တစ်နေ့တာအတွက် ကော်ဖီသောက်ဖို့ အကောင်းဆုံး အချိန်က ဘယ်အချိန်ဖြစ်မလဲ! ဆိုတော့
ကော်ဖီကို မနက်ခင်း သောက်မယ်ဆိုရင်
၈ အောင်စ ပါဝင်နေတဲ့ ကော်ဖီတစ်ခွက်မှာ ကဖင်းက ၁၀၀ မီလီဂရမ်အထိ ပါဝင်နေပြီး ကော်ဖီမှုန့် ဘယ်လောက်ထိ ပါဝင်နေလဲဆိုတာနဲ့ ဘယ်လိုဖျော်စပ်ထားလဲဆိုတဲ့အပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။
ကော်ဖီက စိတ်ကိုလန်းဆန်းတက်ကြွစေနိုင်တာကြောင့် မနက်ခင်းမှာ ကော်ဖီသောက်သုံးတာက တစ်နေ့တာကို လန်းဆန်း တက်ကြွစေမှာပါ။
နောက်တစ်ခုက မနက်စောစော ၇-၈နာရီ ပတ်ဝန်းကျင်ဆို ခန္ဓာကိုယ်ထဲက သဘာဝဟော်မုန်း ကော်တီစောက ထွက်လာပြီး လူကို လန်းဆန်းတက်ကြွအောင် လုပ်နေပါပြီ။ ဒါကလည်း ဖြစ်သင့်တဲ့အချက်ပါ။ မနက်စောစောမှာ လန်းနေမှ အလုပ်လုပ်နိုင်မှာပေါ့။
နဂိုတည်းက လန်းနေတဲ့သူက ကော်ဖီထပ်သောက်လိုက်မယ်ဆိုရင် ကိုယ်သောက်တဲ့ပမာဏ၊ ခံနိုင်ရည်ပေါ် မူတည်ပြီး အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ကဖင်းဒဏ်ခံနိုင်တဲ့သူတွေမှာ သိပ်ပြဿနာ မရှိလှပေမယ့် ကဖင်းဒဏ်ကို သိပ်မခံနိုင်တဲ့သူတွေ၊ များများသောက်မိတဲ့သူတွေမှာဆိုရင်တော့ လူက အလန်းလွန်ပြီး ရင်တုန်တာ၊ ခေါင်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။
ကော်ဖီကို ညဘက်မှာ သောက်မယ်ဆိုရင်
ညဘက်မှာ ကော်ဖီသောက်တာက ညဘက်မှာ အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေမှာပါ။
ကော်ဖီသောက်ပြီးချိန်မှာ ကော်ဖီမှာ ပါလာတဲ့ ကဖင်းကို ချေဖျက်ဖို့ လူပေါ် မူတည်ပြီး ၂-၁၀နာရီလောက် ယူရပါတယ်။ ဒါကလည်း ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ် အနေအထားကို လိုက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ကွာခြားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ညဘက်မှာ ကော်ဖီသောက်တာက ကောင်းကောင်း အိပ်ပျော်စေဖို့ ခက်စေပြီး စိတ်ရောကိုယ်ပါ ပင်ပန်းစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။