ဒီအတိုင်း ထားလိုက်တာ များပါတယ်။ တကယ်တော့ သံပရာသီးက အတွင်းသားတင်မဟုတ်ဘဲ အခွံမှာပါ ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့ဓာတ်တွေ ပါဝင်နေပါတယ်။ သံပရာခွံ ဆိုတာ သံပရာခွံ ဆိုတာကို ထွေထွေထူးထူး ပြောနေစရာ မလိုအောင် သိထားပြီး ဖြစ်မှာပါ။ အနံ့မွှေးပြီး အရသာ ချဉ်ချဉ်လေးနဲ့ ခံတွင်းရှင်းတဲ့ သံပုရာသီးရဲ့ အခွံပါ။ အစိမ်းရောင် ရင့်ရင့်၊ အစိမ်းရောင် ဖျော့ဖျော့နဲ့ အဝါရောင်အထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ ခါးသက်သက် အရသာရှိပေမယ့် ဆေးဖက်ဝင်ပါတယ်။ သံပရာခွံ မှာပါတဲ့ အာဟာရဓာတ်တွေ သံပရာသီးက အရွယ်အစားအားဖြင့် သေးငယ်ပေမယ့် အခွံကရော အတွင်းသားကပါ ကျန်းမာရေးအကျိုးကျေးဇူးတွေ တော်တော်လေး များပါတယ်။ သံပရာခွံမှာ ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

စပါးလင် စားရင်းရမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ

စပါးလင်ကို မြန်မာတွေအကြိုက် မုန့်ဟင်းခါးထဲမှာ ထည့်ချက်ကြသလို ငါးဟင်း၊ အသားဟင်းတွေ ထဲမှာပါ ထည့်ချက်စား ကြပါတယ်။ အညှီအဟောက် နိုင်သလို ခံတွင်းလည်း ရှင်းစေတဲ့ စပါးလင်လေးက စားလို့ ကောင်းရုံတင် မဟုတ်ဘဲ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေလည်း ပေးပါသေးတယ်။ ဘယ်လို အာဟာရဓာတ်တွေ ရနိုင်လဲ စပါးလင် အရွယ်တော် တစ်ချောင်းစာမှာ • ရေဓာတ် • ပရိုတင်း • အဆီဓာတ် • ကာဗိုဟိုက်ဒရိတ် • ကယ်လ်ဆီယမ် • သံဓာတ် • မဂ္ဂနီဆီယမ် • ဖော့စဖရိတ် • ပိုတက်ဆီယမ် • ဆိုဒီယမ် • ဇင့် • ဗီတာမင် C • သီရာမင်း • ရိုင်ဗိုဖလာပင် • နီကာဆင် • ဗီတာမင် B • ဖောလိတ် • ဗီတာမင် A • ဗီတာမင် D တို့ပါဝင်ပါတယ်။ စပါးလင် ကပေးတဲ့ ကျန်းမာရေး စပါးလင် စားရင်းရမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ကိုလက်စထရောကျစေနိုင်တယ် စပါးလင် ပုံမှန် စားသုံးပေးမှုက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘလူးဘယ်ရီသီးလေး ရဲ့ ကျန်းမာရေးအာနိသင်

ဘလူးဘယ်ရီသီးလေး တွေက အမြင်လှသလို စားရင်လည်း အရသာရှိပါတယ်။ သူ့ရဲ့ အရည်အချင်းက ဒီလောက်နဲ့ပဲ ပြီးသွားတာလားဆိုတော့ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေ ရှိနေပါသေးတယ်။ ဘလူးဘယ်ရီသီး ကနေ ရရှိမယ့် အာဟာရဓာတ်တွေ စားရတာ အရသာရှိတဲ့ ဘလူးဘယ်ရီသီးလေး မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အမျှင်ဓာတ် ဗီတာမင် C ဗီတာမင် K ဗီတာမင် A ဗီတာမင် E ဖောလိတ် ဓာတ်တိုးဆန့်ကျင်ပစ္စည်း မဂ္ဂနိစ် မဂ္ဂနီဆီယမ် Niacin သံဓာတ် ကယ်လ်ဆီယမ် အခြားအာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ဘလူးဘယ်ရီသီးလေး ရဲ့ ကျန်းမာရေးအာနိသင် စားလို့ကောင်းတဲ့ ဘလူးဘယ်ရီသီးတွေက ကျန်းမာရေးအတွက် အခုလို အထောက်အကူပြုပေးပါတယ်။ ဘလူးဘယ်ရီသီးလေး ရဲ့ ကျန်းမာရေးအာနိသင် တွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ Anthocyanins လို့ခေါ်တဲ့ ဖလေဗာနွိုက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

အိုင်အိုဒင်း ကြွယ်ဝတဲ့အစားအစာ (၆) မျိုး

ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် နေ့စဉ် စားသုံးမှုကနေ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝဖို့ လိုပါမယ်။ သတ္တုဓာတ်တွေ ပြည့်ဝဖို့ဆိုတဲ့ထဲမှာ အိုင်အိုဒင်း ပြည့်ဝစေဖို့ကလည်း အရေးကြီးပါတယ်။ ဒီတော့ အိုင်အိုဒင်း ဆိုတာ ဘာလဲ။ ဘယ်လို အစားအစာတွေကနေ အိုင်အိုဒင်းကို ရရှိနိုင်မလဲဆိုတာကို ပြောပြပေးပါမယ်။ အိုင်အိုဒင်းဆိုတာ အိုင်အိုဒင်းက ခန္ဓါကိုယ်အတွက်အရေးပါတဲ့ သတ္တုဓါတ်တစ်မျိုးပါ။ ဒီအရေးပါတဲ့ အိုင်အိုဒင်း ကို အစားအသောက်ကနေတဆင့်ရရှိနိုင်ပါတယ်။ အိုင်အိုဒင်းကို အဓိကလိုအပ်တဲ့အစိတ်အပိုင်းက သိုင်းရွိုက်ဂလင်းပါ။ ခန္ဓာကိုယ်အတွက်အရေးပါတဲ့ သိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်လွှတ်ဖို့အတွက် အိုင်အိုဒင်းကိုလုံလောက်စွာရရှိဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့ အိုင်အိုဒင်း ကြွယ်ဝတဲ့အစားအစာ လေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ အိုင်အိုဒင်း ကြွယ်ဝတဲ့အစားအစာ (၆) မျိုး အိုင်အိုဒင်း လုံလောက်စွာရရှိဖို့ဘာတွေစားမလဲ............ ဆိုပြီး စဉ်းစားရခက်နေပြီလား။ ဒါဆိုရင် အိုင်အိုဒင်း ကြွယ်ဝတဲ့ အစားအစာ တွေကို ကြည့်လိုက်ပါဦး။ (၁) ရေညှိ ဓါတ်တိုးဆန့်ကျင်အာနိသင်၊ ဗီတာမင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Green Tea ကို ဘယ်လောက်သောက်သင့်သလဲ

Green Tea ဟာ ရုက္ခဗေဒအမည် Camellia sinensis လို့ဆိုတဲ့ လက်ဖက်ပင်ရဲ့ အရွက်ကနေ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ Oo Long Tea နဲ့ black tea ဆိုတာတွေလည်း လက်ဖက်ရွက်ကနေပဲ ထုတ်လုပ်ထားပြီး ပြုလုပ်တဲ့အဆင့်ပဲ ကွာခြားသွားခြင်း ဖြစ်ပါတယ်။ မြန်မာလူမျိုးများ သောက်သုံးတဲ့ လက်ဖက်ရည်ကြမ်းနဲ့လည်း သဘောတရားအတူတူပဲ ဖြစ်ပါတယ်။ Green tea ကို တော့ လက်ဖက်စိမ်း လက်ဖက်ရည်လို့လည်း ညွှန်းကြပါတယ်။ Green Tea သောက်ခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ အားလုံးသိပြီးကြပြီး ဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိခြင်း၊ ကိုလက်စထရောကို လျှော့ချပေးခြင်း၊ ဆီးချိုကို ကာကွယ်ပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ဒါဆိုရင် နေ့စဉ် လက်ဖက်ရည်ကြမ်း Green Tea ကို များများသောက်နိုင်လေ၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သောက်သုံးရေကပေးတဲ့ ကျန်းမာရေး

တစ်နေ့တာမှာ အာခြောက်လို့၊ မောလို့ဆိုပြီး သောက်မိနေတဲ့ရေက ရေဆာပြေရုံ၊ အမောပြေစေရုံပဲလား။ ဒီလိုမဟုတ်ပါဘူးနော်။ သင်သောက်လိုက်တဲ့ ရေတစ်ခွက်စီတိုင်းက သင့်ကျန်းမာရေးကိုရော သင့်ခန္ဓာကိုယ်ကိုပါ အများကြီးအထောက်အပံ့ပေးနေပါတယ်နော်။ ဘယ်လိုတွေများထောက်ပံ့ပေးနေလဲ။ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကတဆင့် ပြောပြပေးမယ်နော်။ ခန္ဓာကိုယ်အတွက် ရေကဘယ်လောက်အတိုင်းအတာအထိအရေးပါလဲ............... ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကိုရေနဲ့ဖွဲ့စည်းထားတာပါ။ ဒီလောက်တင်လားဆိုတော့ မဟုတ်ပါဘူး။ ကျွန်မတို့နေထိုင်ရာ ကမ္ဘာမြေကြီးရဲ့ ၇၁ ရာခိုင်နှုန်းကိုလည်းရေတွေနဲ့ဖွဲ့စည်းထားတာပါ။ ထမင်းအသက် ၇ ရက် ရေအသက် တစ်မနက်ဆိုတဲ့စကားလေးကလည်း ရေက ဘယ်လောက်ထိအရေးပါကြောင်းကိုဖော်ပြနေပါတယ်နော်။ တစ်နေ့ကို ရေဘယ်နှခွက်သောက်သင့်လဲ...... သင်က ပကတိကျန်းမာနေသူတစ်ဦးဖြစ်မယ်။ ပြောချင်တာကတော့ ကျောက်ကပ်ရောဂါရှိမနေဘူးဆိုရင် တစ်နေ့ကိုအနည်းဆုံးရေ ၈ ခွက်သောက်သင့်ပါတယ်။ ဒီထက်ပိုသောက်လို့လည်းရပါတယ်။ တကယ်လို့ ကျောက်ကပ်ရောဂါရှိနေမယ်ဆိုရင်တော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်ပေးပါ။ သောက်ရေကပေးတဲ့ ကျန်းမာရေး............. ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေအကောင်းဆုံးလည်ပတ်နိုင်စေပြီး ကျန်းမာစေဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့လိုပါမယ်။ ရေကခန္ဓာကိုယ်အတွက် ဘာတွေများလုပ်ပေးလဲချင်ရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ အဆစ်တွေလှုပ်ရှားရအဆင်ပြေစေတယ် အရိုးနုလေးတွေ၊ အဆစ်တွေနဲ့ ကျောရိုးဆစ်လေးတွေထဲမှာ ရေ ၈၀ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းချဉ်သီး နီနီလေးကပေးတဲ့ကျန်းမာရေး

ဟင်းအနှစ်ရဖို့အတွက်ပဲဖြစ်ဖြစ်၊ ရေလေးစင်အောင်ဆေးပြီး အစိမ်းလိုက်ပဲ ဝါးစားစား၊ လက်ဖက်သုပ် နဲ့ အခြားသောအသုပ်တွေထဲပဲထည့်စားစား၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်၊ဆီချက်တို့နဲ့ပဲ သုပ်စားစားအရသာရှိတဲ့ ခရမ်းချဉ်သီး လေးကို ကြိုက်လား။ ဟင်းထဲမှာခရမ်းချဉ်သီးပါမှ စားတတ်တယ်ဆိုတဲ့သူဆိုရင်တော့ ​ကြိုက်တာတွေကို စားရင်းကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတော့ ဘယ်လောက်များပျော်စရာကောင်းလိုက်မလဲနော်။ အရောင်အသွေးလှတဲ့ ခရမ်းချဉ်သီး ကပေးတဲ့ကျန်းမာရေး ခရမ်းချဉ်သီးက အရောင်အသွေးလှတယ်၊ စားလိုက်ရင်ခပ်ချဉ်ချဉ်အရသာလေးရှိပြီး စားလို့ကောင်းတယ်ဆိုတာနဲ့တင်ပြီးသွားတာမဟုတ်ပါဘူး။ အခုလိုကျန်းမာရေး အကျိုးကျေးဇူးလေးတွေလည်း ပေးပါသေးတယ်။ အသားအရေ ကျန်းမာစေနိုင်တယ် ခရမ်းချဉ်သီးမှာ အသားအရေကို​ကြည်လင်စေနိုင်တဲ့ lycopene ကြွယ်ဝစွာပါဝင်နေပြီး အသားအရေထိန်းသိမ်းမှုအတွက်တော်တော်လေး အထောက်အကူပြုပေးနိုင်မှာပါ။ စားပေးလို့ရသလို အရေပြားပေါ်မှာ ခရမ်းချဉ်သီး ကပ်ပေးတာကလည်း အသားအရေကိုထိထိရောက်ရောက်ထိန်းသိမ်းရာရောက်ပါတယ်။ အသားအရေလေးကြည်ကြည်လင်လင်လေးလှချင်တယ်ဆိုရင်တော့ ခရမ်းချဉ်သီးလေးရဲ့ အကူအညီယူလိုက်ပါနော်။ ကင်ဆာ ကာကွယ်နိုင်စွမ်း ရှိတယ် ခရမ်းချဉ်သီးမှာ lycopene ပါဝင်နေတာကြောင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေပွားမလာအောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ သတိထားရမှာက ခရမ်းချဉ်သီးက ချက်လိုက်တဲ့အခါမှ lycopene ပိုကြွယ်ဝသွားတာပါ။ ဒါကြောင့် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း