backup og meta

ဆန်ကို ကြည်နေအောင် ဆေးတာက ကျန်းမာစေရဲ့လား!

ဆန်ကို ကြည်နေအောင် ဆေးတာက ကျန်းမာစေရဲ့လား!

ကဲ …. အရင်ဆုံး ဒီကနေ မေးချင်တာ ထမင်းချက်ခါနီးတိုင်း ဆန်ဆေးရည်ကို ကြည်နေအောင်ဆိုပြီး ဆန်ကို ရေနဲ့ အထပ်ထပ်များ ဆေးမိနေသေးလား! အချို့ဆို ရှိတယ်လေ ဆန်ကို လက်နှစ်ဖက်နဲ့ အသေအချာ ပွတ်တိုက်ဆေး ပြီး ရေကို ၁ ကြိမ် မက ၂ ကြိမ် မက အထပ်ထပ်ဆေးတာမျိုးလေ။ ဆန်ဆေးရည်လေး ကြည်မှ ပိုးတွေ ဖုန်တွေ ကင်းပြီး ထမင်းက သန့်မယ်လို့ပေါ့။ ဒါဆိုတကယ်ပဲ ဆန်ကို ကြည်နေအောင် ဆေးတာက ကျန်းမာစေရဲ့လား! ဆိုတာပါ။

ဆန်ကို ဘာကြောင့် ဆေးကြောရတာလဲ!

ဆန်ကို ဆေးကြောတယ်ဆိုတာက ဒီအချက်တွေကြောင့်ပါ။

  • သန့်စင်စေဖို့ – ဆန်မှာ ကပ်ငြိလာတဲ့ ဖုန်မှုန့်တွေ၊ အင်းဆက်တွေနဲ့ သဲတွေ ခဲတွေ ပါလာတာတွေကို သန့်စင်ဖို့အတွက် ဆေးကြောရတာပါ။ ဒါမှလည်း သန့်စင်မှာပေါ့။ ဒီလို သန့်စင်အောင် ဆေးကြောရမယ် ဆိုပေမယ့် ဆန်ကို အတင်း ပွတ်တိုက် ဆေးကြောတာမျိုး လုပ်ဆောင်ဖို့ မလိုသလို ရေကြည်သွားအောင် အထိ ဆေးကြောတာမျိုး လုပ်ဆောင်ဖို့လည်း မလိုပါဘူး။ 
  • ရေဓာတ်ဖြည့်ပေးနိုင်ဖို့ – ဆန်ကို ဆေးရတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုက တာရှည်ခံပြီး ခြောက်သွေ့အောင် လုပ်ဆောင်ထားတဲ့ ဆန်ကို ရေဓာတ် ပြန်လည်ပြည့်ဝစေဖို့နဲ့ ဆန်ကနေ ထမင်း ဖြစ်လာစေဖို့အတွက် ဆန်ကို ဆေးကြောလို့ ရေသန့်သန့် ထည့်ပြီး ချက်ရတာပါ။
  • အာဆင်းနစ်တွေကို ဖယ်ရှားဖို့ – ဆန်ထဲမှာ အာဆင်းနစ်တွေ ပါဝင်နေတယ်လို့ တော်တော်များများက သိထားပြီး ဖြစ်မှာပါ။ ဒီလိုမျိုး ဆန်မှာ ကပ်ငြိနေတဲ့ အာဆင်းနစ်တွေကို ဖယ်ရှားပေးဖို့အတွက်လည်း ဆန်ကို မချက်ခင်မှာ ဆေးကြောရတာပါ။ အချိန်ကြာမြင့်စွာ သိမ်းဆည်းသိုလှောင်ထားတဲ့ ဆန်တွေမှာ ကပ်ငြိနေတဲ့ အာဆင်းနစ် အပါအဝင် အမျိုးမျိုးသော အရာတွေကို သန့်စင်ဖို့အတွက်ပါ။ 

ဆန်ကို ကြည်နေအောင် ဆေးတာက ကျန်းမာရဲ့လား!

ထမင်းချက်ခါနီးတိုင်း ဆန်ကို ဆေးဖို့ လိုတယ်ဆိုပေမယ့် ဆန်ကို အတင်းပွတ်တိုက်ဆေးတာ၊ ဆန်ကို ကြည်နေအောင် ဆေးတာက ကောင်းတဲ့ နည်းလမ်းတစ်ခုတော့ မဟုတ်ပါဘူး။ 

ဆန်ကို အတင်းကာရော ပွတ်တိုက်ဆေးကြောတာက ဆန်မှာပါတဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ ဗီတာမင် ဘီဝမ်း၊ ကော့ပါး၊ သံဓာတ်၊ ဇင့်နဲ့ အခြားသော အာဟာရဓာတ်တွေကို ပျက်စီးစေနိုင်ပါတယ်။ 

တကယ်ကတော့ ဆန်ကို ခပ်ဖွဖွလေးနဲ့ နှံ့နေအောင် နှစ်ရေလောက် ဆေးပေးရင်ကို လုံလောက်ပါတယ်။ ဆန်ကို ဆေးတဲ့အခါ လက်နှစ်ဖက်နဲ့ အတင်း ပွတ်တိုက်တာမျိုး မလုပ်ဘဲ ခပ်ဖွဖွလေးနဲ့ စင်ကြယ်အောင်ပဲ ဆေးကြောပေးပါ။ 

နောက်သတိထားရမယ့် အချက်တစ်ခုက ဆန်ကို ဆေးကြောပြီးတာနဲ့ တစ်ခါတည်း တန်းချက်ပါ။ ဆန်ကို ဆေးပြီး ရေစိုစိုနဲ့ အခန်း အပူချိန်မှာ ထားတာက ပိုးပေါက်ဖွားတာမျိုး ဖြစ်စေနိုင်လို့ပါ။ ဒီလို ပိုးပေါက်ဖွားတာက အစာအိမ်အူလမ်းကြောင်းကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ 

စူပါမားကတ်တွေမှာရောင်းတဲ့ အသင့်စား သန့်စင်ပြီးသားဆန်တွေဆိုရင် ရေဆေးစရာတောင် မလိုတော့ပါဘူး။ ရေထည့်ပြီး တန်းချက်ရုံပါပဲ။ ဒီလိုမဟုတ်ဘဲ ‌စျေးထဲက ဆန်တွေ ဆိုရင်တောင် ဖုန်တွေ၊ ခဲတွေ မပါအောင် ဆေးဖို့ လိုပါတယ်။ တချို့နေရာတွေမှာ ဆန်ကို ခြေထောက်နဲ့ တက်နင်းတာ၊ အခင်းမှာ မပါဘဲ အောက်မှာ ပုံထားတာကို တွေ့ဖူးတယ်ဟုတ်။ ဒါတွေ မြင်ဖူးထားရင်တော့ ဆန်ကို မဆေးဘဲ နေနိုင်မှာ မဟုတ်ပါဘူး။

ဒီလိုဆိုရင်လည်း ဆန်ဆေးတဲ့အခါ ရေကြည်တဲ့အထိ အတင်းမဆေးပါနဲ့။ ဆန်ဆေးရည်ထဲမှာ ဖုန်တွေ၊ သဲတွေ မပါတော့ဘူးဆိုရင် သန့်တယ်လို့ ပြောလို့ ရပါပြီ။ ပိုးမွှားတွေ ပါလာရင်ရောဆိုပြီး စိတ်မပူပါနဲ့။ ဆန်က မီးပြင်းပြင်းနဲ့ ချက်တာကြောင့် ပိုးသေသွားပါလိမ့်မယ်။

ဆန်က ကျန်းမာရေးကို ဘယ်လိုတွေ ထောက်ကူပေးနေသလဲ!

ဆန်က ထမင်းပါပဲ။ ဆန်ကို စားသုံးပေးတာက အခုလို အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

  • ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေကို အထောက်အပံ့ပေးတယ်

စိတ်ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ကာဗိုဟိုက်ဒရိတ်က အရမ်းကို အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဆန်မှာ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကာဗိုဟိုက်ဒရိတ် မရှိဘူးဆိုရင် အားမရှိသလို ခံစားရမှာ ဖြစ်ပါတယ်။ 

  • အရေပြားကျန်းမာစေနိုင်ပါတယ်

ဆန်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ ပါဝင်နေသလို အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ အစားအစာ တစ်ခုပါ။ အမျှင်ဓာတ်က ခန္ဓာကိုယ်ရဲ့ အစာခြေစနစ် အတွင်းက အဆိပ်အတောက်တွေ၊ ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကိုဖယ်ရှားပေးပါတယ်။ ဒီလိုမျိုး လုပ်ဆောင်ပေးတာက ဝက်ခြံ ဖြစ်တာနဲ့ အသားအရေ မွဲခြောက်ခြောက် ဖြစ်တာတွေ လျော့ပါးသက်သာစေပြီး အရေပြားကို ကျန်းမာစေနိုင်ပါတယ်။

  • နှလုံးကျန်းမာစေနိုင်တယ်

ဆန်မှာ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်တဲ့အပြင် နှလုံး ကျန်းမာစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ကိုလက်စထရောတွေ ပါဝင်နေပါတယ်။

  • အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပေါ်လာစေတယ်

ဆန်မှာ အူမကြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပေါက်ပွားလာအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိပါတယ်။ ဒီဘက်တီးရီးယားတွေက ဝမ်းလျှောတာ၊ ဝမ်းကိုက်တာတွေ မဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ နောက်တစ်ခုက ထမင်းက ခန္ဓာကိုယ်အတွက် နေ့စဉ် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ပေးပါတယ်။

  • သွေးအားနည်းရောဂါကို ကာကွယ်ပေးတယ်

ဆန်မှာပါတဲ့ သံဓာတ်က ဟီမိုဂလိုဘင်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဟီမိုဂလိုဘင် အရေအတွက် များလာတဲ့အခါ သွေးအားနည်း ဝေဒနာ ခံစားရနိုင်ခြေကို နည်းသွားစေမှာ ဖြစ်ပါတယ်။

  • ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေနိုင်တယ်

ခန္ဓာကိုယ်ထဲမှာ အမျှင်ဓာတ် နည်းတဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းကိုထိခိုက်စေနိုင်တဲ့ အူမကြီးကင်ဆာလိုမျိုး ကင်ဆာရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒီလို ဝေဒနာတွေ မဖြစ်အောင် အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို စားသုံးပေးလို့ရသလို ထမင်းကို စားသုံးပေးလည်းရပါတယ်။ ထမင်းမှာ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေနိုင်တဲ့အပြင် အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးသလို ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်းလျော့ကျစေပါတယ်။

  • အရိုးပွရောဂါမဖြစ်အောင်ကာကွယ်ပေးတယ်

ဆန်မှာ ဗီတာမင် D ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးတွေကို သန်မာစေပြီး အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။  နေရောင်ခြည်ကနေလည်း ဗီတာမင် D ရနိုင်သလို ဆန်ကနေလည်း ဗီတာမင် D ရရှိနိုင်ပါတယ်။ ဒါကြောင့် အရိုးပွရောဂါမဖြစ်စေဖို့ အတွက် ဗီတာမင် D ရရှိအောင် ဆန်( ထမင်း) စားပေးလို့ ရပါတယ်။

# အမှာစကား
ဆန်ကို ခပ်ဖွဖွလေး ဆေးကြောပြီး ၂ ရေလောက် ဆေးလိုက်မယ်ဆိုရင် ဖုန်မှုန့်တွေ၊ ဆန်မှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေ စင်ကြယ်သွားပြီး အာဟာရပြည့်အောင် ချက်ပြုတ်လို့ ရပါတယ်။ ဆန်ကို အတင်းပွတ်ဖိ ဆေးကြောတာမျိုး မလုပ်ပါနဲ့။ အာဟာရပျက်ပြယ်သွားနိုင်လို့ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Do You Need To Wash Rice Before Cooking? Here’s The Science https://www.iflscience.com/do-you-need-to-wash-rice-before-cooking-heres-the-science-69357 Accessed Date 5 July 2023

Yes, You Should Always Rinse Your Rice—Here’s How https://www.realsimple.com/food-recipes/cooking-tips-techniques/how-to-rinse-rice Accessed Date 5 July 2023

Do You Need to Rinse Your Rice? https://www.epicurious.com/expert-advice/do-you-need-to-rinse-your-rice Accessed Date 5 July 2023

Should You Wash Rice Before Cooking It? https://www.southernliving.com/food/grains/rice/should-you-wash-rice Accessed Date 5 July 2023

Should you wash rice? The scientific answer has nothing to do with texture https://www.inverse.com/science/wash-your-rice Accessed Date 5 July 2023

ယခုပုံစံ

20/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆန်ကပေးတဲ့ အသားအရေ လှပမှု

ဆန်ဆေးရည် ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement