backup og meta

Premium

ကော်ဖီဘယ်လောက် ကြိုက်ကြိုက် ဒီဆေးတွေနဲ့ ကော်ဖီကို ရောမသောက်ပါနဲ့!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 22/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကော်ဖီဘယ်လောက် ကြိုက်ကြိုက် ဒီဆေးတွေနဲ့ ကော်ဖီကို ရောမသောက်ပါနဲ့!

    ကော်ဖီဆိုတာက တော်တော်များများ နှစ်သက်တဲ့ သောက်စရာ တစ်မျိုးပါ။ မနက်ခင်းကို ကော်ဖီ တစ်ခွက်နဲ့မှ မစတင်ရရင် အဆင်မပြေဘူးလို့ ခံစားရသူက ခပ်များများပါ။ ဒီလိုမျိုး ကော်ဖီကြိုက်သူတွေ အနေနဲ့ ကော်ဖီဘယ်လောက် ကြိုက်ကြိုက် ဒီဆေးတွေနဲ့ ကော်ဖီကို ရောမသောက်ပါနဲ့! ဘာကြောင့် ဒီလိုပြောရသလဲ ဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ 

    ဆောင်းပါးအဆုံးကို သွားမည်။

    ဤဆောင်းပါးသည် Hello ဆရာဝန်အဖွဲ့ဝင်များအတွက်သာဖြစ်သည်။ ဆောင်းပါးကို အဆုံးထိ ဖတ်ရှုန်ုင်ရန် စာရင်းသွင်းပါ။

    ဆေးတွေနဲ့ ကော်ဖီကို ရောမသောက်ပါနဲ့လို့ ပြောရတဲ့ အကြောင်းအရင်း

    လေ့လာမှုတွေအရ ကော်ဖီက အစာအိမ်ကို လှုံ့ဆော်ပေးပြီး အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုအပေါ် သက်ရောက်မှု ရှိစေပါတယ်။ မနက်ခင်းမှာ ကော်ဖီသောက်တာက စိတ်ကို လန်းဆန်းစေပြီး တက်ကြွစေတာမှန်ပေမယ့် ဆေးဝါးတွေနဲ့တော့ တွဲသောက်တာမျိုး မလုပ်တာကောင်းပါတယ်တဲ့။

    အကြောင်းကတော့ ကော်ဖီက အစာခြေစနစ်ရဲ့ အာဟာရစုပ်ယူနိုင်စွမ်း၊ အာဟာရ ဖြန့်ဝေမှုဖြစ်စဉ်နဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေသလို ဆေးဝါးရဲ့ အာနိသင် သက်ရောက်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ 

     ကော်ဖီဘယ်လောက် ကြိုက်ကြိုက် ဒီဆေးတွေနဲ့ ကော်ဖီကို ရောမသောက်ပါနဲ့!

    ကော်ဖီဘယ်လောက် ကြိုက်ကြိုက် ဒီဆေးတွေနဲ့ ကော်ဖီကို ရောမသောက်ပါနဲ့! ဘာဆေးတွေလည်း ဆိုတော့

    သိုင်းရွိုက်အတွက် သောက်ရတဲ့ဆေးတွေ

    ခန္ဓာကိုယ် ကျန်းမာဖို့အတွက် သိုင်းရွိုက်ဟော်မုန်း မျှတဖို့ လိုပါမယ်။ သိုင်းရွိုက်ဟော်မုန်း များလွန်း နည်းလွန်း တာက အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ သိုင်းရွိက်ဟော်မုန်း မမျှတတာက ကိုယ်အလေးချိန် တက်တာ၊ အသားခြောက်တာ၊ အဆစ်နာတာ၊ ဆံပင်ကျွတ်တာနဲ့ ရာသီသွေးမမှန်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    သိုင်းရွိုက်ပြဿနာအတွက် သောက်ရတဲ့ ဆေးတွေကို ကော်ဖီနဲ့ သောက်လိုက်တာက ဆေးရဲ့ ထိရောက်မှုကို အဟန့်အတား ဖြစ်စေပြီး ခန္ဓာကိုယ်က ဆေးကို စုပ်ယူနိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သိုင်းရွိုက်ကျန်းမာရေး တစ်ခုခုကြောင့် ဆေးသောက်နေရမယ်ဆိုရင် ကော်ဖီနဲ့ တွဲသောက်တာမျိုး မလုပ်ပါနဲ့။

    အဖျားကျဆေး နဲ့ ဓာတ်မတည့် သက်သာစေတဲ့ ဆေးတွေ

    အဖျားကျဆေးတွေနဲ့ ဓာတ်မတည့်မှုကို သက်သာစေတဲ့ ဆေးတွေမှာ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးနိုင်တဲ့ ဆေးတွေ ပါဝင်နေပါတယ်။ ကော်ဖီကလည်း လှုံ့ဆော်ပေးနိုင်တဲ့ အရာတွေပါ။ ဒါကြောင့် ကော်ဖီကို ဓာတ်မတည့်မှုကို သက်သာစေနိုင်တဲ့ ဆေးနဲ့ တွဲသောက်လိုက်မယ်ဆိုရင်တော့ အိပ်ပျော်ဖို့ခက်တာ စိတ်ရောကိုယ်ပါ အနားမရတာမျိုး ဖြစ်စေနိုင်ပါတယ်။ 

    ဒါကြောင့် အဖျားကျဆေး နဲ့ ဓာတ်မတည့်တာကို သက်သာစေတဲ့ ဆေးတွေနဲ့ တွဲသောက်တာမျိုး မလုပ်ပါနဲ့။ 

    ဆီးချိုအတွက် သောက်ဆေးတွေ

    ကော်ဖီကို သကြားတွေ နို့တွေ ဖြည့်စွက်ပြီး သောက်သုံးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလို ကော်ဖီကို ဆီးချိုဆေးနဲ့ တွဲသောက်တာက ဆီးချိုဆေးတွေရဲ့ အာနိသင် သက်ရောက်မှုအပေါ်မှာ ထိခိုက်စေနိုင်ပါတယ်။

    ဒါကြောင့် ဆီးချို ရှိမယ်ဆိုရင် ဆီးချိုဆေးတွေနဲ့ ကော်ဖီကို တွဲသောက်တာမျိုး မလုပ်ပါနဲ့။ 

    အယ်လ်ဇိုင်းမားအတွက် သောက်ဆေးတွေ

    အယ်လ်ဇိုင်းမားအတွက် ဆေးတစ်မျိုးမျိုးကို သောက်နေရတယ်ဆိုရင်တော့ ကော်ဖီနဲ့ ဆေးကို  တွဲသောက်တာမျိုး မလုပ်ပါနဲ့။ အယ်လ်ဇိုင်းမားအတွက် သောက်ရတဲ့ ဆေးကို ကော်ဖီနဲ့တွဲသောက်လိုက်တဲ့အခါ ဦးနှောက်ကို ထိခိုက်စေနိုင်သလို ဆေးရဲ့ အာနိသင် သက်ရောက်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။

    ဒါကြောင့် အယ်လ်ဇိုင်းမား ဝေဒနာ ခံစားနေရလို့ ဆေးသောက်နေရမယ်ဆိုရင်တော့ ဆေးတွေကို ကော်ဖီနဲ့ တွဲသောက်တာမျိုး မလုပ်ပါနဲ့။ 

    ပန်းနာရင်ကြပ်ဆေးတွေ

    ပန်းနာရင်ကြပ်ဆိုတာက နာတာရှည် ကျန်းမာရေး ပြဿနာ တစ်မျိုးပါ။ အဆုတ်ကို ထိခိုက်စေပြီး လေပြွန်ကို ရောင်ရမ်းစေသလို အသက်ရှူရခက်တာ၊ ချောင်းဆိုးတာမျိုးနဲ့ အသက်ရှူသံ တရွှီရွှီ မြည်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

    ဒီလိုမျိုး နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာကို ခံစားနေရတာကြောင့် ဆေးသောက်ရမယ်ဆိုရင်တော့ ကော်ဖီနဲ့ တွဲသောက်တာမျိုး မလုပ်ပါနဲ့။ ဒီလို သောက်တာက ဆေးတွေရဲ့ အာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။ 

    အရိုးပွရောဂါဆေးတွေ

    အရိုးပွရောဂါက အရိုးတွေကို ပါးစေပြီး ထိခိုက်လွယ်စေပါတယ်။ အရိုးပွတာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာပါ။

    အရိုးပွတာကြောင့် ဆေးသောက်နေရမယ်ဆိုရင်တော့ ဆေးတွေကို ကော်ဖီနဲ့ တွဲမသောက်မိဖို့ လိုပါမယ်။ ဒီလိုပြောရတာက ကော်ဖီက အရိုးပွတာအတွက် သောက်ရတဲ့ ဆေးတွေရဲ့ အာနိသင်ကို ထက်ဝက်လောက် ကျဆင်းစေနိုင်တာကြောင့်ပါ။ 

    စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ဆေးတွေ

    စိတ်ဓာတ်ကျတာကို ခံစားနေရပြီဆိုရင် စိတ်ကျတာကို သက်သာစေတဲ့ဆေးကို ပုံမှန်လေး သောက်သုံးပေးဖို့ လိုပါမယ်။ ဒီလို ဆေးကို ပုံမှန်လေး သောက်သုံးနေရချိန်မှာ ကော်ဖီနဲ့ ဆေးကို တွဲသောက်ရတာက ဆေးရဲ့ အာနိသင်ကို ထိခိုက်စေနိုင်တာကြောင့် တွဲသောက်တာမျိုး မလုပ်ဖို့ လိုပါမယ်။

    ဆေးကို ကော်ဖီနဲ့ တွဲသောက်တာက ခန္ဓာကိုယ်ရဲ့ ဆေးစုပ်ယူနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ 

    သွေးကျဆေးတွေ

    သွေးတိုးရောဂါ ရှိလို့ သွေးကျဆေး သောက်ရသူတွေ အနေနဲ့လည်း သွေးကျဆေးကို ကော်ဖီနဲ့ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးကျဆေးကို ကော်ဖီနဲ့ တွဲသောက်လိုက်တဲ့အခါ ဆေးရဲ့ အာနိသင် သက်ရောက်မှု ကျဆင်းစေပြီး နှလုံးကို ဝန်ပိစေနိုင်ပါတယ်။ 

    ကော်ဖီအပါအဝင် ကဖင်းပါတဲ့ သောက်စရာတွေ (ဥပမာ လက်ဖက်ရည်၊ ရေနွေးကြမ်း၊ အားဖြည့်အချိုရည်၊ ချောကလက်)ကို အထက်ပါဆေးတွေအပါအဝင် ဘယ်ဆေးနဲ့မှ ရောမသောက်ပါနဲ့။ ကဖင်းပါတဲ့ သောက်စရာတွေက ဆေးရဲ့ အာနိသင်၊ အူလမ်းကြောင်း စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဆေးသောက်တဲ့အခါ ရိုးရိုးရေနဲ့ပဲ သောက်ပေးပါ။ မိမိက ကော်ဖီသောက်တတ်သူဆိုရင် ဆေးသောက်ရမယ့်အချိန်နဲ့ ခပ်ခွာခွာသောက်ပေးပါ။

    # အှာစကား

    ကော်ဖီဆိုတာက စိတ်တက်ကြွလန်းဆန်းစေဖို့ လှုံ့ဆော်ပေးသလို ကဖင်းပါဝင်မှုကလည်း များပါတယ်။ ကော်ဖီ အပါအဝင် ကဖင်းပါတဲ့ သောက်စရာတွေက အစာခြေစနစ်ရဲ့ ဆေးကို ဖြိုခွဲ ချေဖျက် စုပ်ယူနိုင်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အပေါ်မှာ ပြောခဲ့တဲ့ဆေးတွေကို သောက်နေရမယ်ဆိုရင်တော့ ကော်ဖီကို ဆေးနဲ့ အချိန်လေး ခွာပြီးမှ သောက်ပေးပါ။ 

    # တတိုင်းမွှေး ဆေးဖက်ဝင်ပါတယ်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 22/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement