backup og meta

ဗီတာမင် B12 ချို့တဲ့မှု ရဲ့ အမှတ်တမဲ့ ဖြစ်နေတဲ့ လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီတာမင် B12 ချို့တဲ့မှု ရဲ့ အမှတ်တမဲ့ ဖြစ်နေတဲ့ လက္ခဏာများ

    ဗီတာမင် B12 ချို့တဲ့မှု ဆိုတာက ကုသလို့ ရတဲ့ ကျန်းမာရေး အခြေအနေ တစ်ရပ်ဖြစ်ပြီး ဗီတာမင် B12 လုံလောက်အောင် မစားသုံးမိတာ၊  ရောဂါအခံတွေကြောင့်ဖြစ်တဲ့ ကျန်းမာရေး အခြေအနေပါ။ နောက်ထပ် ဖြစ်နိုင်ခြေ ရှိတာက တစ်ခုက ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစာတွေထဲမှာ ပါတဲ့ ဗီတာမင် B12 ကို လုံလောက်အောင် မစုပ်ယူနိုင်တာမျိုးပါ။ 

    ဗီတာမင် B12  ချို့တဲ့မှုက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ အာရုံကြောကျန်းမာရေးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ 

    ဗီတာမင် B12က အရေးပါသလား!

    ဗီတာမင် B12 က ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အမျိုးမျိုးအတွက် လုပ်ဆောင်ပေးနေတဲ့ ဗီတာမင် တစ်မျိုးပါ။ နေ့စဉ် စားသောက်မှုမှာ ဗီတာမင် B12 လုံလောက်စွာ မရရှိတာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အာရုံကြောတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပြီး အာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ 

    ဗီတာမင် B12 ချို့တဲ့မှု အဖြစ်များသလား!

    ဗီတာမင် B12 ချို့တဲ့မှုက အသက်အရွယ်ကို လိုက်ပြီး ဖြစ်ပွားနိုင်ခြေကလည်း ကွာခြားမှု ရှိပါတယ်။

    • အသက် ၂၀ ကနေ အသက် ၃၉ နှစ်ကြားအရွယ်မှာဆိုရင် အယောက် ၁၀၀ မှာ ၃ ယောက်နှုန်း
    • အသက် ၄၀ ကနေ အသက် ၅၉ နှစ်ကြားအရွယ်မှာဆိုရင် အယောက် ၁၀၀ မှာ ၄ ယောက်နှုန်း
    • အသက် ၆၀ နဲ့ အထက်မှာဆိုရင် အယောက် ၁၀၀ မှာ ၆ ယောက်နှုန်းလောက် ခံစားရနိုင်ခြေ ရှိပါတယ်။ 

    ဗီတာမင် B12 ချို့တဲ့မှု ရဲ့ အမှတ်တမဲ့ ဖြစ်နေတဲ့ လက္ခဏာများ

    ဗီတာမင် B12 ချို့တဲ့မှု ရဲ့ အမှတ်တမဲ့ ဖြစ်နေတဲ့ လက္ခဏာများ အနေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ရပ်စီမှာ အခုလိုတွေ ခံစားရနိုင်ပါတယ်။

    ခြေတွေ လက်တွေ ထုံကျဉ်တာ

    ဗီတာမင် B12 ချို့တဲ့မှုက ကြွက်သားတွေကို အားနည်းစေပြီး လမ်းလျှောက်တဲ့အခါ ခြေထောက်တွေ မသယ်ချင်တာမျိုး၊ လမ်းလျှောက်ရင် ခြေထောက်က ဆွဲနေသလို ခံစားရတာမျိုးတွေကို ခံစားရနိုင်သလို ခြေထောက်တွေ လက်တွေ ထုံကျဉ်တာမျိုးကိုလည်း ခံစားရနိုင်ပါတယ်။ 

    အမြင်အာရုံပိုင်းဆိုင်ရာ ပြဿနာတွေ

    အမြင်အာရုံ ကျန်းမာစေဖို့အတွက်လည်း ဗီတာမင် B12 ကို လိုအပ်ပါတယ်။ ဒီတော့ အမြင်အာရုံတွေ ကျန်းမာစေဖို့ ဆိုရင် ဗီတာမင် B12 ပြည့်ဝနေဖို့ လိုမှာပါ။ မျက်လုံးတွေ အောင့်တာ ကျိန်းစပ်တာ မျက်သားခြောက်တာတွေကို ကာကွယ်ဖို့ဆိုရင် ဗီတာမင် B12 ပြည့်ဝဖို့ လိုပါမယ်။

    စိတ်ရှုပ်ထွေး လွယ်တာ

    ပြဿနာတွေ အခက်အခဲတွေကို ဖြေရှင်းနိုင်စွမ်း ကျပြီး နည်းနည်းဆိုတာနဲ့ စိတ်ရှုပ်နေပြီဆိုရင်တော့ ဗီတာမင် B12 ချို့တဲ့နေတာ ဖြစ်နိုင်ပါတယ်။ ပြဿနာ သေးသေးလေးတွေကို ကြုံရရင်တောင် အလွယ်တကူ စိတ်ရှုပ်ထွေးနေပြီဆိုရင်တော့ အစားအသောက်လေးကို ဂရုစိုက်ဖို့ လိုပါပြီ။

    တစ်ခုခုကို မှတ်မိဖို့ခက်တာ (မေ့လွယ်တာ) 

    တစ်ခုခု ပြောခါနီးတိုင်း ပါးစပ်ဖျားလေးတင် မေ့နေပြီ။ ငါဘာလုပ်မလို့ပါလိမ့် မေ့သွားပြန်ပြီ ဆိုပြီး ခဏခဏ ဖြစ်နေပြီဆိုရင် ဗီတာမင် B12 ချို့တဲ့မှုကို ခံစားနေရတာ ဖြစ်နိုင်ပါတယ်။ 

    သွားနဲ့ ခံတွင်းပိုင်း ဆိုင်ရာမှာ ဆိုရင် 

    ဗီတာမင် B12 ချို့တဲ့မှုက သွားနဲ့ ခံတွင်း ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ လျှာတွေ ရောင်ရမ်းတာ၊ လျှာနာတာ၊ သွားဖုံးတွေ ရောင်ကိုင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ပါးစပ်ထမှာ အနာဖြစ်တာ လျှာက နီရဲရောင်ရမ်းနေပြီဆိုရင်တော့ ဗီတာမင် B12 ပြည့်ဝစေမယ့် အစားအစာလေးတွေကို စားပေးပါ။ 

    နောက်ထပ် ခံစားရနိုင်တာက အရသာ ပျက်တာမျိုးပါ။ အရသာကို မသိတာမျိုး ခံတွင်းမတွေ့တာမျိုး ပါးစပ်တွေ လျှာတွေ ပူစပ်ပူလောင် ခံစားရတာကလည်း ဗီတာမင် B12 ချို့တဲ့မှုကြောင့်ပါနော်။ 

    အခြား လက္ခဏာများ အနေနဲ့ – 

    ဗီတာမင် B12 ချို့တဲ့မှုရဲ့ အခြား လက္ခဏာတွေ အနေနဲ့ကတော့ 

    • ခြေကုန်လက်ပမ်းကျတာ
    • အားနည်းသလို ခံစားရတာ
    • သွေးအားနည်းတာ
    • အစားစားချင်စိတ် မရှိတာ
    • မအီမသာဖြစ်တာ 
    • အော့ချင်အန်ချင်တာ
    • ဝမ်းပျက်တာ
    • ကိုယ်အလေးချိန်ကျတာ
    • အသားဝါတာ
    • စိတ်ဓာတ်ကျတာမျိုးတွေပါ။ 

    ဗီတာမင် B12 မချို့တဲ့အောင် အသား၊ ငါးတွေ စားပေးဖို့ လိုပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသားမစားဘူးဆိုရင် အားဆေးမှီဝဲနိုင်ပါတယ်။ 

    အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေက ဗီတာမင် B12 ချို့တဲ့မှုကြောင့် ခံစားရနိုင်တဲ့ လက္ခဏာတွေဖြစ်ပြီး ဒီထဲက အများစုက အခြားအခြားသော ကျန်းမာရေး အခြေအနေတွေရဲ့ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင် တူနေတတ်တာကြောင့် ဆရာဝန်နဲ့ သေချာလေး စစ်ဆေးပြီး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ရယူဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement