backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 03/05/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့

ခံတွင်းပျက်တယ် ဆိုတာက ကလေးရော လူကြီးပါ ကြုံဖူးကြမှာပါ။ ခံတွင်းပျက်ပြီ ဆိုရင် ဘာစားစား အရသာ မတွေ့သလို အရမ်း ကြိုက်တဲ့ အစားအစာတွေကို စားရင်တောင်မှ ဘာမှကို စားမကောင်း သလို ခံစားရတာပါ။ ဒီလိုမျိုး ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်း အချို့ကို ပြောပြပေးမယ် ဆိုရင် စိတ်ဝင်စား မလား! စိတ်ဝင်စားတယ် ဆိုရင် စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။ 

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့ ကတော့ – 

  • သံပုရာရည် သောက်ပါ 

သံပုရာသီးကို အရည် ညှစ်ပြီး ရေနွေးနွေးလေးနဲ့ သောက်ပေးတာက ခံတွင်းပျက် နေတာကို သက်သာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ခံတွင်းပျက်နေပြီ ဆိုရင် မနက်စာ မစားခင်မှာ သံပုရာရည် နွေးနွေးလေး သောက်ပေးပါ။

  • ပန်းသီးဖျော်ရည် သောက်ပေးပါ

ပန်းသီးကို စားပေးလို့ ရသလို ပန်းသီးဖျော်ရည် သောက်ပေးတာကလည်း အရသာ ခံစားမှု ကောင်းစေပြီး ခံတွင်း ပျက်တာကို သက်သာစေနိုင်ပါတယ်။ ပန်းသီးဖျော်ရည်ကို သစ်ကြံပိုးခေါက်မှုန့်လေး ထည့်သောက်ပေးတာ ကလည်း နည်းလမ်းကောင်းပါ။

  • ငှက်ပျောသီး စားပေးပါ

ငှက်ပျောသီး မှည့်မှည့်လေးကို သကြားလေးနဲ့ တို့ပြီး စားပေးတာကလည်း ခံတွင်း ပျက်တာကို သက်သာစေပြီး အစားစားချင်စိတ်လည်း တိုးလာစေ ပါတယ်။

  • ငါးစားပေးပါ

ငါးကို ကင်ပြီး စားပေးတာက ခံတွင်းတွေ့စေဖို့ ထောက်ကူ ပေးသလို ခံတွင်းပျက်နေတာကိုလည်း သက်သာစေ မှာပါ။ ဒါကြောင့် ခံတွင်းပျက်နေပြီ ဆိုရင် ငါးကင်လေး စားဖို့ မမေ့ပါနဲ့။

  • စပျစ်သီး

စပျစ်သီး လတ်လတ်ဆတ်ဆတ်လေးကို စားပေးတာက ခံတွင်းပျက်နေတာကို သက်သာစေပြီး အစားစားချင်စိတ် တိုးစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ခံတွင်းပျက်နေပြီ ဆိုရင် စပျစ်သီး မှည့်မှည့်လေး စားပေးပါ။

  • သရက်သီးမှည့်

သရက်သီးမှည့်က ရင်အေးစေဖို့ရော ခံတွင်းပျက်တာကို သက်သာစေဖို့ပါ ထောက်ကူပေးနိုင် ပါတယ်။ ဒါကြောင့် ခံတွင်းပျက် နေပြီ ဆိုရင် သရက်သီးမှည့် ချိုချိုလေးကို စားပေးပါ။ အမှည့် မလွန်ဖို့တော့ သတိထားပါ။

  • မန်းကျည်းသီးမှည့်

မန်ကျည်းသီးမှည့်လေး ဒါမှမဟုတ် မန်ကျည်းမှည့်ကို ထည့်ချက် ထားတဲ့ ချဉ်ရည်ဟင်းလေးတွေကို စားပေးတာက ခံတွင်းပျက်တာကို သက်သာစေနိုင် ပါတယ်။ ဒါကြောင့် ခံတွင်းပျက်တာကို သက်သာဖို့ ဆိုရင်  မန်ကျည်းသီး မှည့်လေးကို စားပေးပါ။

  • ချင်း (ဂျင်း) 

ချင်း (ဂျင်း) ကို ဝါးစားတာ ဖြစ်ဖြစ် ရေနွေးနဲ့ စိမ်သောက်တာ ဖြစ်ဖြစ် သောက်ပေးတာ စားပေးတာက ခံတွင်းပျက် နေတာကို သက်သာစေနိုင်ပါတယ်။

ခံတွင်းပျက် နေတာကို သက်သာစေဖို့ အခု ပြောပြခဲ့တဲ့ နည်းလမ်းလေး တွေနဲ့ ဖြေရှင်းလို့ ရပါတယ်။ ဒါကြောင့် ခံတွင်း ပျက်နေပြီ ဆိုရင် အခု ပြောပြခဲ့တဲ့ နည်းလမ်းလေးတွေ ထဲက အဆင်ပြေမယ့် နည်းလမ်းလေးနဲ့ ဖြေရှင်းလိုက် ပါနော်။ 

နွေအပူကြောင့် အစားစားချင်စိတ် ပျောက်ဆုံးနေတာကို သက်သာစေဖို့လည်း အခု ပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 03/05/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement