backup og meta

မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ !

မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ !

နွေရာသီမှာ ရေကို ပုံမှန်ထက် သောက်ဖြစ်ကြပေမယ့် နွေရဲ့ အပူချိန် လျှော့ကျလာပြီး မိုးလေး စရွာလာပြီဆိုရင် ရေသောက်နည်းလာကြတာ လူတိုင်းလိုလိုပါ။ ဒါပေမယ့် မိုးရာသီမှာလည်း နွေရာသီလိုပဲ ရေများများ သောက်ပေးသင့်ပါတယ်။ အကြောင်းကတော့ မိုးရာသီမှာ ရေများများ သောက်ပေးရင် ရနိုင်တဲ့ ကောင်းကျိုးတွေရှိနေလို့ပါ။ ဒီတော့ မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ ဆိုတာကို ပြောပြပေးမယ်နော်။

မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ!

မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲဆိုတော့

  • ကိုယ်ခံအား ကောင်းစေမယ်

မုတ်သုံရာသီရောက်ပြီဆိုရင် တော်တော်များများက ဖျားနာကြပါတယ်။ ဒါကလည်း ပိုးမွှားတွေ များနေတဲ့အချိန်၊ ကိုယ်ခံအား နည်းတဲ့အချိန် ဖြစ်တာကြောင့်ပါ။ ရေများများ သောက်ပြီး ရေဓာတ် ပြည့်ဝအောင် နေခြင်းက ကိုယ်ခံအားကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ ကိုယ်ခံအား ကောင်းချင်တယ်ဆိုရင် ရေများများ သောက်ပေးပါ။ 

  • အသားအရေ ကျန်းမာလှပစေတယ်

မိုးရာသီမှာ ဝက်ခြံတွေ ထွက်လွယ် တာက အသားအရေမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားတာကြောင့် ဖြစ်နိုင်သလို ရေဓာတ် နည်းနေရင်၊ အသားခြောက်နေရင် ပိုဆိုးတတ်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ အသားအရေ ကျန်းမာ လှပချင်တယ်ဆိုရင် တစ်နေ့ကို ရေ ၂ လီတာ ကနေ ၃ လီတာလောက် သောက်ပေးပါ။ 

  • ရောဂါကင်းစေမယ်

မိုးရာသီမှာ မသန့်ရှင်းတဲ့ရေကနေ ကူးစက်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောတာမျိုး၊ အူရောင်ငန်းဖျားနဲ့ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီပြဿနာတွေကို ကာကွယ်ချင်တယ်ဆိုရင်တော့ သန့်ရှင်းတဲ့ သောက်သုံးရေကို သောက်သုံးဖို့ လိုပါမယ်။ ဒါ့ပြင် ရေဓာတ် ပြည့်ဝနေတာက အစာခြေစနစ်ကိုရော ကိုယ်ခံအားစနစ်ကိုပါ ကျန်းမာစေနိုင်ပါတယ်။ 

  • ဆံသားတွေ ကျန်းမာသန်စွမ်းစေမယ်

မုတ်သုံမှာ ဗောက်ထတာ၊ ဆံပင်ကျွတ်တာတွေ ကင်းဝေးချင်တယ်ဆိုရင်တော့ ရေများများ သောက်ပေးပါ။ ရေဓာတ် ပြည့်ဝတာက ဦးရေပြား ကျန်းမာစေပြီး ဆံသားတွေကိုလည်း ကျန်းမာ သန်စွမ်းစေနိုင်မှာပါ။

  • ရေဓာတ်ခမ်းခြောက်မှု ကင်းစေတယ်

မိုးရာသီမှာ အပူရှိန် နည်းသွားပြီ ဆိုပေမယ့် လေထုထဲမှာ စိုထိုင်းဆကတော့ များနေဆဲပါ။ ဒီလို စိုထိုင်းဆ များတဲ့အခါ အိုက်စပ်စပ်နဲ့ ချွေးထွက်တတ်ပြီး ကိုယ်တွင်းမှာ ရေဓာတ်ခမ်းခြောက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကို ကာကွယ်ဖို့ဆိုရင် ရေများများ သောက်ပေးပါ။ 

  • ကိုယ်လက်ကိုက်ခဲမှု ကင်းစေတယ်

ရေများများ သောက်တာက ခန္ဓာကိုယ်ထဲမှာ သွေးစီးဆင်းမှု ကောင်းစေပြီး ကြွက်သားတွေ အရိုးအဆစ်တွေဆီကို သွေးရောက်ရှိစေပါတယ်။ ဒီလိုမျိုး သွေးစီးဆင်းလည်ပတ်မှု ကောင်းတာက ကိုက်ခဲတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • ဝိတ်ကျစေနိုင်တယ်

ကိုယ်အလေးချိန်  ထိန်းညှိချင်တယ်ဆိုရင် ရေလုံလောက်အောင် သောက်ပေးဖို့ လိုပါမယ်။ ရေက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။ 

  • အင်အားပြည့်ဝစေတယ် 

ရေက ခန္ဓာကိုယ်တွင်းမှာ အင်အားပြည့်ဝစေဖို့ လုပ်ဆောင်ပေးပါတယ်။ အားအင်ပြည့်ဝစေဖို့ ရေသောက်ပေးတာ အပြင် ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေကို စားပေးလို့လည်း ရပါတယ်။ 

  • သွေးပေါင်ချိန် ထိန်းညှိပေးတယ်

ရေဓာတ်နည်းနေတာက သွေးတိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိချင်တယ်ဆိုရင် ရေများများ သောက်ပေးပါ။ မိုးအေးလည်း လုံလောက်တဲ့ ရေပမာဏ သောက်သုံးပေးမှသာ သွေးပေါင်ချိန်ကို ထိန်းညှိနိုင်မှာပါ။ 

အမှာစကား

ရေသောက်တာက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရနိုင်တယ်ဆိုတော့ မုတ်သုံကာလလေးမှာ သန့်ရှင်းတဲ့ သောက်သုံးရေကို ပြည့်ဝလုံလောက်အောင် သောက်သုံးပြီး အသားအရေက စလို့ ခန္ဓာကိုယ် ကျန်းမာရေးကိုပါ ဂရုစိုက်လိုက်ပါ။ 

# ကျန်းမာရေးနဲ့ ညီညွတ်အောင် အရောင်အသွေးစုံလင်စွာ စားသုံးကြပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Effect of water consumption over the immune system https://www.researchgate.net/publication/352233521_Effect_of_water_consumption_over_the_immune_system_response_given_during_Covid-19 Accessed Date 24 May 2023

Dietary water affects human skin hydration and biomechanics https://www.ncbi.nlm.nih.gov/pmc/articles/PMC4529263/ Accessed Date 24 May 2023

Water related illness https://www.niehs.nih.gov/research/programs/climatechange/health_impacts/waterborne_diseases/index.cfm#:~:text=Some%20common%20water%2Drelated%20illnesses,have%20long%2Dlasting%20health%20impacts. Accessed Date 24 May 2023

The Link Between Dehydration and Blood Pressure https://health.clevelandclinic.org/dehydration-and-blood-pressure/ Accessed Date 24 May 2023

How Dehydration Impacts Your Hair, Skin, and Nails https://www.arlingtondermatology.net/2020/11/20/how-dehydration-impacts-your-hair-skin-and-nails/ Accessed Date 24 May 2023

 

 

ယခုပုံစံ

24/09/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်ပါ

ရေများများသောက်ကြဖို့


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 24/09/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement