အသည်းအစားထိုးကုသပြီးနောက်ကျန်းမာစွာနေထိုင်စားသောက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အသည်းအစားထိုးကုသပြီးနောက် ကျန်းမာစွာစားသောက်ခြင်းဟာ အသည်းကျန်းမာရေးကိုပိုကောင်းစေသည့်အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှလည်းအသုံးဝင်ပါတယ်။

ဒါကြောင့် အသည်းကျန်းမာရေးကိုထိခိုက်စေမယ့်အောက်ပါအစားအစာများကိုရှောငိကြည်သင့်ပါတယ်။

စားသောက်သင့်သည့်ပုံစံ

အသည်းအစားထိုးသပြီးနောက် စည်းစနစ်ကျစွာစားသုံးခြင်းဟာအရေးပါလှပါတယ်။

● အစားမစားခင်နှင့်စားအပြီး မိနစ် ၂၀မှ၃၀ခန့်အနားယူပါ။

● သွေးတွင်းသကြားဓါတ်မထိန်းနိုင်သူ ( သို့ ) ဆီးချိုသမားများ တစ်နေ့ ဖျော်ရည်ဖန်ခွက်ဝက်ထက်ပိုမသောက်သင့်။

●ပရိုတင်းဓါတ်(အသားဓါတ်)ရရန်အဆီမပါအသား၊ငါး၊ကြက်သားတိုကိုစားသုံးပေးသင့်သည်။ အသားဓါတ်ဟာခွဲစိတ်အပြီး ခန္ဓါကိုယ်ပြန်လည်တည်ဆောက်ရာတွင်လည်းအသုံးဝင်သည်။

● တစ်ခါစားနည်းနည်းနှင့် အကြိမ်ရေများများခွဲစားခြင်းကပိုမိုသင့်တော်သည်။ တစ်နေ့ကို ၆-၈ကြိမ်လောက်ခွဲစားပေးသင့်သည်။

● အမျှင် ဓါတ်မျညးသောအစာများစားရန်။

● ကောက်နှံနှင့်ပြုလုပ်ထားသော ပေါင်မုန့်များစားရန်။

● ကယ်လ်ဆီယမ် ဓါတ်ရစေရန် အဆီ ဓါတ်နည်းသောနို့ထွက်ပစ္စည်းများစားသုံးရန်။

● အငန် ဓါတ် (ဆား )လျှော့စားရန်။

● တစ်နေ့တာလုံလောက်သည့်ရေပမာဏသောက်သုံးရန်။

ဒီလိုပုံစံတကျစားသောက်ခြင်းဟာ သင့်အတွက်တော့ အစပိုင်းမှာခက်ခဲနေနိုင်ပေမယ့် အသည်းအစားထိုးပြီးပြန်လည်ကျန်းမာရန်အမှန်ပင် အထောက်အကူပြုနိုင်ပါသည်။ မိသားစုဝင်များ၏အချင်းချင်းအားပေးမှုကလည်းလိုအပ်ပါတယ်။

ရှောင်ရှားရမည့်အစားအသောက်များ

အထူးသဖြင့် အသည်းကိုထိခိုက်စေနိုင်မည့်အစားအစာများဟာ လုံးဝမသင့်တော်ပါဘူး။ သင့်မိသားစုကိုလည်း သင့်အတွက်အစားအသောက် ပြင်ဆင်ရာမှာ ထိုအစားအစာများကိုရှောင်ခိုင်းသင့်ပါတယ်။

ဂရုတ်ဖုသီး

ဂရုတ်ဖုသီးဟာအသည်းရဲ့ပုံမှန်လုပ်ငန်းဆောင်တာတစ်ခုဖြစ်တဲ့ အင်ဇိုင်း CYP3A4ရဲ့ဆေးအာနိသင်ရှိအောင် ပြောင်းလဲပေးတဲ့လုပ်ငန်းကိုတားမြစ်ပါတယ်။ ဒါကြောင့် အသည်းအစားထိုးပြီးသောက်ရတဲ့ဆေးတွေရဲ့အာနိသင်ကို ကျဆင်းစေပါတယ်။

အချိုဓါတ်များသောအစာများ

အသည်းအစားထိုးကုသပြီးပါက အစားထိုးထားသောအသည်းအားမိမိခန္ဓါကိုယ်နှင့်လိုက်လျောညီထွေမှုရှိစေရန် သောက်ရသောဆေးများတွင် စတီးရိုက်ဆိုသည့်ဆေးသည် ခန္ဓါကိုယ်တွင်သကြားဓါတ်မြင့်တက်မှုကိုဖြစ်ပေါ်စေနိုင်သည်။

ဇွန်လ ၂၀၀၃ခုနှစ်အတွင်း ပြင်သစ်နိုင်ငံ၏လေ့လာချက်တစ်ခုအရ အသည်းအစားထိုးပြီးဆီးချိုရောဂါဖြစ်လာသူ ၃၁%ထိရှိနိုင်သည်။

စနစ်တကျပိုးမသတိထားသောနို့ထွက်ပစ္စည်းများနှင့် မကျကိတကျက်အစာများ

ထိုအစားအစာများတွင် ပိုးမွှားများပါနိုင်ပြီး အဆိုးဆုံးမှာဦးနှောက်အမြေးပါးရောင်သည်အထိဖြစ်နိုင်သည်။ အထူးသဖြင့် အသည်းအစားထိုးကုသပြီးလျှင် အစားထိုးထားသောအသည်းအား ခန္ဓါကိုယ်မှ ခုခံတုံ့ပြန်မှုမဖြစ်စေရန် ခုခံအားချသော ဆေးများသောက်ရသည်။

ထိုအချိန်တွင် ထိုအစားအစာများကိုရှောင်ကြဉ်သင့်ပေသည်။

အရက်

အရက်ဟာအသည်းကိုအပျက်စီးစေဆုံးအကြောင်းရင်းပါပဲ။ အရက်ကြောင့်အသည်းခြောက်ခြင်းဟာလည်းအသည်းအစားထိုးရတဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဒါကြောင့်အစားထိုးထားတဲ့အသည်းအသစ်လေးမပျက်စီးဖို့အရေး သင့်ဘဝတစ်လျှောက်လုံးအရက်ကိုစွန့်လွှတ်လိုက်ပါ။

အသည်းအစားထိုးကုသထားသူအတွက်ကျန်းမာသောစားသောက်နေထိုင်ပုံဟာမရှိမဖြစ်အမှန်ပင်လိုအပ်ပါတယ်။ ဖြည်းဖြည်းချင်းလေ့ကျင့်ယူရပြီး စိတ်ရှည်ဖို့လည်းအင်မတန်မှလိုအပ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

    လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

    စအိုတဝိုက်အရေပြားက ခန္ဓာကိုယ်မှာအစကတည်းက စိုထိုင်းစများတဲ့နေရာဖြစ်တဲ့အတွက် အရေပြားပေါ်မှာအစိုဓာတ်အောင်းပြီး မှိုတွေပေါက်ပွားလာနိုင်ပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Thiha Phyo Myint

    ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

    ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ။ ဆောင်းရာသီမှာ ကျန်းမာအောင် ဘယ်လို စားသောက်ကြမလဲဆိုတာ ဖတ်ကြည့်လိုက်ဦးနော်။

    ရေးသားသူ Ye Zon Aung

    မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုခံစားရသူ အရေအတွက်

    ဆီးချိုက ကမ္ဘာတလွှားမှာတင် ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ နှစ်တွေအတွင်း အတော်လေး မြင့်တက်လာခဲ့ပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    သင့်အတွက် ရွေးချယ်ထားသည်

    အစားအသောက်တွေကနေ သင့်ဆီကို ဘာရောဂါပိုးတွေ ရောက်လာနိုင်သလဲ။

    အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 4 mins read
    ကလေးထိန်းပြီး ဝိတ်ချမလား

    ကလေးထိန်း ပြီး ဝိတ်ချမလား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read
    ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

    ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 30, 2020 . 1 min read
    ခါးနာခြင်း

    ခါးနာခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 10, 2020 . 3 mins read