အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့

ခံတွင်းပျက်တယ် ဆိုတာက ကလေးရော လူကြီးပါ ကြုံဖူးကြမှာပါ။ ခံတွင်းပျက်ပြီ ဆိုရင် ဘာစားစား အရသာ မတွေ့သလို အရမ်း ကြိုက်တဲ့ အစားအစာတွေကို စားရင်တောင်မှ ဘာမှကို စားမကောင်း သလို ခံစားရတာပါ။ ဒီလိုမျိုး ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်း အချို့ကို ပြောပြပေးမယ် ဆိုရင် စိတ်ဝင်စား မလား! စိတ်ဝင်စားတယ် ဆိုရင် စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။  https://hellosayarwon.com/healthy-aging/nutrition-for-aging/loss-of-appetite-in-elderly/ ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့ ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့ ကတော့ -  သံပုရာရည် သောက်ပါ  သံပုရာသီးကို အရည် ညှစ်ပြီး ရေနွေးနွေးလေးနဲ့ သောက်ပေးတာက ခံတွင်းပျက် နေတာကို သက်သာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ခံတွင်းပျက်နေပြီ ဆိုရင် မနက်စာ မစားခင်မှာ သံပုရာရည် […]

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆောင်းရာသီမှာ မိသားစုဝင်တိုင်း ကျန်းမာစေဖို့ နည်းလမ်းများ

မိသားစုဆိုတာက ခိုင်မြဲတဲ့ ချစ်ခြင်းတွေနဲ့ ရစ်နှောင်ထားတဲ့ အစုအဝေးလေးပါ။ ဒီအစုအဝေးလေးက ဘာနဲ့တူလဲဆိုရင် ကျွန်တော်တို့ရဲ့ လက်ချောင်းလေးတွေလိုပါပဲ။ မိသားစုဝင်တွေက တစ်ဦးနဲ့ တစ်ဦး အဆင်ပြေပြေနေနေကြတယ် ချစ်ချစ်ခင်ခင် နေကြတယ်ဆိုပေမယ့် လက်ချောင်းလေးတွေက တစ်ချောင်းနဲ့ တစ်ချောင်း မညီကြသလို မိသားစုဝင်တွေမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ဝါသနာတွေ မတူကြသလို ယူထားတဲ့ တာဝန်ချင်းလည်း မတူကြပါဘူး။ ဖေဖေတွေက အိမ်ထောင်ဦးစီးဖြစ်ပြီး မိသားစုကို ဦးဆောင်တဲ့နေရာကို တာဝန်ယူပါတယ်။ မေမေကတော့ မိသားစုတစ်စုလုံးကို ကျန်းမာစေဖို့ ပျော်ရွှင်ချစ်ခင်စေဖို့ နေထိုင်စားသောက်မှု အားလုံးကို ဂရုစိုက်ရပါတယ်။ နောက်ပြီး ရှိနိုင်သေးတာက အကြီးဆုံးသား ဖြစ်တဲ့ အစ်ကိုကြီးနဲ့ သူ့နောက်က မွေးလာတဲ့ သမီးကြီး၊ အငယ်ဆုံး သား၊ အငယ်ဆုံး သမီး စသဖြင့်ပေါ့။ ခုနောက်ပိုင်းကာလတွေမှာတော့ မိသားစုဝင်တွေက အရင်ခေတ်တွေကလောက် အရမ်းမများတော့ပေမယ့် မိသားစုဝင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြင်ဆေးခွေများ နဲ့ ကျန်းမာရေးပြဿနာများ

ခြင်ဆေးခွေဆိုတာ မြန်မာနိုင်ငံက အိမ်တော်တော်များများမှာ ရှိတတ်တဲ့အရာပါ။ ခြင်တွေ သောင်းကျန်းတဲ့ မိုးတွင်းလိုအချိန်တွေ၊ ကလေးရှိလို့ ခြင်ဒဏ်ကြောက်ရတဲ့ အိမ်တွေမှာဆို ခြင်ဆေးခွေက မရှိမဖြစ်ပါ။ ခြင်ကြောက်လို့ ခြင်ဆေးတွေ ထွန်းရပေမဲ့ ခြင်ဆေးခွေတွေက အန္တရာယ်ကင်းရဲ့လား။ ခြင်ဆေးခွေများ  က ဘယ်လိုကျန်းမာရေးပြဿနာတွေကို ဖြစ်စေမှာလဲ။ ခြင်ဆေးခွေထဲမှာ ဘာတွေ ပါသလဲ ဟိုးအရင် အဘိုးအဘွားတွေ လက်ထက်တုန်းကတော့ နနွင်းမှိုင်းတွေတိုက်၊ လိမ္မော်ခွံခြောက်ကို မှိုင်းတိုက်တာတွေ လုပ်ပြီး ခြင်ပြေးအောင် လုပ်တတ်ကြပါတယ်။ ခုခေတ်မှာတော့ လွယ်လွယ်ကူကူ ခြင်ဆေးခွေ ထွန်းကြတာပေါ့။ မှိုင်းတိုက်တာလောက်လည်း မီးခိုးတွေ အများကြီး မထွက်တာကြောင့် လူသုံးလည်း များပါတယ်။ ခြင်ဆေးတွေမှာ အဓိကအားဖြင့်တော့ ပိုးသတ်ဆေးဖြစ်တဲ့ pyrethroid အမျိုးအစားနွယ် ဓာတုပစ္စည်းတွေ၊ ဟိုက်ဒရို ကာဘွန်၊ ‌ဖော်မယ်ဒီဟိုက်၊ ကီတုန်း စတာတွေ ပါဝင်ပါတယ်။ ဒါ့ပြင် ကိုယ်မသိနိုင်တဲ့ တခြားဓာတုပစ္စည်းတွေလည်း အများကြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေခဲနဲ့ ရေချိုးတာက ကျန်းမာစေမလား!

အခုနောက်ပိုင်း အွန်လိုင်းမှာတွေ့ရများတာက ရေခဲရေထဲ စိမ်တာမျိုးပါ။ ဇလုံ ဒါမှမဟုတ် လူတစ်ကိုယ်စာ ကောင်းကောင်း ထိုင်လို့ရတဲ့ ပုံးကြီးကြီးထဲမှာ ရေခဲနဲ့ ရေတွေ အပြည့်ထည့်ပြီး ဝင်ထိုင်လို့ စိမ်တာမျိုးပါ။ ဒီလိုမျိုး ရေခဲနဲ့ ရေချိုးတာက ကျန်းမာစေမလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  ရေခဲထဲမှာ စိမ်ပြီး ရေချိုးတာကို ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ရတဲ့သူတွေ၊ Gym ပြင်းပြင်းထန်ထန် ဆော့သူတွေနဲ့ ကိုယ်ခံပညာရပ်နဲ့ ပတ်သက်တဲ့ အားကစားသမားတွေ အသုံးပြုတာ များပါတယ်။ ဒီလို ရေခဲနဲ့ ရေချိုးတာက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တယ်လို့ ယူဆတာကြောင့် လွန်ခဲ့တဲ့ ရာစုနှစ်တွေ ကတည်းက အသုံးပြုခဲ့ကြတာပါ။ ဘယ်လို ကောင်းကျိုးများသလဲ ဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/healthy-habits/general-hygiene/cold-shower-vs-hot-shower/ ရေခဲနဲ့ ရေချိုးတာက ကျန်းမာစေမလား! ရေခဲနဲ့ ရေချိုးတာက ကျန်းမာစေမလား! ဆိုတဲ့ မေးခွန်းရဲ့ […]


ရောဂါလက္ခဏာများ

ဗီတာမင် B12 ချို့တဲ့မှု ရဲ့ အမှတ်တမဲ့ ဖြစ်နေတဲ့ လက္ခဏာများ

ဗီတာမင် B12 ချို့တဲ့မှု ဆိုတာက ကုသလို့ ရတဲ့ ကျန်းမာရေး အခြေအနေ တစ်ရပ်ဖြစ်ပြီး ဗီတာမင် B12 လုံလောက်အောင် မစားသုံးမိတာ၊  ရောဂါအခံတွေကြောင့်ဖြစ်တဲ့ ကျန်းမာရေး အခြေအနေပါ။ နောက်ထပ် ဖြစ်နိုင်ခြေ ရှိတာက တစ်ခုက ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစာတွေထဲမှာ ပါတဲ့ ဗီတာမင် B12 ကို လုံလောက်အောင် မစုပ်ယူနိုင်တာမျိုးပါ။  ဗီတာမင် B12  ချို့တဲ့မှုက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ အာရုံကြောကျန်းမာရေးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။  ဗီတာမင် B12က အရေးပါသလား! ဗီတာမင် B12 က ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အမျိုးမျိုးအတွက် လုပ်ဆောင်ပေးနေတဲ့ ဗီတာမင် တစ်မျိုးပါ။ နေ့စဉ် စားသောက်မှုမှာ ဗီတာမင် B12 လုံလောက်စွာ မရရှိတာက ပြင်းထန်တဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဥပုသ်စောင့်တဲ့အခါ ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာများနဲ့ ဖြေရှင်းနည်းများ

ဥပုသ်စောင့်တာက ဘာသာရေးအရရော ကျန်းမာရေးအရရော အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ဗုဒ္ဓဘာသာအများစုက ဝါတွင်း၃လနဲ့ အခြားအခါကြီးရက်ကြီးတွေမှာ ဥပုသ်စောင့်တတ်ကြပါတယ်။ ဥပုသ်စောင့်တာက အမြဲတမ်း အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အချိန်ကြာကြာ အစာမစားရတာနဲ့ ကိုယ့်ရဲ့ နေထိုင်ပုံတွေကြောင့် ကျန်းမာရေးပြဿနာလေးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဥပုသ်စောင့်တဲ့အခါ ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာများနဲ့ ဖြေရှင်းနည်းများ ကို သိထားသင့်ပါတယ်။ https://hellosayarwon.com/health/general-health-knowledge/how-to-fast-for-a-day-for-god/ ဥပုသ်စောင့်ခြင်းရဲ့ အကျိုးကျေးဇူး ဥပုသ်စောင့်တယ်ဆိုတာက ခုခေတ်မှာ ခေတ်စားနေတဲ့ Intermittent fastingလို့ ခေါ်တဲ့ အချိန်အပိုင်းအခြားနဲ့ အစာအငတ်ခံတာနဲ့ ဆင်တူပါတယ်။ နေ့လယ်၁၂နာရီလောက်ကစပြီး နောက်နေ့အရုဏ်တက် ၄-၅နာရီအထိ  ဘာမှမစားဘဲ နေကြတာဆိုတော့ ၁၆:၈ Intermittent fastingနဲ့ တူပါတယ်။ လေ့လာချက်တွေအရ ဒီလိုမျိုး အချိန်အပိုင်းအခြားနဲ့ အစာအငတ်ခံတာက ကယ်လိုရီ လောင်ကျွမ်းစေတယ်။ အချိန်အတော်ကြာအစာမစားဘဲ နေတဲ့အခါကျတော့ ကယ်လိုရီလောင်ကျွမ်းမှာ အသေအချာပါပဲ။ ဒါပေမယ့် တစ်နေ့တာ စားတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဥပုသ်မပျက်စေဘဲ ဗိုက်ဆာတာကို ဘယ်လိုဖြေရှင်းမလဲ

ဝါတွင်းကာလအပါအဝင် လပြည့်နေ့လိုမျိုးဖြစ်ဖြစ်၊ သင်္ကြန်ပွဲတော်လိုမျိုး နှစ်သစ်ကူးကာလတွေမှာဖြစ်ဖြစ် မြန်မာလူမျိုးတွေက အလေးမြတ်ထား ကုသိုလ်ယူကြတဲ့ အလေ့အထလေး တစ်ခု ရှိပါတယ်။ ဒါကတော့ ဥပုသ်စောင့်တာပါ။ ဥပုသ်စောင့်တယ် ဆိုတာက နေ့လွဲညစာ မစားဘဲ သီလစောင့်တည်တာမျိုးပါ။ ဒီတော့ ညနေစာ မစားဘဲနေတာက တစ်ခါတရံမှ ဥပုသ်သီလ စောင့်တည်သူတွေအတွက် ဗိုက်ဆာတာမျိုး သွေးတွင်းသကြားဓာတ်ကျပြီး အာရုံစိုက်ရ ခက်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒီအခြေအနေမှာ ဥပုသ်သီလ စောင့်တည်မှုကိုပဲ ဖျက်လိုက်ရမလား! ဥပုသ်မပျက်စေဘဲ ဗိုက်ဆာတာကို  ဖြေရှင်းလို့ ရမယ့် နည်းလမ်းလေးများ မရှိဘူးလားဆိုပြီး သိချင်နေပြီလား! ဒါဆိုရင်တော့ အတူတူ လေ့လာလိုက်ရအောင်နော်။ https://hellosayarwon.com/health/general-health-knowledge/benefits-of-taking-sabbath/ ဥပုသ်စောင့်တည်တယ် ဆိုတာက ကောင်းကျိုး ရှိသလား ဥပုသ် စောင့်တည်တယ်ဆိုတာက ဘာသာရေးအရ ကုသိုလ်ရနိုင်သလို လောကီရေးရာ ကောင်းကျိုးတွေ အနေနဲ့လည်း စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်တဲ့ အာနိသင်ရရှိစေနိုင်ပါသေးတယ်။ ဥပုသ်စောင့်တည်ပြီး နေ့လွဲညစာ ရှောင်တာက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကော်ဖီဘယ်လောက် ကြိုက်ကြိုက် ဒီဆေးတွေနဲ့ ကော်ဖီကို ရောမသောက်ပါနဲ့!

ကော်ဖီဆိုတာက တော်တော်များများ နှစ်သက်တဲ့ သောက်စရာ တစ်မျိုးပါ။ မနက်ခင်းကို ကော်ဖီ တစ်ခွက်နဲ့မှ မစတင်ရရင် အဆင်မပြေဘူးလို့ ခံစားရသူက ခပ်များများပါ။ ဒီလိုမျိုး ကော်ဖီကြိုက်သူတွေ အနေနဲ့ ကော်ဖီဘယ်လောက် ကြိုက်ကြိုက် ဒီဆေးတွေနဲ့ ကော်ဖီကို ရောမသောက်ပါနဲ့! ဘာကြောင့် ဒီလိုပြောရသလဲ ဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။  ဆေးတွေနဲ့ ကော်ဖီကို ရောမသောက်ပါနဲ့လို့ ပြောရတဲ့ အကြောင်းအရင်း လေ့လာမှုတွေအရ ကော်ဖီက အစာအိမ်ကို လှုံ့ဆော်ပေးပြီး အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုအပေါ် သက်ရောက်မှု ရှိစေပါတယ်။ မနက်ခင်းမှာ ကော်ဖီသောက်တာက စိတ်ကို လန်းဆန်းစေပြီး တက်ကြွစေတာမှန်ပေမယ့် ဆေးဝါးတွေနဲ့တော့ တွဲသောက်တာမျိုး မလုပ်တာကောင်းပါတယ်တဲ့။ အကြောင်းကတော့ ကော်ဖီက အစာခြေစနစ်ရဲ့ အာဟာရစုပ်ယူနိုင်စွမ်း၊ အာဟာရ ဖြန့်ဝေမှုဖြစ်စဉ်နဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေသလို ဆေးဝါးရဲ့ အာနိသင် သက်ရောက်မှုကိုလည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ !

နွေရာသီမှာ ရေကို ပုံမှန်ထက် သောက်ဖြစ်ကြပေမယ့် နွေရဲ့ အပူချိန် လျှော့ကျလာပြီး မိုးလေး စရွာလာပြီဆိုရင် ရေသောက်နည်းလာကြတာ လူတိုင်းလိုလိုပါ။ ဒါပေမယ့် မိုးရာသီမှာလည်း နွေရာသီလိုပဲ ရေများများ သောက်ပေးသင့်ပါတယ်။ အကြောင်းကတော့ မိုးရာသီမှာ ရေများများ သောက်ပေးရင် ရနိုင်တဲ့ ကောင်းကျိုးတွေရှိနေလို့ပါ။ ဒီတော့ မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ ဆိုတာကို ပြောပြပေးမယ်နော်။ https://hellosayarwon.com/healthy-eating/nutrition-facts/is-rain-water-safe-to-drink/ မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ! မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲဆိုတော့ ကိုယ်ခံအား ကောင်းစေမယ် မုတ်သုံရာသီရောက်ပြီဆိုရင် တော်တော်များများက ဖျားနာကြပါတယ်။ ဒါကလည်း ပိုးမွှားတွေ များနေတဲ့အချိန်၊ ကိုယ်ခံအား နည်းတဲ့အချိန် ဖြစ်တာကြောင့်ပါ။ ရေများများ သောက်ပြီး ရေဓာတ် ပြည့်ဝအောင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်သောက်ပြီး ရေဓာတ်ခမ်းခြောက်တာကို ဘယ်လိုပြန်ဖြည့်မလဲ

အရက်သောက်တာက အခုနောက်ပိုင်းမှာ လူငယ်တွေကြားမှာရော လူကြီးတွေကြားမှာပါ ရေပန်းစားလာကြတဲ့ အလ့အထ တစ်ရပ်ပါ။ ပျော်လို့၊ weekend မို့လို့၊ စိတ်ညစ်လို့၊ အသဲကွဲလို့၊ ကြိုက်လို့ စတဲ့အကြောင်းပြချက် အမျိုးမျိုးနဲ့  အရက် နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာ အမျိုးမျိုးကို သောက်လာကြပါတယ်။ လူကြီးတွေဆိုရင်လည်း စကားပြော ကောင်းဖို့ စိတ်ပြေလက်ပျောက်ဖြစ်စေဖို့ ဆိုပြီး သောက်ကြပါတယ်။ အရက်သောက်တာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကိုတော့ သိပြီးပြီပေမယ့် သဘောကျလို့ သောက်တာမျိုးက ခပ်များများပါ။ ဒါကြောင့် အခုတစ်ခေါက်တော့ အရက်လို့ ကျန်းမာရေး ထိခိုက်တယ်ဆိုတဲ့ ကိစ္စလေးကို ခဏလောက်လေး ဘေးချိတ်ပြီး အရက်သောက်ပြီး ရေဓာတ်ခမ်းခြောက်တာကို ဘယ်လိုပြန်ဖြည့်မလဲ ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ အရက်က ဘယ်လိုများရေဓာတ် ခမ်းခြောက်စေသလဲ! အရက်က ရေဓာတ်ခမ်းခြောက်တာက ဘယ်လိုများလဲဆိုရင်တော့ မြင်သာအောင် ပြောပြရရင် အရက်နဲ့ အယ်လ်ကိုဟောပါတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆန်ကို ကြည်နေအောင် ဆေးတာက ကျန်းမာစေရဲ့လား!

ကဲ …. အရင်ဆုံး ဒီကနေ မေးချင်တာ ထမင်းချက်ခါနီးတိုင်း ဆန်ဆေးရည်ကို ကြည်နေအောင်ဆိုပြီး ဆန်ကို ရေနဲ့ အထပ်ထပ်များ ဆေးမိနေသေးလား! အချို့ဆို ရှိတယ်လေ ဆန်ကို လက်နှစ်ဖက်နဲ့ အသေအချာ ပွတ်တိုက်ဆေး ပြီး ရေကို ၁ ကြိမ် မက ၂ ကြိမ် မက အထပ်ထပ်ဆေးတာမျိုးလေ။ ဆန်ဆေးရည်လေး ကြည်မှ ပိုးတွေ ဖုန်တွေ ကင်းပြီး ထမင်းက သန့်မယ်လို့ပေါ့။ ဒါဆိုတကယ်ပဲ ဆန်ကို ကြည်နေအောင် ဆေးတာက ကျန်းမာစေရဲ့လား! ဆိုတာပါ။ ဆန်ကို ဘာကြောင့် ဆေးကြောရတာလဲ! ဆန်ကို ဆေးကြောတယ်ဆိုတာက ဒီအချက်တွေကြောင့်ပါ။ သန့်စင်စေဖို့ - ဆန်မှာ ကပ်ငြိလာတဲ့ ဖုန်မှုန့်တွေ၊ အင်းဆက်တွေနဲ့ သဲတွေ ခဲတွေ ပါလာတာတွေကို သန့်စင်ဖို့အတွက် ဆေးကြောရတာပါ။ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)