backup og meta

အရက်သောက်ပြီး ရေဓာတ်ခမ်းခြောက်တာကို ဘယ်လိုပြန်ဖြည့်မလဲ

အရက်သောက်ပြီး ရေဓာတ်ခမ်းခြောက်တာကို ဘယ်လိုပြန်ဖြည့်မလဲ

အရက်သောက်တာက အခုနောက်ပိုင်းမှာ လူငယ်တွေကြားမှာရော လူကြီးတွေကြားမှာပါ ရေပန်းစားလာကြတဲ့ အလ့အထ တစ်ရပ်ပါ။ ပျော်လို့၊ weekend မို့လို့၊ စိတ်ညစ်လို့၊ အသဲကွဲလို့၊ ကြိုက်လို့ စတဲ့အကြောင်းပြချက် အမျိုးမျိုးနဲ့  အရက် နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာ အမျိုးမျိုးကို သောက်လာကြပါတယ်။ လူကြီးတွေဆိုရင်လည်း စကားပြော ကောင်းဖို့ စိတ်ပြေလက်ပျောက်ဖြစ်စေဖို့ ဆိုပြီး သောက်ကြပါတယ်။ အရက်သောက်တာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကိုတော့ သိပြီးပြီပေမယ့် သဘောကျလို့ သောက်တာမျိုးက ခပ်များများပါ။ ဒါကြောင့် အခုတစ်ခေါက်တော့ အရက်လို့ ကျန်းမာရေး ထိခိုက်တယ်ဆိုတဲ့ ကိစ္စလေးကို ခဏလောက်လေး ဘေးချိတ်ပြီး အရက်သောက်ပြီး ရေဓာတ်ခမ်းခြောက်တာကို ဘယ်လိုပြန်ဖြည့်မလဲ ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။

အရက်က ဘယ်လိုများရေဓာတ် ခမ်းခြောက်စေသလဲ!

အရက်က ရေဓာတ်ခမ်းခြောက်တာက ဘယ်လိုများလဲဆိုရင်တော့ မြင်သာအောင် ပြောပြရရင် အရက်နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို သောက်ပြီးချိန်မှာ ဆီးခဏခဏ သွားကြတယ်လေ။ ဒီလို ဆီးခဏခဏ သွားတာက ရေလုံလောက်အောင် ပြန်မသောက်မိချိန်မှာတော့ ရေဓာတ်ခမ်းခြောက်မှု စတင်ပါတော့တယ်။

အရက်သောက်ပြီးရင် ဆီးခဏခဏ သွားရတာက အယ်လ်ကိုဟော သောက်ပြီးချိန်မှာ ဦးနှောက်ထဲမှာ vasopressin ဟော်မုန်း   ထုတ်လွှတ်တာကို ပိတ်ဆို့လိုက်လို့ပါ။ ပုံမှန်ဆိုရင် Vasopressin ဟော်မုန်းက ကျောက်ကပ်တွေကို ကိုယ်တွင်းက ရေဓာတ်တွေကို ပြန်လည်စုပ်ယူဖို့ အချက်ပြပေးပါတယ်။ အရက်သောက်ပြီးချိန်မှာတေ့ာ ဒီဖြစ်စဉ်က ကမောက်ကမ ဖြစ်သွားတဲ့အတွက် ကျောက်ကပ်က ရေတွေကို ပုံမှန်ထက် ပိုမိုစွန့်ထုတ်လိုက်ပါတော့တယ်။

နောက်ဆုံးရလဒ် အနေနဲ့ကတော့ အရက်သောက်လိုက်တဲ့အခါ ကိုယ်ထဲက ရေစွန့်ထုတ်မှုက များသွားတယ်။ ပြန်လည် ရေဓာတ် မဖြည့်တင်းမိရာက ကိုယ်တွင်းမှာ ရေဓာတ်ခမ်းခြောက်တာ ဖြစ်လာရပါတယ်။

ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းတော့ ဘာတွေ ဖြစ်လာမလဲ!

ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်တာက ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ် မလုံလောက်ဘူးဆိုရင်တော့

  • ကိုယ်ခံအား နည်းတာမျိုး ( ခဏခဏ ဖျားတာ၊ တုပ်ကွေးမိလွယ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်)
  • နှလုံးကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ် (သွေးတိုးတာ၊ ရုတ်တရက် နှလုံးရပ်တာမျိုး ခံစားရနိုင်ပါတယ်)
  • အဝလွန်တာမျိုး ခံစားရနိုင်ပါတယ်
  • အရွယ်မတိုင်ခင် အိုမင်းတာမျိုး
  • ကျောက်ကပ် ရေဓာတ်ခမ်းတာမျိုး ကျန်းမာရေး ပြဿနာလေးတွေ ခံစားလာရနိုင်ပါတယ်။ ဒီလို ပြဿနာတွေ ကင်းဝေးစေဖို့ အရက်သောက်ပြီးချိန်မှာ ရေဓာတ်ခမ်းခြောက်တာကို ဘယ်လို ပြန်ဖြည့်ရမလဲဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

အရက်သောက်ပြီး ရေဓာတ်ခမ်းခြောက်တာကို ဘယ်လိုပြန်ဖြည့်မလဲ

အရက်သောက်ပြီး ရေဓာတ်ခမ်းခြောက်တာကို ဘယ်လိုပြန်ဖြည့်မလဲ ဆိုတော့ အခုလို နည်းလမ်းလေးတွေနဲ့ ပြန်ဖြည့်လို့ ရပါတယ်။

  • ရေများများ သောက်ပါ

အရက်သောက်လို့ ရေဓာတ် ခမ်းခြောက်သွားပြီဆိုရင် အမြန်ဆုံးနဲ့ အလွယ်ဆုံး နည်းလမ်းက ရေသောက်ပေါ့။ အရက်သောက်နေချိန်မှာ တစ်ခွက်နဲ့ တစ်ခွက်ကြားမှာ ရေသောက်ပေးလို့ ရသလို အရက်သောက်ပြီးချိန်မှာ ရေကို ဝဝလေး သောက်ပေးတာကလည်း နည်းလမ်းကောင်းပါ။

  • ဓာတ်ဆားရည် သောက်ပေးပါ

အရက်သောက်ပြီးချိန်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်တင်းနိုင်ဖို့ဆိုရင် ဓာတ်ဆားရည်ကို သောက်ပေးလို့ ရပါတယ်။ အရက်သောက်ပြီးချိန်မှာ ဆီးခဏခဏ သွားရတာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ အားကိုးလို့ ရပါတယ်။

  • သစ်သီးဖျော်ရည်တွေ

သဘာဝ သစ်သီးစစ်စစ်ကို ဖျော်ထားတဲ့ သစ်သီးဖျော်ရည်တွေ၊ အုန်းစိမ်းရည် စတာတွေက အရက်သောက်ပြီးချိန်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါကြောင့် အရက်သောက်ပြီးချိန်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့အတွက် လိမ္မော်ရည်၊ အုန်းစိမ်းရည်၊ ပင်မှည့်သီး ဖျော်ရည် စတာမျိုးတွေကို သောက်ပေးလို့ ရပါတယ်။

  • စွပ်ပြုတ်

အသား စွပ်ပြုတ်၊ အရိုး စွပ်ပြုတ်၊ ပဲပင်ပေါက် ဟင်းခါး၊ ဂေါ်ဖီဟင်းခါး စတာတွေကို သောက်ပေးတာကလည်း အရက်သောက်ပြီးချိန်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်တင်းဖို့ အတွက် ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် အရက်သောက်ပြီး နောက်မနက်မှာ ဟင်းချိုရည်ကို သောက်ကြတာပါ။

ဒီလို ရေဓာတ်ဖြည့်ဖို့ဆိုပြီး သောက်တဲ့အခါ အခုပြောခဲ့တာတွေကို သောက်ပေးလို့ ရပေမယ့် မသောက်သင့်တာမျိုးလည်း ရှိပါတယ်။

အရက်သောက်ပြီး ရေဓာတ်ခမ်းခြောက်ချိန်မှာ ဒါတွေ မသောက်ပါနဲ့

ဒါတွေကတော့ ကိုယ်တွင်းက ရေဓာတ်ကို ပြန်မဖြည့်ပေးဘဲ ရေဓာတ်ဆုံးရှုံးမှုကို အားဖြည့်ပေးမယ့် သောက်စရာတွေ ဖြစ်တဲ့ ကဖင်းပါတဲ့ သောက်စရာတွေ – ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း၊ အားဖြည့်အချိုရည် စတာတွေပါ။ နောက်တစ်ခုကတော့ ဘီယာ၊ ကော့တေး၊ မော့တေးလိုမျိုး အယ်လ်ကိုဟော ပါဝင်နေတဲ့ သောက်စရာလေးတွေကိုတော့ ရှောင်ဖို့ လိုပါမယ်။

အရက်က ရေဓာတ်ခမ်းခြောက်တာအပြင် ရေရှည်မှာ အသည်းပျက်စီးတာ၊ ကျောက်ကပ် ထိခိုက်တာမျိုးတွေကို ဖြစ်စေနိုင်တာကြောင့် အရက်ကို တတ်နိုင်သမျှတော့ လျှော့သောက်ဖို့ လိုပါမယ်လို့ ဒီနေရာကနေ သတိပေးလိုက်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

4 SIDE EFFECTS OF DEHYDRATION ON THE HUMAN BODY https://www.baptisthealth.com/blog/health-and-wellness/4-side-effects-of-dehydration-on-the-human-body Accessed Date 11 August 2023

How Does Dehydration Affect the Body? https://www.dispatchhealth.com/blog/how-does-dehydration-affect-the-body/ Accessed Date 11 August 2023

5 Tips To Help You Avoid Dehydration When Drinking Alcohol https://www.thirstywork.com/articles/5-tips-to-help-you-avoid-dehydration-when-drinking Accessed Date 11 August 2023

Why Does Alcohol Dehydrate You? https://www.dripdrop.com/blog/dehydration-science/why-does-alcohol-dehydrate-you Accessed Date 11 August 2023

Do Electrolyte Drinks Actually Help Prevent a Hangover? https://www.eatingwell.com/article/8043337/electrolytes-and-hangover/ Accessed Date 11 August 2023

ယခုပုံစံ

08/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖျားတဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု ပိုဖြစ်ပါတယ်

ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement