ကျန်းမာရေး အာမခံ

ကျန်းမာရေး အာမခံ ရဲ့ အကျိုးကျေးဇူး၊ အမျိုးအစားများနဲ့ ရနိုင်သည့် အကျိုးခံစားခွင့်များကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာရေး အာမခံ

ကျန်းမာရေးအာမခံဝယ် မယ်ဆိုရင် စဉ်းစားသင့်တဲ့ ကုမ္ပဏီများ

ကျန်းမာရေးအာမခံဝယ် တာက ခုခေတ်မှာ ခေတ်စားလာပါပြီ။ နေမကောင်းဖြစ်မှ တလုံးတခဲတည်း ငွေကုန်ခံမယ့်အစား လစဉ် ပမာဏအနည်းငယ်ကို စုဆောင်းထားတာက နောင်ရေးအတွက် စိတ်အေးရတယ်။ ဒါကလည်း ရင်းနှီးမြုပ်နှံမှုတစ်ခုပဲလို့ ယူဆလာကြပါပြီ။ ကျန်းမာရေးပြဿနာဆိုတာ တစ်ချိန်မဟုတ်တစ်ချိန်မှာ ကြုံရမှာပါ။ ငွေကြေးအခက်အခဲရှိလို့ ဆေးမကုသလိုက်ရတာမျိုး မဖြစ်လေအောင် ကျန်းမာရေးအာမခံကို ကြိုတင်ဝယ်ယူထားသင့်ပါတယ်။ ကျန်းမာရေးအာမခံဝယ်ယူဖို့ အရေးကြီးသလား။ ကျန်းမာရေး အာမခံလို့ ပြောလိုက်ရင် နေမကောင်းဖြစ်မှ၊ ထိခိုက်ဒဏ်ရာရမှ လျော်ကြေးရမှာဖြစ်တဲ့အတွက် ဒါက မင်္ဂလာမရှိဘူးလို့ ယူဆထားကြပါတယ်။ တကယ်က မဟုတ်ပါဘူး။ အာမခံဝယ်ယူတယ်ဆိုတာ အနာဂတ်အတွက် သေချာတဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အာမခံတွေက ကျန်းမာရေးအာမခံတွေအပြင် ပညာရေးအာမခံတွေ၊ ချေးငွေအာမခံစသဖြင့် အမျိုးအစားတွေ အများကြီး ဖြစ်လာပါပြီ။ နေထိုင်မကောင်းဖြစ်တာ၊ ထိခိုက်ဒဏ်ရာတွေ ရတာတွေတင် မဟုတ်ဘဲ မိမိရဲ့ သားသမီးနဲ့ မိသားစုဝင်တွေအတွက်ပါ ငွေကြေးစုဆောင်းနိုင်တယ်ဆိုတဲ့ […]

ကျန်းမာရေး အာမခံ ကို ရှာဖွေမည်။

ကျန်းမာရေး အာမခံ

ကိုယ်ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းတွေကို ဘယ်လိုကာကွယ်မလဲ

ပိုင်ဆိုင်မှုတွေကို ပျက်စီးဆုံးရှုံးမှာစိုးလို့ဘယ်လိုကာကွယ်ရမလဲလို့ တွေးပြီး စိတ်ပူနေမိပြီလား။ ဒါဆိုရင် ပိုင်ဆိုင်မှုတွေအတွက် စိတ်အေးရစေဖို့ လုပ်လို့ရတဲ့နည်းလမ်းလေးကိုပြောပြပေးပါမယ်။ ဆုံးရှုံးမှုတွေအတွက် ကြိုတင်ပြင်ဆင်မှုတစ်ရပ် ပိုင်ဆိုင်မှုများလာသမျှနောက်မှာ ကပ်ပါလာက ပျက်စီးဆုံးရှုံးမှုတစ်စုံတရာဖြစ်ခဲ့ရင်ဆိုတဲ့ ပူပန်မှုပါ။ ဘယ်သူ့အိမ်ကတော့ဖြင့် မီးထဲပါသွားတယ်၊ အိမ်ကိုသူခိုးဝင်သွားလို့လေ၊ ကားချင်းချိတ်မိလို့ ပြန်ပြင်ရဦးမယ်၊မုန်တိုင်းကြောင့်၊ ရေကြီးမှုကြောင့် အိမ်ရော၊ ပစ္စည်းတွေပါ ပျက်စီးကုန်ပြီ။ ဆုံးရှုံးမှုတွေများလိုက်တာ ငွေကုန်ကြေးကျတော်တော်လေးများတယ်ဆိုပြီး ငြီးငြူသံတွေကြားတဲ့အခါ ငါ့အလှည့်များဖြစ်လာခဲ့ရင်ဆိုပြီး စိတ်ပူမိတယ်ဟုတ်။ ရန်သူမျိုး ငါးပါးရန်ကကြိုသိဖို့ခက်သလို ကြိုတင်ကာကွယ်ဖို့ဆိုတာကလည်း မလွယ်တော့မလွယ်လှဘူးပေါ့။ ခက်ခက်ခဲခဲပင်ပင်ပန်းပန်းရှာဖွေထားတဲ့ ပိုင်ဆိုင်မှုတွေပျက်စီးမှာကို စိုးရိမ်နေတယ်ဆိုရင် လစဉ်ပုံမှန် ငွေပေးသွင်းထားရုံနဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် သင့်ကိုယ်စားတာဝန်ယူပေးမယ့်နည်းလမ်းရှိပါတယ်။ ဒါကတော့ ပိုင်ဆိုင်မှုတွေကို အာမခံထားတာပါ။ နေအိမ်၊ ကား နဲ့ အခြားပိုင်ဆိုင်မှုပစ္စည်းတော်တော်များများကို လစဉ်ပုံမှန်အာမခံကြေးပေးသွင်းပြီး အာမခံထားလို့ရနေပါပြီ။ မြန်မာနိုင်ငံနဲ့ စိမ်းနေသေးတဲ့စကားရပ်တစ်ခု "အာမခံ" အာမခံထားတယ်ဆိုတာကို ကြားဖူးနေပေမယ့် ကိုယ်တိုင်ထားဖူးတဲ့သူနည်းသလို အာမခံထားတာနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်သိတဲ့သူအရေအတွက်ကလည်း သိပ်မရှိလှပါဘူး။ ဒီတော့ အာမခံထားဖို့ကိုစဉ်းစားမိသူက ခပ်နည်းနည်းရယ်ပါ။ […]


ကျန်းမာရေး အာမခံ

အာမခံအကြောင်း ဘာတွေသိထားဖို့လိုမလဲ

အာမခံဆိုတာဘာလဲ...... အာမခံဆိုတာက နှစ်ဦးနှစ်ဖက်ကြားမှာ ထားရှိထားတဲ့ စာချုပ်စာတမ်းဆိုင်ရာသဘောတူညီချက်တစ်ရပ်ပါ။ အာမခံကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တစ်ဦးတို့ကြား ဒါမှမဟုတ် အာမခံကုမ္ပဏီနဲ့ လုပ်ငန်းအဖွဲ့အစည်းတစ်ခုခုကြားမှာထားရှိတဲ့ ပဋိညာဉ်သဘောတူညီချက်ပေါ့။ အာမခံထားတဲ့သူဘက်မှာ ထိခိုက်မှုဆုံးရှုံးမှု တစ်စုံတရာဖြစ်လာမယ်ဆိုရင် စာချုပ်မှာပါတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သတ်မှတ်ထားတဲ့ ပေးလျော်ရမယ့် ငွေကြေးပမာဏကို အာမခံကုမ္ပဏီဘက်ကထုတ်ပေးမှာပါ။ ဒီလိုထုတ်ပေးဖို့အတွက် အာမခံထားတဲ့သူဘက်က လစဉ်အာမခံကြေးပေးသွင်းရမှာဖြစ်ပါတယ်။ ပရီမီယံကြေးသွင်းတယ်လို့လည်း သိကြပါတယ်။ အာမခံအမျိုးအစား ဘယ်နှစ်မျိုးရှိတာလဲ...... အကြမ်းဖျင်းကတော့ အာမခံအမျိုးအစားက ၂ မျိုးပဲရှိတာပါ။ ဒါကတော့ အသက်အာမခံ နဲ့ အထွေထွေအာမခံဆိုပြီးတော့ပေါ့။ အသက်အာမခံဆိုတာက……. အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့ အခြေအနေတစ်ရပ်ရပ်အတွက် ထားရှိတဲ့အာမခံ အမျိုးအစားပါ။ အာမခံထားသူ သေဆုံးချိန်မှာ အာမခံကုမ္ပဏီက ကျန်ရစ်ခဲ့တဲ့ မိသားစုကို အာမခံကြေးထုတ်ပေးမှာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတိုင်း အသက်အာမခံထားနိုင်ပြီး အာမခံကြေးထုတ်ပေးတဲ့မူဝါဒအရ အသက်အာမခံကို တစ်လုံးတစ်ခဲတည်းထုတ်ပေးနိုင်သလို နှစ်စဉ်ကြေးအနေနဲ့ ထုတ်ပေးတာမျိုးလည်းရှိပါတယ်။ Whole life Assurance(တစ်သက်တာ အသက်အာမခံ) - ဒီအာမခံအမျိုးအစားက တစ်သက်လုံးစာထားရှိတဲ့ အာမခံအမျိုးအစားပါ။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်