အိပ်ရာမဝင်ခင် လုပ်ဆောင်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေက ဘာတွေများလဲ!
ပုံမှန်အားဖြင့်တော့ အိပ်ချိန်နဲ့ကပ်ပြီး လေ့ကျင့်ခန်း မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လေ့ကျင့်ခန်းလုပ်တဲ့အခါ နှလုံးခုန်နှုန်းတွေမြန်၊ ချွေးတွေထွက်ပြီး လူလည်း လန်းလာတာကြောင့် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေလို့ပါ။ ဒါပေမယ့် ဒါနဲ့ ပြောင်းပြန်၊ အပေါ့စားလေ့ကျင့်ခန်းတွေ၊ ခန္ဓာကိုယ်ကို အနားရစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာကျတော့ အိပ်ပျော်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။
ဒါကြောင့် အိပ်ရာမဝင်ခင် လုပ်ဆောင်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေက ဘာတွေများလဲ! ဆိုတာကို အတူတူ ဆက်ကြည့်လိုက် ရအောင်နော်။
ယောဂ
ယောဂဆိုတာက ရှေးကာလ အစဉ်အဆက်ကတည်းက ရှိခဲ့တဲ့ ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုပါ။ ကျန်းမာရေး ကောင်းကျိုးများစွာ ရှိနေတဲ့ လေ့ကျင့်ခန်း တစ်ခုပေါ့။ ခန္ဓာကိုယ်ကို အနားရစေပြီး စိတ်ကို တည်ငြိမ်အေးဆေးစေသလို ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့လည်း ထောက်ကူပေးပါတယ်။ ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေနိုင်တဲ့ ယောဂပို့စ်လေးတွေက child’s pose၊ မတ်မတ်ရပ်ရင်း ခန္ဓာကိုယ်ကို ရှေ့ဘက်ကို ကိုင်းညွှတ်တဲ့ ပို့စ်နဲ့ နံရံကို ကပ်ပြီး ခြေထောက် ၂ ချောင်းစလုံးကို ဆန့်တန်းထားတဲ့ ပို့စ်တွေပဲ ဖြစ်ပါတယ်။
ဒီလို လုပ်ပေးတာက ခန္ဓာကိုယ်တင်းအားတွေကို ပြေလျော့စေပြီး စိတ်ကိုတည်ငြိမ်စေသလို စိတ်ရောကိုယ်ပါ အနားရစေမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။