ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ
ရနံ့ကုထုံး (Aromatherapy) ကို essential oil therapy လို့လည်း ခေါ်ကြပါတယ်။ ရှေးရိုးရာနည်းလမ်းတစ်ရပ်ပေါ့။ ဒီကုထုံးကို ရှေးယခင်ကာလတွေက လူမျိုးအလိုက် ကွဲပြားတဲ့နည်းလမ်းတွေနဲ့ အသုံးပြုခဲ့ကြတာပါ။ ဒီကုထုံးအတွက် ပန်းတွေနဲ့ အမွှေးနံ့ ရှိတဲ့ သဘာဝ ပစ္စည်းတွေရဲ့ အဆီအနှစ်ကို အသုံးပြုကြပါတယ်။ ပန်းနဲ့ အမွှေးနံ့ရှိတဲ့ သဘာဝပစ္စည်းတွေရဲ့ အဆီအနှစ်တွေကို ကျန်းမာရေးနဲ့ စိတ်ခံစားမှု ကောင်းစေဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ နီးပါးလောက်ကတည်းက အသုံးပြုခဲ့ကြတာပါ။ ရနံ့ကုထုံး (Aromatherapy) ဆိုတာ ရနံ့ကုထုံး(Aromatherapy) ကို ပုံမှန်အားဖြင့်ကတော့ ရှူသွင်းတဲ့ ပုံစံနဲ့ အသုံးပြုကြသလို အရေပြားပေါ်မှာ လိမ်းကျံပြီးတော့လည်း အသုံးပြုပါတယ်။ ရှူသွင်းတဲ့ ပုံစံနဲ့ အသုံးပြုခြင်း - ဒီနည်းလမ်းမှာတော့ ပန်းတွေနဲ့ အမွှေးနံ့ ရှိတဲ့ သဘာဝ ပစ္စည်းတွေရဲ့ အဆီအနှစ်ကို ရေနွေးနွေးထဲထည့်ပြီး အခိုးငွေ့ကို ရှူတာ […]