ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးတွေ ကျန်းမာမယ်၊ ကြွက်သားတွေ သန်မာမယ်၊ စိတ်တွေ လန်းဆန်းလာပါမယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာက တချို့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

Reverse prayer ယောဂပို့စ်လေးရဲ့ ကောင်းကျိုးလေးများ

Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ် တစ်ခုပါပဲ။ အမည်အရ မရင်းနှီးသလို ခံစားရနိုင်ပေမယ့် ပုံမှန် လုပ်မိနေတဲ့ ယောဂပို့စ်လေးတောင် ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လုပ်ရတာလည်းလွယ် ကျန်းမာရေးအတွက်လည်း ကောင်းကျိုးလေးတွေ ပေးစွမ်းနိုင်တယ်လို့ ဆိုကြတဲ့ Reverse prayer ယောဂပို့စ်လေးရဲ့ အကြောင်းနဲ့ ကောင်းကျိုးလေးတွေကို ပြောပြပေးသွားပါမယ်။  Reverse prayer ယောဂပို့စ် ဆိုတာ Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ်တစ်ခုပါ။ မြင်သာအောင်ပြောပြရရင် လက်အုပ်ချီထားတဲ့ ပုံစံကို လက်နောက်ပြန် အနေအထားနဲ့ နောက်ကျောမှာ ကပ်ထားတဲ့ ယောဂပို့စ် တစ်ခုမျိုးပါ။ ဒီပို့စ်က ခန္ဓာကိုယ် အပေါ်ပိုင်း အထူးသဖြင့် လက်မောင်းနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို သက်ရောက်မှု ရှိနေတာပါ။  ပခုံးနဲ့ လက်ကောက်ဝတ်တွေကို အကြောတွေ ပြေလျော့စေသလို နောက်ကျော ကြွက်သားတွေနဲ့ […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

Gym ကစားခြင်း နှင့် လူသိမှားနေသေးသော ဂျင်းတချို့…

ဒီဘက်ခေတ်မှာတော့ Gym ကစားခြင်း ဆိုတာ ထူးထူးဆန်းဆန်းအရာတစ်ခု မဟုတ်တော့ပါဘူး။ အရင်တုန်းကတော့ Gym ကစားတယ်ဆိုတာကို ပိုက်ဆံဖြုန်းတယ်၊ မော်ဒယ်တွေ အနုပညာရှင်တွေမှ လုပ်သင့်တဲ့အရာ အစရှိသဖြင့် ပြောခဲ့ကြပါတယ်။ ဒီဘက်ခေတ်မှာတော့ လူအများစု Gym ကို တစိုက်မတ်မတ် ကစားလာကြတာကို တွေ့ရတာ ကျန်းမာရေးရှုထောင့်အရတော့ ဝမ်းသာစရာ သတင်းကောင်းတစ်ခုပါပဲ။ Gym ကစားခြင်း နှင့် လူသိမှားနေသေးသော ဂျင်းတချို့… ဒါပေမယ့် လူတော်တော်များများမှာ Gym ကစားခြင်း နဲ့ပတ်သက်ပြီး မှားယွင်းစွာ သိထားတဲ့ ဂျင်းတွေ အများကြီးရှိနေသေးတာကို တွေ့ရပါတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော်က ဒီလူသိမှားနေတဲ့ ဂျင်းအချက်တွေကို ပြောပြပေးပြီး နားလည်မှုလွဲနေတဲ့အရာတွေကို ပြန်လည်ဖြေရှင်းပေးချင်ပါတယ်။ ၁။ Gym ကစားရင် ဝက်ခြံတွေ ပိုထွက်လာလိမ့်မယ်။ Gym ကစားခြင်း နဲ့ ဝက်ခြံထွက်တဲ့ ပြဿနာဟာ တိုက်ရိုက်ဆက်စပ်ခြင်း မရှိပါဘူး။ […]


အားကစားလုပ်ရာတွင်အန္တရာယ်ကင်းစေမည့်နည်းလမ်းများ

လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေကို အဓိက စားသင့်လဲ

လေ့ကျင့်ခန်းကို သေချာပြန်လုပ်တော့မယ်လို့ တွေးထားပြီဆိုရင် အဓိကပြင်ဖို့ လိုအပ်တာက စားသောက်နေထိုင်မှုပုံစံပါပဲ။ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားမျိုး ရဖို့အတွက် လေ့ကျင့်ခန်းသည် ၃၀ ရာခိုင်နှုန်း၊ စားသောက်နေထိုင်မှုပုံစံက ၇၀ ရာခိုင်နှုန်း သက်ရောက်မှုရှိပါတယ်။ ဒီတော့ လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေကို အဓိက စားသင့်လဲ ဆိုတာကိုရော သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ အခုပဲ ကြည့်လိုက်ရအောင်နော်။ လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေကို အဓိက စားသင့်လဲ လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေကို အဓိက စားသင့်လဲ ဆိုတော့ အစားအစာနှင့် လေ့ကျင့်ခန်းအပေါ် ဆက်စပ်မှု ကိုယ်စားလိုက်တဲ့ အစားအစာတွေ၊ စားတဲ့ပမာဏ၊ အာဟာရဓာတ်တွေ၊ လေ့ကျင့်ခန်းနဲ့ အချိန်ဘယ်လောက်ခြားထားလဲဆိုတာပေါ် မူတည်ပြီး ခန္ဓာကိုယ်အချိုးအစားအလိုက် အဆင်ပြေသလို ညှိသင့်ပါတယ်။ ဘယ်အာဟာရဓာတ်တွေကို များများစားပေးမလဲ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အားအင်တွေကို အသုံးပြုရတာဖြစ်တဲ့အတွက် ခွန်အားဖြစ်စေမယ့် ပရိုတင်းဓာတ်၊ ကစီဓာတ်၊ အဆီဓာတ် ပါတဲ့အစားအစာတွေကို အဓိက စားပေးဖို့ လိုအပ်ပါတယ်။ […]


အားကစားလုပ်ရာတွင်အန္တရာယ်ကင်းစေမည့်နည်းလမ်းများ

လေ့ကျင့်ခန်း စစလုပ်ချင်း ကြွက်သားနာကျင်ကိုက်ခဲတယ်ဆိုတာ

ဒီပြဿနာကို တစ်ခါမှ လေ့ကျင့်ခန်းမလုပ်ဖူးသူတွေ Gym စဆော့လိုက်တဲ့အခါမျိုး၊ ပုံမှန်အားကစားတွေလုပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကြားထဲမှာ ရက်အနည်းငယ်နားလိုက်တယ်၊ ပြီးမှ ပြန်ဆော့ဖြစ်တဲ့အခါမျိုးမှာ တွေ့ရတတ်ပါတယ်။ ကိုယ်အဓိက ဆော့လိုက်တဲ့ ကြွက်သားနေရာများအပြင် ခန္ဓာကိုယ်တစ်ခုလုံး ကိုင်ရိုက်ခံထားရသလို မလှုပ်ချင်မကိုင်ချင်ဖြစ်ပြီး ညောင်းကိုက်နေတဲ့ ခံစားချက်မျိုးကို အဓိကတွေ့ရပါတယ်။ ပိန်တဲ့သူတွေ၊ ဝတဲ့သူတွေ၊ ကြွက်သားရှိခြင်း၊ မရှိခြင်းနဲ့ မသက်ဆိုင်ဘဲ လူတိုင်းလိုလို ကြုံတွေ့ရတတ်ပါတယ်။ လူအများစုက ဒီလိုမျိုး နာနေတဲ့အချိန်အတွင်းမှာ လေ့ကျင့်ခန်းလုပ်တာကို လုံးဝရပ်ပစ်လိုက်တာမျိုး၊ ခဏနားလိုက်တာ၊ လေ့ကျင့်ခန်းကို အားစိုက်ပြီးမလုပ်တော့တာ၊ အစားစားချင်စိတ်နည်းသွားလို့ လိုအပ်သလောက် မစားဘဲနေလိုက်တာမျိုး လုပ်တတ်ပါတယ်။ ဘယ်လိုအချိန်မှာ တွေ့ရတတ်လဲ။ လေ့ကျင့်ခန်းကို ပထမဆုံးအကြိမ်ဆော့တာဖြစ်စေ၊ အချိန်တစ်ခုနားပြီးတော့မှ ပြန်ဆော့တာဖြစ်စေ ဒီလိုကြွက်သားနာကျင်ကိုက်ခဲမှုမျိုး ခံစားရပါတယ်။ ကိုယ်လုပ်တဲ့ လေ့ကျင့်ခန်းအမျိုးအစားနဲ့ အားစိုက်ထုတ်မှုအပေါ် မူတည်ပြီး လေ့ကျင့်ခန်း စလုပ်တဲ့ရက်ကနေ ၃ရက်အတွင်း ကိုက်ခဲနာကျင်လာတတ်ပါတယ်။ တချို့အခြေအနေမှာ ကိုယ်ပုံမှန်လုပ်နေကျထက် […]


နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ

Cardio ကစား ခြင်းရဲ့ အကျိုးကျေးဇူးများ

လေ့ကျင့်ခန်းတွေ အများကြီးရှိတဲ့ထဲကမှ သဘောကျတဲ့ လေ့ကျင့်ခန်းက ယောဂလည်း မဟုတ်ဘူး။ ရေကူး၊ စက်ဘီးနင်းတာလည်း မဟုတ်ဘဲ Cardio ကစား တာဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ Cardioလုပ်ရင်း ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကို သိရှိပြီး ထိရောက် အကျိုးရှိစွာ လေ့ကျင့်နိုင်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Cardio ကစား တဲ့အခါ ရမယ့် ကျန်းမာရေး အကျိုးထူး Cardio ကစားတဲ့အခါ ဦးနှောက် ကျန်းမာတယ် ဦးနှောက် ကျန်းမာစေဖို့ဆိုရင် cardioကစားသင့်ပါတယ်။ အကြောင်းကတော့ ကိုယ်လက်လှုပ်ရှားတာက မှတ်ဉာဏ်ချို့ယွင်းမှု ပြဿနာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်လို့ပါ။ ဒါတင်မကပါဘူး။ မှတ်ဉာဏ်ကောင်းစေပြီး စဉ်းစားတွေးခေါ်နိုင်မှု ကောင်းစေတယ်။ ဦးနှောက်ဆီ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှု ကောင်းစေတာကြောင့် လေမဖြတ်စေဖို့ ကာကွယ်ပေးတယ်။ အသက်အရွယ်ကြောင့် မှတ်မိနိုင်စွမ်း ကျဆင်းတာကိုကာကွယ်ပေးပြီး အယ်လ်ဇိုင်းမား မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရိုးအဆစ်တွေ သန်မာစေတယ် လေ့ကျင့်ခန်းလုပ်တာက အရိုးအဆစ်တွေကို […]


ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ

ယောဂလေ့ကျင့်ခန်းဆိုတာ ယောက်ျားတွေအတွက် မဟုတ်ဘူးတဲ့လား

ယောဂလေ့ကျင့်ခန်းသည် ရုပ်နဲ့ခန္ဓာကျန်းမာရေးအတွက် အထူးကောင်းတဲ့ အကြောလျှော့လေ့ကျင့်ခန်းဆိုတာ အားလုံးလည်း သိမယ်ထင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ယောဂလေ့ကျင့်ခန်းကို မိန်းကလေးတွေ လုပ်တာပိုများပြီး အမျိုးသားတွေ ကတော့ သိပ်ပြီး စိတ်ဝင်စားလေ့မရှိပါဘူး။ ယောဂလေ့ကျင့်ခန်းဆိုတာ ယောက်ျားတွေအတွက် မဟုတ်ဘူးတဲ့လား ။ ယောကျာ်းလေးတွေ ယောဂ‌ကစားလို့ မရဘူးလား။ ယောဂလေ့ကျင့်ခန်းဆိုတာ ယောက်ျားတွေအတွက် မဟုတ်ဘူးတဲ့လား ယောဂလေ့ကျင့်ခန်းက အမျိုးသားတွေအတွက် အောက်ပါ ကောင်းကျိုးတွေ ရှိစေပါတယ်။ ၁။ သွေးလည်ပတ်မှုကောင်းစေခြင်း သွေးလည်ပတ်မှုကောင်းခြင်းဟာ နှလုံးကျန်းမာစေဖို့ အဓိက သော့ချက်ပါ။ အထူးသဖြင့် အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ နှလုံးရောဂါနဲ့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေဟာလည်း မြင့်တက်လာပါတယ်။ နောက်တစ်ချက်က လိင်ပိုင်းဆိုင်ရာပါ။ လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေရဲ့ လိင်တံထောင်မတ်နိုင်ဖို့အတွက် လိင်တံအတွင်းက သွေးကြောထဲကို ကောင်းစွာ သွေးစီးဆင်းနိုင်မှ ဖြစ်မှာပါ။ ယောဂသည် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်စီးဆင်းနှုန်းကို မြင့်တက်စေလို့ လိင်ပိုင်းဆိုင်ရာမှာ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေတဲ့ အမျိုးသားတွေအတွက် […]


အခြားလေ့ကျင့်ခန်းများ

ဆယ်ကျော်သက် နဲ့ လေ့ကျင့်ခန်း

ဆယ်ကျော်သက် နဲ့ လေ့ကျင့်ခန်း အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ လေ့ကျင့်ခန်း လုပ်တာက ဆယ်ကျော်သက်တွေရဲ့ ကျန်းမာရေးကို ထိန်းသိမ်း စောင့်ရှောက်မှုမှာ အရေးပါတဲ့ အရာ တစ်ခုပါ။ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ငယ်စဉ်ကတည်းက မွေးမြူတာက ကျန်းမာသန်စွမ်းပြီး ရောဂါကင်းတဲ့ လူကြီး ဖြစ်လာစေမှာပါ။ ဒါကြောင့် ကျန်းမာတဲ့ လူနေမှု ပုံစံကို ပိုင်ဆိုင်ချင်တယ် ဆိုရင် ဆယ်ကျော်သက် အရွယ်မှာကတည်းက လေ့ကျင့်ခန်း လုပ်ဖို့ ပြောပါရစေ။ ဆယ်ကျော်သက်နဲ့ လေ့ကျင့်ခန်း ဆယ်ကျော်သက်တွေ အနေနဲ့ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့၊ ထိုက်သင့်တဲ့ ကိုယ်အလေးချိန် နဲ့ အရပ်အမြင့် ရဖို့၊ အဝမလွန်စေဖို့၊ ကျန်းမာဖျတ်လတ် စေဖို့အတွက် လေ့ကျင့်ခန်းကို မဖြစ်မနေ လုပ်ဖို့ လိုပါမယ်။ ဆယ်ကျော်သက်တွေ အနေနဲ့ တစ်နေ့ကို မိနစ် […]


အခြားလေ့ကျင့်ခန်းများ

ရုံးမှာနေရင်း တက်ကြွကျန်းမာစေဖို့ ဒီ လေ့ကျင့်ခန်း တွေလုပ်ပါ

ရုံးမှာနေရင်း တက်ကြွကျန်းမာစေဖို့ ဒီ လေ့ကျင့်ခန်း တွေလုပ်ပါ တစ်နေ့တာ အချိန်ရဲ့  အနည်းဆုံး  ၈ နာရီကို ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ရင်း ရုံးမှာ အချိန်တွေ ကုန်နေရတယ်ဟုတ်။ အညောင်းမိပြီး အကြောတွေများတောင့်တင်း နေပြီလား။ ဒါဆိုရင် ရုံးစားပွဲမှာ လုပ်လို့ရမယ့် လေ့ကျင့်ခန်း လေးတွေကို ဆောင်းပါးလေးထဲမှာ ဖတ်ရင်း အတူတူ လုပ်ကြည့်ရအောင်လား။ ရုံးမှာနေရင်း တက်ကြွကျန်းမာစေဖို့ လုပ်လို့ရမယ့် လေ့ကျင့်ခန်းများ တစ်နေ့တာရဲ့  အချိန် အတော်များများကို ကုန်ဆုံးနေရတဲ့ ရုံးစားပွဲမှာ အခုလို လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့ ရပါတယ်။ အကြောအခြင်တွေ ပြေစေသလို စိတ်ကိုလည်း ကြည်စေပါတယ်။ Shoulder Raises ဒါက ဇက်ကြောတွေကို အတော်လေး ပြေလျော့စေပါတယ်။ ပခုံးကို နားရွက်နားထိ မြှင့်လိုက်ပါ။ ၁၀ စက္ကန့်လောက်ထားပါ။ ပြီးရင် ဖြေလျော့လိုက်ပါ။ တစ်ခါလုပ်ရင် ၅ ကြိမ်နဲ့ […]


အခြားလေ့ကျင့်ခန်းများ

လေ့ကျင့်ခန်း (Workout) လုပ်အပြီး ခဏမှေးသင့်သလား

ကိုယ်လက်လှုပ်ရှားမှုပြုခြင်းဟာ စွမ်းအင်တိုးလာစေပါတယ်။ နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး လူကိုလည်း နိုးကြားစေပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ပင်ပန်းလာနိုင်ပါတယ်။ အင်အားသုံးလေ ပိုပင်ပန်းလေပါပဲ။ လေ့ကျင့်ခန်းလုပ်အပြီး ပင်ပန်းလာတဲ့အခါ ခဏလောက် မှေးချင်စိတ်ပေါ်လာတတ်ပါတယ်။ ယခုဆောင်းပါးမှာတော့ လေ့ကျင့်ခန်း (Workout) လုပ်အပြီး ခဏမှေးသင့်သလား ။ ကောင်းသလား ဆိုးသလား ဖော်ပြသွားမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း (Workout) လုပ်အပြီး ခဏမှေးသင့်သလား လေ့ကျင့်ခန်း (Workout) လုပ်အပြီး ခဏမှေးသင့်သလား ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ပုံမှန်ပဲလား ယေဘုယျအားဖြင့် လေ့ကျင့်ခန်းလုပ်အပြီး အိပ်ချင်စိတ်ပေါ်တာဟာ စိုးရိမ်စရာကိစ္စတော့ မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်တွေ အသုံးချလိုက်လို့ ပင်ပန်းနွမ်းနယ်လာခြင်းပဲ ဖြစ်ပါတယ်။ ပြင်းထန်ပြီး အင်အားသုံးရတဲ့ လေ့ကျင့်ခန်းတွေဆိုရင် ပိုသိသာပါတယ်။ လေ့ကျင့်ခန်းလုပ်အပြီး မောပန်းနွမ်းနယ်ခြင်းဟာ အောက်ပါအချက်များပေါ်လည်း မူတည်ပါသေးတယ်။ ကျန်းမာရေးအခြေအနေ အစားအသောက် ရေဓာတ်ပြည့်ဝမှုအခြေအနေ […]


အခြားလေ့ကျင့်ခန်းများ

ပါပီလေးနဲ့အတူ လမ်းလျှောက်ထွက်ပါ

ပါပီလေးနဲ့အတူ လမ်းလျှောက်ထွက်ပါ ဘာကြောင့် ဒီလို ပြောရတာက ခွေးလေးတွေနဲ့ ပုံမှန် လမ်းလျှောက်ထွက်တာ၊ လေ့ကျင့်ခန်းတွေ တူတူလုပ်တာက ကိုယ်တိုင်ကိုရော ကိုယ်ချစ်ရတဲ့ ပါပီလေးတွေကိုရော ကျန်းမာစေပါတယ်။ ဒါတင်မကပါဘူး။ ပါပီလေးတွေနဲ့ လမ်းလျှောက်ထွက်ရတာ၊ လေ့ကျင့်ခန်း လုပ်ရတာက စိတ်လှုပ်ရှားစရာ ကောင်းသလို တော်တော်လေးလည်း ပျော်ဖို့ ကောင်းပါတယ်။ ပါပီလေးတွေ ပိုင်ဆိုင်ထားသူတွေက အခြားသူတွေ မရရှိနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ရရှိကြပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းသူ အများစုက ပါပီလေးတွေရဲ့ ပိုင်ရှင်တွေပါ။ ပါပီလေးတွေရဲ့ ပိုင်ရှင်က ပေါင်းသင်းဆက်ဆံရေးတင် ကောင်းတာမဟုတ်ဘဲ သနားကြင်နာတတ်သလို ကူညီရိုင်းပင်းပြီး တက်ကြွလန်းဆန်းနေတတ် ကြပါသေးတယ်နော်။ ဒီ တစ်ခေါက်တော့ အချစ်တော် ပါပီလေးတွေနဲ့ လမ်းလျှောက်ထွက်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ပါပီလေးနဲ့အတူ လမ်းလျှောက်ထွက်ပါ ကမ္ဘာပေါ်မှာရှိသမျှ သတ္တဝါတွေထဲမှာမှ လူသားတွေအပေါ် […]


အခြားလေ့ကျင့်ခန်းများ

ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ

လူတစ်ယောက် လေ့ကျင့်ခန်းလုပ်တော့မယ်ဟေ့လို့ ပထမဆုံး စပြီး တွေးကြပြီဆိုရင် ထိပ်ဆုံးကနေ စဉ်းစားတာက “မနက်စောစောထပြေးမယ်” ဆိုတာပါပဲ။ ဒါဆိုရင် မေးစရာ ရှိတာက ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ ဆိုတာပါ။ ပြေးတယ်ဆိုတာက ပြုလုပ်ရလွယ်ကူပြီး အဆင်အပြေဆုံး လေ့ကျင့်ခန်းတစ်မျိုးလို့ လူတိုင်း သိနားလည်ထားကြပါတယ်။ Work-out တွေ ဘာတွေလုပ်မယ်ဆိုရင် အနည်းဆုံး Gym မှာ သွားသင်ရမယ်၊ ဒါမှမဟုတ်လည်း Youtube တွေဘာတွေ ကြည့်ပြီး လေ့လာရဦးမယ်မဟုတ်လား။ နောက်ပြီး ပြေးတာက ကိုယ်အလေးချိန် လျှော့ချချင်သူတွေအတွက်ဆိုရင် သိသိသာသာ ထိရောက်မှုလည်းရှိတယ်။ သာမန်လူတွေအတွက်ဆိုရင်လည်း ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်လေ။ ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ ဆိုတော့ ပုံမှန်အပြေးလေ့ကျင့်ခန်းလုပ်သူတွေဟာ ကောင်းကောင်း အိပ်ပျော်မယ်၊ ကိုယ်အလေးချိန်ကျမယ်၊ စိတ်ခံစားချက် ကောင်းမွန်မယ်၊ စိတ်ကျန်းမာရေးကို အခြေအနေ ကောင်းမွန်မယ်၊ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)