home

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးတွေ ကျန်းမာမယ်၊ ကြွက်သားတွေ သန်မာမယ်၊ စိတ်တွေ လန်းဆန်းလာပါမယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာက တချို့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

ငယ်ငယ်က ဒူးနှံ့ ရင် အမေက ဖြန်းခနဲ လှမ်းရိုက်တာ ခံရဖူးမှာပါ။ အပျင်းကြီးတယ်။ မျက်စိနှောက်တယ်။ တချို့ကျတော့လည်း အိမ်လာဘ်တိတ်တယ် မလုပ်ရဘူး စသဖြင့်ပေါ့။ ဒီလိုဆိုပေမယ့် ဒူးနှံ့တာက လုံးဝမကောင်းတာတော့လည်း မဟုတ်ပါဘူး။ ဒူးနှံ့တာက ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။ ဘာကြောင့် ဒူးနှံ့ ကြတာလဲ။ ဒူးနှံ့ကြတာ ဘာရယ်လို့ မဟုတ်ပါဘူး။ အများစုကပျင်းလို့ နှံ့ကြတာများပါတယ်။ တချို့ကြတော့လည်း တစ်ခုခုကို စျာန်ဝင်နေလို့ (ဥပမာ ဂိမ်းဆော့နေလို့) မသိလိုက်ဘဲ နှံ့ကြတာလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒူးနှံ့တာက ကျန်းမာရေးပြဿနာဆိုတာထက် အပျင်းပြေ လုပ်ကြတာ များပါတယ်။ ဒူးနှံ့တာကို ယောက်ျားလေးတွေမှာ ပိုတွေ့ရပါတယ်။ မိန်းကလေးတွေက မနှံ့တာတော့ မဟုတ်ပေမယ့် ယဉ်ကျေးမှု အဆုံးအမတွေကြောင့် မနှံ့ဖြစ်တော့ပါဘူး။ ဒူးနှံ့ တာက ကျန်းမာရေးအတွက် တကယ်ကောင်းသလား။ ဒူးနှံ့တာက ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတဲ့ အချက်၂ချက် […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အားကစားလုပ်ရာတွင်အန္တရာယ်ကင်းစေမည့်နည်းလမ်းများ

ကျန်းမာချင်လို့ လေ့ကျင့်ခန်း လုပ်တာ ဖြစ်တဲ့အတွက် လေ့ကျင့်ခန်း လုပ်ခါမှ ထိခိုက်သွားရတာမျိုးတာ့ မဖြစ်စေချင်ပါဘူး။ အထူးသဖြင့် လေ့ကျင့်ခန်း စလုပ်ခါစမှာ စနစ်မကျတာရော၊ အလွန်အကျွံ လုပ်မိတာတွေရောကြောင့် ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်တဲ့ နေရာမှာ အန္တရာယ်ကင်းအောင် အောက်ကအချက်တွေကို လိုက်နာစေချင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းစေဖို့ လေ့ကျင့်ခန်း မလုပ်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ သာမန်လူတွေအတွက်ကတော့ မလိုပေမယ့် ရောဂါအခံရှိသူတွေအတွက်ကတော့ လိုပါတယ်။ ဥပမာ ဆီးချိုရှိတဲ့သူဆိုရင် လေ့ကျင့်ခန်း အပြင်းအထန်လုပ်တဲ့အခါ သွေးတွင်းသကြားဓာတ်တွေ ထိုးကျပြီး သတိလစ်သွားတတ်ပါတယ်။ ခွဲစိတ်ထားတဲ့သူတွေဆိုရင်လည်း ဒီလိုပါပဲ။ အခန့်မသင့်ရင် အူကျွံတာ ဖြစ်တတ်တဲ့အတွက် မလုပ်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ လေ့ကျင့်ခန်း လုံးဝမလုပ်ရတာတော့ မဟုတ်ပေမယ့် ဘယ်လို လေ့ကျင့်ခန်းမျိုးတွေကိုတော့ ရှောင်သင့်တယ်။ အချိန်ဘယ်လောက်ပဲ လုပ်သင့်တယ်ဆိုတဲ့ အကြံဉာဏ်မျိုး […]

ကိုယ်လက်လှုပ်ရှားမှုအတွက်တိုက်တွန်းခြင်း

ကယ်လိုရီလောင်ကျွမ်း စေဖို့ ဆိုတာ လေ့ကျင့်ခန်းလုပ်သူတိုင်းရဲ့ အခြေခံရည်ရွယ်ချက်တစ်ခုပါ။ ဒါပေမဲ့ ဘယ်လေ့ကျင့်ခန်း အမျိုးအစားက ဘယ်လောက် ကယ်လိုရီလောင်ကျွမ်း စေ သလဲ ဆိုတာကိုတော့ လေ့ကျင့်ခန်းလုပ်သူတိုင်း အားကစားလုပ်သူတိုင်း တိတိကျကျ မသိတတ်ကြသလို သိဖို့လိုတယ်လို့လည်း တချို့က မထင်ကြပါဘူး။ တချို့ကျတော့လည်း တစ်နေ့တာမှာ လိုအပ်တဲ့ ကယ်လိုရီ ပမာဏကို တွက်ချက်စားတတ်ပြီး စားတာများသွားရင် ပိုလျှံပြီး အဆီအဖြစ်ပြောင်းလဲမသွားစေဖို့ သေချာစနစ်တကျ အစီအစဉ်တွေချမှတ်နိုင်ကြပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ လိုက်လုပ်ဖို့မလွယ်သေးပါဘူး။ ခုခေတ်မှာ လေ့ကျင့်ခန်း လုပ်တဲ့လူတွေ ပိုများလာပါတယ်။ Gym တွေမှာ ဆော့ကြတဲ့သူတွေလည်း ရှိသလို တချို့တွေကျတော့လည်း နေအိမ်မှာပဲ တနိုင်တပိုင်ဆော့ကြတာမျိုးပေါ့။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တယ်ဆိုတာက ခန္ဓာကိုယ်အတွက် သိပ်ကိုအကျိုးရှိပြီး အလွန်ကောင်းမွန်တဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ကိုယ်လုပ်နေတဲ့လေ့ကျင့်ခန်းက ကိုယ်နဲ့သင့်လျော်ရဲ့လား ကိုယ်လိုချင်တဲ့အတိုင်းအတာအထိ ထိရောက်မှုရှိရဲ့လား၊ ဘယ်လောက် ကယ်လိုရီပမာဏလောင်ကျွမ်းစေ သလဲ […]

ကိုယ်လက်လှုပ်ရှားမှုအတွက်တိုက်တွန်းခြင်း

လူအတော်များများက ပုံမှန်နေ့စဉ်ဘဝမှာ လမ်းလျှောက်ဖြစ်ကြေပေမယ့် ခြေလျှင်ခရီး‌တွေကို ပုံမှန်အားကစားတစ်ခုအဖြစ် ပြုလုပ်ကြတာတော့ နည်းပါတယ်။ ခြေလျှင်ခရီးထွက်တာ တနည်း Hiking ထွက် တာဟာ ကျန်းမာရေးကို အကျိုးကျေးဇူး အမြောက်အများပေးစွမ်းနိုင်ပါတယ်။ သင်ထင်မှတ်ထားတာတွေရော မထင်မှတ်ထားတာတွေရောပါ။ ခုလို COVID-19 ကပ်ဘေးကာလမှာ Camping လုပ်ကြတာတွေခေတ်စားလာကြပေမယ့် ခြေလျှင်ခရီးထွက်တာမျိုးကိုတော့ အလုပ်နည်းကြပါတယ်။ အကြောင်းကတော့ သာယာရှုမောဖွယ်ရှုခင်းမျိုးနဲ့ အေးအေးဆေးဆေးလမ်းလျှောက်နိုင်မယ့်နေရာမျိုးတွေ နည်းပါးနေသေးတာကြောင့်ပါ။ ဒါပေမယ့် ဒီလိုကပ်ဘေးကာလမျိုးမှာ ခြေလျှင်ခရီးတွေ ပိုထွက်သင့်ပါတယ်။ ရောဂါပိုးအန္တရာယ်နဲ့ စိတ်ကျဉ်းကျပ်ဖွယ်ရာတွေပြည့်နေတဲ့ မြို့ပြလူနေမှုဘဝကို စွန့်ခွာပြီး အနီးဝန်းကျင်က ကျေးလက်ဒေသတွေကို ကာလတို လမ်းလျှောက်ခရီးလေးတွေ ထွက်ကြည့်မယ်ဆိုရင် စိတ်ရောကိုယ်ပါ အကျိုးရှိလာမှာကို သင်သိလာပါလိမ့်မယ်။ Hiking ထွက် ပါလို့ ဘာလို့ပြောရတာလဲ တစ်ခုတော့ သတိပေးချင်ပါတယ်။ Hiking က လွယ်ကူတဲ့ နည်းလမ်းတစ်မျိုးတော့ မဟုတ်ပါဘူး။ ပထမဆုံးအကြိမ်မှာဆိုရင် သေမတတ်ပင်ပန်းတယ်လို့ လူအတော်များများက သူတို့အတွေအကြုံတွေကို […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ ခန္ဓာကိုယ်ရဲ့ ပုံမှန် လုပ်ဆောင်ရမယ့် လုပ်ဆောင်မှုတွေကိုတောင် မလုပ်မိတာမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ အသက်ရှူဖို့ မေ့နေပြီး အသက်ရှူ မဝတော့မှာ အသက်ကို ရှိုက်ပြီး ရှူတာမျိုးပါ။ ဒီလိုကနေ ခေါင်းကိုက်တာ၊ ကြွက်သားတွေ ကိုက်ခဲတာကို ခံစားလာရနိုင်ပါတယ်။ ဒါတွေက စိုးရိမ်မှု လွန်ကဲတာ​ကြောင့် ရလာတဲ့ ထိခိုက်မှုတွေပေါ့။ ဒီစိုးရိမ်မှု လွန်ကဲတာကြောင့် ခံစားလာရမယ့် ထိခိုက်မှုတွေကို သက်သာစေမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ သက်သာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။ ဒါကတော့ အသက်ရှူလေ့ကျင့်ခန်း လုပ်တာနဲ့ ကြွက်သားကို ပြေလျော့စေမယ့် လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာပါ။ စိုးရိမ်ပူပန်မှုလွန်ကဲနေချိန်မှာ လုပ်ဆောင်ပေးသင့်တဲ့ အသက်ရှူလေ့ကျင့်ခန်း စိုးရိမ်ပူပန်မှု လွန်ကဲနေချိန်မှာ စိတ်လက်ပေါ့ပါးစေဖို့ လုပ်ဆောင်သင့်တဲ့ […]

အခြားလေ့ကျင့်ခန်းများ

လမ်းလျှောက်တာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် လမ်းကြာကြာလျှောက် မယ်၊ နေ့စဉ်ရက်ဆက်လျှောက်မယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးလေး အနည်းငယ်ရှိလာနိုင်ပါတယ်။ ဒီတော့ လမ်းကြာကြာလျှောက်လို့ ဖြစ်လာနိုင်တဲ့ ဒဏ်တွေက ဘာတွေလဲ။ ဘယ်လိုတွေ သက်သာအောင် လုပ်မလဲဆိုတာ အကြံပေးချင်ပါတယ်။ လမ်းကြာကြာလျှောက် ရင် ဘာတွေ ခံစားရနိုင်သလဲ။ အားကုန်တာ လမ်းလျှောက်တာက ခန္ဓာကိုယ်က ကြွက်သားတွေ အများကြီး သုံးရတဲ့အတွက် ကြလာတာနဲ့အမျှ အားကုန်လာပြီး နုံးလာပါလိမ့်မယ်။ နေ့စဉ်ရက်ဆက်လျှောက်မယ်ဆိုရင် တဖြည်းဖြည်း အားကုန်ပြီး ပိန်လာမှာပါ။ အကောင်းဘက်က ကြည့်ရင်တော့ ဝိတ်ကျတာပေါ့။ ကြွက်သားတွေ နာတာ တစ်နေကုန်နီးပါး ကြွက်သားတွေ အားသုံးထားရတာဆိုတော့ အိမ်ပြန်ရောက်ရင် ကြွက်သားတွေ နာနေပါလိမ့်မယ်၊ ခြေသလုံးတွေ၊ လက်မောင်းတွေ၊ ကျောတွေ နာတာခံစားရမှာပါ။ ကြွက်သားတွေ တောင့်တာ အိမ်ပြန်ရောက်တာနဲ့ ခြေသလုံးက ကြွက်သားတွေကို စမ်းကြည့်လိုက်ပါဦး။ ကျောက်ခဲတွေလို မာနေတာကို ခံစားရမှာပါ။ ခြေဖဝါးတွေလည်း […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းတွေဟာ နှလုံးကျန်းမာစေတယ်။ ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းနိုင်စေတယ်။ အရိုးတွေကို သန်မာစေတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။ ကိုယ်လက်ပေါ့ပါးစေတယ် ဆိုတာကို အားလုံး သိထားပြီးဖြစ်မှာပါ။ ဒါဆိုရင် လေ့ကျင့်ခန်း စလုပ်တော့မယ်လို့ စိတ်ကူးနေပြီလား။  လေ့ကျင့်ခန်းဆိုတဲ့နေရာမှာ လေ့ကျင့်ခန်း အမျိုးအစားတွေက အများကြီးပါ။ ဒီလိုလေ့ကျင့်ခန်းတွေထဲမှာမှ ခန္ဓာကိုယ် သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ က ဘာတွေလဲဆိုတာနဲ့ ဘယ်လို အကျိုးကျေးဇူးတွေ ပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါ။ သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ ဆိုတာ သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများလို့ ဆိုလိုက်ရင် လေ့ကျင့်ခန်းတွေ အားလုံးက အတူတူပဲ မဟုတ်ဘူးလား။ ဘာ​တွေများ ကွာခြားသွားလို့လဲဆိုပြီး မေးစရာရှိပါတယ်။ တကယ်ကတော့ လေ့ကျင့်ခန်း တစ်ခုချင်းစီကို လုပ်ဆောင်ရပုံခြင်း မတူသလို အကျိုးသက်ရောက်မှုခြင်းကလည်း ကွာခြားပါတယ်။ ဒီလေ့ကျင့်ခန်းတွေထဲကမှ သန်စွမ်းကြံ့ခိုင်စေမယ့် လေ့ကျင့်ခန်းတွေက ကြွက်သားအုပ်စု တစ်ခုချင်းစီကို သန်မာလာအောင် လေ့ကျင့်ပေးတာဖြစ်ပြီး ကိုယ်အလေးချိန်ကိုလည်း […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

အကြောဖြေလျှော့ တယ်ဆိုတာက အဆစ်တွေကို လှုပ်ရှားစေတဲ့ လေ့ကျင့်ခန်းပါ။ အဆစ် တစ်ခုချင်းစီ အလိုက် ဖြစ်နိုင်သလို အဆစ်တွေ အားလုံးလည်း ဖြစ်နိုင်ပါတယ်။ အဆစ်တွေရဲ့ လှုပ်ရှားမှု ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ပေးတဲ့ လေ့ကျင့်မှု တစ်မျိုးပါ။ အ​ကြောဖြေလျှော့မှု လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ  ကြွက်သားတွေကို ဆန့်စေမယ့် အကြောလျှော့လေ့ကျင့်ခန်းတွေ နဲ့ အကြောတွေကို ပြေလျော့စေမယ့် လေ့ကျင့်ခန်းတွေ ဖြစ်ကြတဲ့ ယောဂ၊ ထိုက်ချိလိုမျိုး ကိုယ်လက်လှုပ်ရှားမှုတွေ ပါဝင်နေပါတယ်။ အကြောတွေကို ပုံမှန် ဖြေလျှော့ပေးတာက လှုပ်ရှားမှုကို ပိုမို အဆင်ပြေစေပြီး တစ်နေ့တာမှာ အကောင်းဆုံး သွားလာ လှုပ်ရှားနိုင်မှာပါ။ အကြောဖြေလျှော့ လေ့ကျင့်ခန်းဆိုတာ အကြောဖြေလျှော့ လေ့ကျင့်ခန်းလို့ ပြောလိုက်ရင် သိသားပဲလို့ ယူဆစရာ ရှိပါတယ်။ အကြောဖြေလျှော့ လေ့ကျင့်ခန်းဆိုတာက ခေထောက်ကို ပခုံး အကျယ်အတိုင်း ခွဲထားပြီး ခါးကို […]

အားကစားလုပ်ရာတွင်အန္တရာယ်ကင်းစေမည့်နည်းလမ်းများ

အားကစားတစ်ရပ်ရပ်ကို လုပ်ဆောင်တဲ့အခါ အားကစားလုပ်တာကြောင့် ထိခိုက်မှုတွေကို ခံစားရနိုင်ပါတယ်။ အားကစားလုပ်နေသူတွေအနေနဲ့ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်ရင်းဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် ထိခိုက်မှုတွေကို ခံစားရနိုင်ပါတယ်။ အားကစားလုပ်ရင်း ထိခိုက်မှုတွေ ဘာကြောင့်ဖြစ် အားကစားလုပ်ရင်း ထိခိုက်မှုတွေ ဖြစ်ရတာက ပုံမှန် လှုပ်လှုပ်ရှားရှားမရှိလို့ (လှုပ်ရှားမှုနည်းလို့) အားကစား မလုပ်ခင် သွေးပူလေ့ကျင့်ခန်း မလုပ်လို့ ကိုယ်နေဟန်ထား မမှန်လို့ မတော်တဆ ထိခိုက်မှုတွေရှိလို့ လိုအပ်တဲ့ကိရိယာတွေ ပြည့်စုံစွာ မရှိလို့ နည်းစနစ်မမှန်လို့ ပြင်းပြင်းထန်ထန် လုပ်လို့ စတဲ့အချက်တွေကြောင့် အားကစားလုပ်ရင်း ထိခိုက်မှုတွေကို ခံစားရနိုင်ပါတယ်။ အားကစားလုပ်ရင်းဖြစ်နိုင်တဲ့ ထိခိုက်မှုတွေက ဘာတွေလဲ။ အားကစားလုပ်ရင်း ထိခိုက်နိုင်တဲ့ ထိခိုက်မှုတွေကတော့ အများကြီးပါ။ ထိခိုက်ဒဏ်ရာအလိုက် လက္ခဏာတွေကလည်း ကွာခြားနိုင်ပါတယ်။ အဖြစ်အများဆုံး အားကစားလုပ်ရင်း ထိခိုက်မိနိုင်တဲ့ ထိခိုက်မှုတွေကတော့ အရွတ်စုတ်ခြင်း - လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်တာ၊ နာကျင်နေတာကို မနားဘဲ လေ့ကျင့်ခန်းတွေ ဆက်လက်လုပ်ဆောင်တာကြောင့် […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation အမြဲလိုလို လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ လိုအပ်မယ့် အချက်တွေက အများကြီးပါ။ ပန်းတိုင် သတ်မှတ်တာ၊ ပြင်ဆင်မှုတွေ လုပ်တာ၊ စည်းမျဉ်းတွေ ချမှတ်တာ၊ ဆုံးဖြတ်ချက်ချမှတ်တာတွေပါ။ ဒီအချက်တွေအပြင် အရေးအကြီးဆုံး အချက်တစ်ခုက စိတ်အားထက်သန်မှု ရှိနေဖို့ပါ။ တစ်ခါတလေ ဖြစ်တတ်တာက လေ့ကျင့်ခန်းလုပ်ချင်ပေမယ့် စိတ်မပါလို့ မလုပ်ရတာမျိုးပါ။ ဒီနေ့တော့ အိပ်ရာမနိုးလို့ ပင်ပန်းနေလို့ နောက်နေ့မှ လုပ်တော့မယ်ဆိုတာမျိုးပေါ့။ တကယ်က ဒီလိုဖြစ်နေတာက ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ အခြားသူတွေရော အဲ့လိုပါပဲ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အောင်မြင်ဖို့ဆိုရင် မဖြစ်မနေ လိုအပ်မှာက စိတ်အားထက်သန်မှုပါ။ ဒီလို စိတ်အားထက်သန်မှု ဖြစ်စေဖို့ အနာဂတ်စီမံကိန်းတွေ ချမှတ်တာရှိသလို ဝိတ်ကျသွားတယ် အချိုးအစား လှပသွားမယ်စတဲ့ အချက်တွေကို ကြိုတင်စိတ်ကူးကြည့်တာမျိုးလည်း ရှိပါတယ်။ ဒီလိုတွေးကြည့်တာကလည်း လေ့ကျင့်ခန်းလုပ်ဖြစ်စေဖို့ အကောင်းဆုံး တွန်းအားပေးနိုင်ပါတယ်။ Motivationဆိုတာ ဘာလဲ။ Motivationဆိုတာက အရမ်းကို ရိုးစင်းတဲ့ […]

အခြားလေ့ကျင့်ခန်းများ

ခေါင်းစဉ်ကို ဖတ်ပြီးချိန်မှာ ဒေါင်းတောက်နေအောင် လျှောက်ပြေးနေမယ့် ရင်သွေးလေးတစ်ယောက်နောက်ကို ကလေးထိန်း ဖို့ အူလျားဖားလျားလျှောက်လိုက်နေရမယ့် မေမေတစ်ယောက်ကို ပြေးမြင်မိသွားကြမယ်ထင်ပါတယ်။ ဒီကနေ့ခေတ်မှာ လူအတော်များများ ကိုယ်အလေးချိန်မြင့်တက်လာကြပါတယ်။ ကိုယ်အလေးချိန် မြင့်တက်လာရတဲ့ အကြောင်းအရင်းတွေထဲမှာ ကိုယ်လက်လှုပ်ရှားမှုနည်းပါးတာနဲ့ အစားအသောက်ကို စနစ်တကျ မှီဝဲစားသောက်မှုမရှိတာတွေက အဓိက အကြောင်းတရားတွေပါပဲ။ ဒီလို လုပ်ဆောင်ချက် ၂ ခုလုံးကို တစ်ပြိုင်နက်တည်းပြင်ဆင်ခွင့်ရမယ့် အခွင့်အလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ ကလေးထိန်းတာပါပဲ။ ရင်သွေးတွေကို ထိန်းကျောင်းတာဟာ ကိုယ်လက်ကျန်းမာစေနိုင်တဲ့ နည်းနာတစ်ခုပါ။ စိတ်ပါလက်ပါနဲ့သာ အချိန်ပေးနိုင်မယ်ဆိုရင် ကိုယ်အလေးချိန်ပါ လျော့ကျစေနိုင်ပါတယ်။ ပျမ်းမျှခြင်းအားဖြင့် သာမန်ကိုယ်ခန္ဓာမျိုးရှိတဲ့ မိခင်တစ်ယောက်ဟာ သာမန် ပေါ့ပေါ့ပါးပါး ကလေးထိန်း တဲ့ လုပ်ငန်းဆောင်တာတွေကြောင့် တစ်နေ့ကို ကယ်လိုရီ ၁၄၄-၂၀၀ ဝန်းကျင်လောက် လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါဟာ တစ်နေ့ကို ၂ မိုင်လောက် လမ်းလျှောက်တာနဲ့ ကယ်လိုရီလောင်ကျွမ်းမှုခြင်း အတူတူပါပဲ။ […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Phio Thiha

သားဖွားပညာ

Phyo Clinic (Pazundaung)

expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy