ဆေးရုံနှင့် ဆရာဝန် အတွေ့အကြုံ

ဆေးရုံနှင့် ဆရာဝန် အတွေ့အကြုံ များကို သိထားမယ်ဆိုရင် ဘယ်ရောဂါဆို ဘယ်ဆေးရုံ၊ ဘယ်ဆရာဝန်နဲ့ ပြသင့်တယ်ဆိုတာ အလွယ်တကူဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးရုံနှင့် ဆရာဝန် အတွေ့အကြုံ

မစည်ကားအပ်တဲ့နေရာတွေထဲမှာ ဆေးရုံလည်း တစ်ခု အပါအဝင်ပါ ။ ဒီအတွက် ကံအကြောင်းမလှဘဲ တစ်စုံတစ်ရာကြောင့်များ အစိုးရဆေးရုံတွေ ရောက်ရင် ဘယ်လိုတွေ ကြုံတွေ့ရနိုင်လဲဆိုတာကို ဗဟုသုတအနေနဲ့ တင်ပြပေးလိုက်ရပါတယ်။ ဆေးရုံရောက်ရင် အရေးပေါ်ကုသမှုဌာန Emergency မှာ စာရင်းသွင်း ၊ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ရပါတယ် ။ ဒီမှာလည်း ဆေးရုံတစ်ခုနဲ့ တစ်ခု မတူညီဘဲ တချို့ဆေးရုံကြီးတွေ (ဥပမာ ရန်ကုန်ဆေးရုံကြီး ၊ မြောက်ဥက္ကလာဆေးရုံကြီး၊ မန္တလေးနဲ့ နေပြည်တော်ဆေးရုံကြီး)မှာ အရေးပေါ် အထူးကု ဆရာဝန်နဲ့ ဆေးကုသမှု အဖွဲ့လိုက်ရှိတတ်ပြီး ရောဂါပြင်းထန်မှုအလိုက် လူနာတွေကို ကြည့်ပေးလေ့ရှိပါတယ်။ ကျန်တဲ့ဆေးရုံတွေမှာတော့ လူအင်အားနည်းတတ်တဲ့အတွက် အရေးပေါ်ဆရာဝန်တစ်ယောက်က တာဝန်ယူပြီး ကြည့်ရှုပေးတတ်ပါတယ်။ ဆရာဝန်က ကနဦးစမ်းသပ်မှုတွေပေါ်လိုက်ပြီး လူနာတက်ရမယ့် အဆောင်တွေ ခွဲပေးတတ်ပါတယ်။ ဆေးကုသဆောင် ၊ ခွဲစိတ်ဆောင်၊ သားဖွားမီးယပ်၊ […]

ဆေးရုံနှင့် ဆရာဝန် အတွေ့အကြုံ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

ဆေးရုံနှင့် ဆရာဝန် အတွေ့အကြုံ

လူတိုင်းအတွက်အဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုရှိပါတယ်။ ဒါကတော့ ကျန်းမာရေးပါ။ ကျန်းမာရေးကောင်းမှ လူမှုရေးရော စီးပွားရေးကိုပါကောင်းကောင်းလုပ်ဆောင်နိုင်မှာပါ။ အရင်ကကျန်းမာရေးကို ပြည်တွင်းမှာပဲ ကုသကြတာများပေမယ့် အခုနောက်ပိုင်းတော့ ပြည်ပမှာပါဆေးကုသမှုခံယူကြတာက အဆန်းတကြယ်မဟုတ်လှတော့ပါဘူး။ ဒါကြောင့် ရောဂါတစ်ခုခုခံစားနေရလို့ ပြည်ပမှာသွားရောက်ပြီး ဆေးကုသမှုခံယူဖို့ အစီအစဉ်ရှိတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်ပါနော်။ ပြည်ပမှာဆေးကုသမှုခံယူတော့မယ်ဆိုရင် ဆေးကုသမှုခံယူတော့မယ်ဆိုရင် အသေအချာ နားလည်ပြီး ရွေးချယ်နိုင်ဖို့က အဓိကကျပါတယ်။ အခုနောက်ပိုင်းကမြန်မာနိုင်ငံတွင်းကနေတင်ပြည်ပကဆေးရုံတွေမှာကုသမှုခံယူဖို့ဆွေးနွေးတိုင်ပင်လို့ရတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေက တစ်ခုမကရှိလာပါတယ်။ရွေးချယ်စရာများလာတာကကောင်းတဲ့အချက်တစ်ခုပါ။ ဒီလိုရွေးချယ်စရာအများကြီးထဲမှာမှသေချာလေးရွေးချယ်တတ်မှလည်း ကျန်းမာရေးအတွက် စိတ်ချယုံကြည်ရတဲ့စောင့်ရှောက်မှုကိုရရှိမှာဖြစ်ပါတယ်။ နိုင်ငံခြားထွက်ဆေးကုသမယ့်သူတွေအတွက် ကြုံတွေ့ရတတ်တဲ့ ပြဿနာများ။ ဆက်သွယ်ပြောဆိုမှုအခက်အခဲ။ ဘာသာစကားမတူတဲ့ပြဿနာကြောင့် ဆေးရုံတာဝန်ရှိသူတွေ၊ ကုသသူတွေနဲ့ လူနာအကြားမှာ ဆက်သွယ်ပြောဆိုမှုအခက်အခဲတွေနဲ့ နားလည်မှုလွဲမှားတာတွေဖြစ်ပေါ်နိုင်ပါတယ်။ မျှော်မှန်းထားတာထက် လျော့နည်းတဲ့ဝန်ဆောင်မှု။ ပုဂ္ဂလိကဆေးရုံတွေမှာ အပြိုင်အဆိုင်လူနာခေါ်ဖို့အတွက် စွဲဆောင်မှုကောင်းတဲ့ ဝန်ဆောင်မှုတွေပြောတတ်ကြပေမယ့် တကယ်တမ်းလက်တွေ့မှာ ထင်ထားခဲ့သလိုမဖြစ်ရတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ငွေကြေးသယ်ဆောင်မှုပြဿနာ။ နိုင်ငံအချို့ရဲ့ ပြည်ဝင်ခွင့်ပေါ်လစီမှာ ငွေကြေးပမာဏအများကြီးသယ်ဆောင်လာလို့မရတာမျိုးရှိပါတယ်။ အဲဒီအခါ အထပ်ထပ်အခါခါ လွှဲရပို့ရတာတွေ၊ လွှဲလိုက်တဲ့ငွေကြေးကို ပြန်လည်လဲလှယ်ရတဲ့အခါ အချိန်ကုန် လူပင်ပန်းနဲ့ […]

ဆေးရုံနှင့် ဆရာဝန် အတွေ့အကြုံ

ဆေးခန်းပြရာဝယ် (၂) ၄။ ဆေးခန်းသွားရင် ဘာတွေ ယူသွားရမလဲ။ လူနာတယောက်ကို ကုသတဲ့အခါ ရောဂါရာဇဝင်က အရေးကြီးသလို ဓါတ်ခွဲစမ်းသပ်မှုအဖြေတွေဟာလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် ဆေးခန်းသွားတဲ့အခါ အရင်အခေါက်တွေက ပြဖူးတဲ့ ဆေးစာအုပ်တွေ၊ဓါတ်မှန်ရိုက်ထားတာ၊သွေးစစ်ထားတာ၊Ultrasound (အရပ်အခေါ် တယ်လီဗေးရှင်းဓါတ်မှန်)ရိုက်ထားတာတွေကို ပြည့်ပြည့်စုံစုံ ယူသွားဖို့ လိုပါတယ်။ ဒါမှ ဆရာဝန်တောင်းတဲ့အခါ အဆင်သင့် အလွယ်တကူ ပြနိုင်မှာဖြစ်တဲ့အပြင် ကုသပေးသူ ဆရာဝန်အနေနဲ့လည်း ရောဂါအကြောင်းကို ပိုမိုပြီး လွယ်လင့်တကူ အကဲခတ်နိုင်မှာပဲ ဖြစ်ပါတယ်။   ၅။ ဆရာဝန်ကို ဘာတွေမေးရမလဲ၊ဘာတွေပြောပြရမလဲ။ ဒီနေရာမှာ သိထားသင့်တဲ့အချက်က ကိုယ့်အတွက်တော့ ဆရာဝန်တယောက်တည်းနဲ့ အလုပ်လုပ်နေရတာ ဖြစ်ပေမယ့် ဆရာဝန်ကတော့ လူနာအများနဲ့ အလုပ်လုပ်နေရတာပါ။ ဒါကြောင့် မိမိ(လူနာ)အတွက်လည်း အရေးကြီး၊ဆရာဝန်အတွက်လည်း (ရောဂါဖော်ထုတ်ကုသရာမှာ) အရေးပါတဲ့ အချက်လေးတွေကိုပဲ လိုတိုရှင်း ပြောဆိုမေးမြန်းဆွေးနွေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အရေးမကြီးတဲ့အချက်တွေကို ပြောပြီး အချိန်ဖြုန်းမယ်ဆိုရင် […]