လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိလို့ နာကျင်တာတွေ သက်သာစေဖို့

    လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိလို့ နာကျင်တာတွေ သက်သာစေဖို့

    ကျန်းမာစေဖို့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ လေ့ကျင့်ခန်း လုပ်ခြင်းက အကောင်းဆုံးသော ဆေးဝါးပါဆိုတာမျိုးတွေကို ကြားဖူးကြမယ် ထင်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာက ကျန်းမာစေတယ်ဆိုပေမယ့် အရမ်းပြင်းပြင်းထန်ထန် လုပ်တာမျိုးကတော့ အရိုးအဆစ် နဲ့ ကြွက်သားတွေကို နာကျင်ကိုက်ခဲတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    လေ့ကျင့်ခန်း လုပ်တာက စလုပ်စမှာ နာကျင်နိုင်သလို ပုံမှန်ထက် ပြင်းပြင်းထန်ထန် လုပ်တဲ့အခါမျိုးမှာလည်း နာကျင်တာမျိုး ဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်းက တစ်နေ့ကို နည်းနည်းချင်းစီ တိုးလုပ်သွားတာက အကောင်းဆုံးပါ။ ဒီတော့ ပိန်ချင်ဇောနဲ့ ဖြစ်ဖြစ် ကြွက်သားတက်အောင်ဆိုပြီး ဖြစ်ဖြစ် လေ့ကျင့်ခန်းတွေကို ပြင်ပြင်းထန်ထန် လုပ်မိလို့ နာကျင်နေတာတွေကို သက်သာစေဖို့ ဘယ်လို လုပ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    လေ့ကျင့်ခန်း လုပ်ရင် ကြွက်သား နဲ့ အရိုးအဆစ်တွေ နာကျင်မှာလား

    လေ့ကျင့်ခန်းကို နည်းစနစ်မှန်မှန်၊ အတိုင်းအဆ မှန်မှန်လုပ်မယ်ဆိုရင်တော့ နာကျင်မှုတွေကို လျော့ပါးစေမှာပါ။ ဒါကြောင့်ပဲလည်း ကြွက်သားတွေ တောင့်တင်းနာကျင်နေရင် အကြောလျှော့ပါလား။ လေ့ကျင့်ခန်းလေး နည်းနည်းလောက် လုပ်လိုက်လေလို့ ပြောကြတာပေါ့။

    လေ့ကျင့်ခန်းကို ပုံမှန် မလုပ်ဖြစ်ဘဲ တစ်ခါတစ်ခါမှ လုပ်ဖြစ်တာ၊ လေ့ကျင့်ခန်း လုပ်ဖြစ်ချိန်မှာ အချိန်အကြာကြီး ပြင်းပြင်းထန်ထန် လုပ်လိုက်မိတာတွေက ကြွက်သား နာကျင်တာ၊ ကြွက်သားမှာ ဒဏ်ဖြစ်တာမျိုးတွေ ဖြစ်စေနိုင်တာပါ။

    လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိလို့ နာကျင်တာတွေ သက်သာစေဖို့

    လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်မိလို့ ကြွက်သားတွေ အရိုးအဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ဆိုရင် ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။

    • အကြောလျှော့ပေးပါ

    နာကျင်နေတာကို အကြောလျှော့ပါဆိုလို့ ဖြစ်နိုင်ပါ့မလားလို့ ယူဆနေပြီလား။ ဟုတ်ပါတယ်။ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်မိတာကြောင့် ကြွက်သားတွေ၊ အရိုးအဆစ်တွေ နာကျင်တဲ့အခါ နာကျင်တာတွေကို သက်သာစေဖို့အတွက် ပေါ့ပေါ့ပါးပါး အကြောလျှော့တာမျိုး လုပ်ပေးပါ။ သိပ်အများကြီး မဟုတ်ပါဘူး။ ၁၀ မိနစ် ၁၅ မိနစ်လောက်ပါ။

    • ရေခဲဝတ် ကပ်ပါ

    နာကျင်နေတဲ့ နေရာတွေကို ရေခဲဝတ် ကပ်ပေးတာက အရောင်ကျစေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိတာကြောင့် နာကျင်တဲ့နေရာတွေကို ရေအေးဝတ် ဒါမှမဟုတ် ရေခဲဝတ်လေး ကပ်ပေးပါ။ ရေခဲဝတ် ကပ်တဲ့အခါ အအေးဒဏ်ကြောင့် အသားမလောင်စေဖို့ ၁၀ မိနစ်လောက်ပဲ ကပ်ပါ။ နားပြီးမှ နောက်တစ်ကြိမ် ကပ်တာမျိုး လုပ်ပေးပါ။

    • နှိပ်နယ်ပေးပါ

    လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်ထားတာကြောင့် ခံစားနေရတဲ့ နာကျင်မှုတွေကို သက်သာစေဖို့ဆိုရင် နာကျင်တဲ့နေရာကို လက်ချောင်းလေးတွေ သုံးပြီး ခပ်ဖွဖွလေး နှိပ်ပေးပါ။ ဒါမှ ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ကြွက်သားနာကျင်တာကို သက်သာစေမှာပါ။

    • ရေနွေးဝတ် ကပ်ပေးပါ

    ဒါကလည်း ကြွက်သားနာကျင်မှုကို သက်သာစေနိုင်တဲ့ နည်းလမ်း တစ်ရပ်ပါ။ ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် နာကျင်နေတဲ့နေရာလေးကို ရေနွေးဝတ် ကပ်ပေးပါ။ ရေနွေးနဲ့ ရေချိုးပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။

    • အကိုက်အခဲ ပျောက်ဆေး သောက်ပါ

    လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်လိုက်မိလို့ နာကျင်တာတွေကို သက်သာစေဖို့ လုပ်ဆောင်ပေးလို့ ရတဲ့ လွယ်ကူထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့ ဆေးစာမလိုဘဲ ဝယ်ယူလို့ရတဲ့ အကိုက်အခဲပျောက်ဆေး သောက်တာပါ။ အကိုက်အခဲပျောက်ဆေးတွေက ကြွက်သားနဲ့ အရိုးအဆစ် နာကျင်တာတွေကို အချိန်တိုအတွင်းမှာ သက်သာစေမှာပါ။

    • ဆေးလိမ်းပါ

    ကြွက်သားတွေ နာကျင်ကိုက်ခဲလာရင် အတော်များများ လုပ်မိလေ့ရှိတဲ့ နည်းလမ်းပါ။ ဒါကတော့ နာကျင်နေတဲ့ နေရာကို ဒဏ်ကြေလိမ်းဆေး ပူပူကို နှိပ်နယ်ရင်း ပွတ်လိမ်း လိုက်တာပါ။ ဒီလိုမျိုး ဆေးလိမ်းတာကလည်း ကြွက်သားတွေရဲ့ နာကျင်မှုကို သက်သာစေပြီး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။

    • အိပ်ရေးဝဝအိပ်ပါ

    လေ့ကျင့်ခန်းဒဏ်ကြောင့် ကြွက်သားတွေနာကျင်တာကို သက်သာစေပြီး ကြွက်သားတွေကို အားပြည့်စေဖို့ဆိုရင် အိပ်ရးဝဝအိပ်တာကလည်း နည်းလမ်းကောင်းပါ။ အိပ်စက်နေချိန်မှာ ကြွက်သားတွေ အဆစ်တွေက အနားရပြီး နာကျင်မှု သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ကြွက်သားတွေနဲ့ အဆစ်တွေ နာကျင်လာပြီဆိုရင် သက်သောင့်သက်သာနဲ့ အိပ်ရေးဝဝအိပ်ဖို့လည်း မမေ့ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement