ဖျားတဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု ပိုဖြစ်ပါတယ်
ဖျားတဲ့အခါ ဆရာဝန်တွေက ရေများများသောက်ဖို့ ပြောတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖျားတဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု ပိုဖြစ်လို့ပါ။ ရေနဲ့ ဓာတ်ဆားဆုံးရှုံးတဲ့အခါ နေလို့ထိုင်လို့ မကောင်းသလို အဖျားကနေ နာလန်ထဖို့ ကြာနိုင်တာကြောင့် ဖျားတဲ့အခါ သာမန်အချိန်တွေထက် ကိုယ့်ရဲ့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှုပေါ် မူတည်ပြီး ပြန်လည်ဖြည့်တင်းပေးဖို့ လိုပါတယ်။ ဖျားတဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု ပိုဖြစ်ပါတယ် ဖျားတဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု ပိုဖြစ်ရတဲ့ အကြောင်းအရင်းတွေက အများကြီး ရှိပါတယ်။ ဥပမာ ကိုယ်အပူချိန်တက်တာ - ကိုယ်အပူချိန် တက်လေလေ ခန္ဓာကိုယ်က ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှုများလေလေပါ။ ဖျားတာအပြင် ဝမ်းလျှောတာ၊ အန်တာတွေပါ တွဲဖြစ်မယ်ဆိုရင် ပိုတောင် ဆုံးရှုံးမှု များနိုင်ပါသေးတယ်။ ချွေးထွက်များတာ - အဖျားကျတဲ့အခါ ချွေးတွေရွှဲနေအောင် ထွက်တတ်ပါတယ်။ အဲ့ဒီအခါ ရေဓာတ်အပြင် […]