မိုးရာသီမှာ အေးတော့ ဘယ်အချိန်လုပ်လုပ် လုပ်လို့ရတယ်လို့ ထင်ကြပါတယ်။ မိုးရာသီမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ‘စိုထိုင်းဆ’ကိုထည့်တွက်ရပါတယ်။ ဒါက ဘာလို့ အရေးကြီးတာလဲဆိုရင် ချွေးတွေအငွေ့ပြန်ဖို့ စိုထိုင်းဆပေါ် မူတည်နေလို့ပါ။
ဘာကြောင့်လဲဆိုတော့ ချွေးတွေက အငွေ့ပြန်ဖို့ ခန္ဓာကိုယ်အပူချိန်ကို ယူသုံးရလို့ပါ။ ဒါကြောင့် ခန္ဓာကိုယ်အပူချိန် လျော့ကျဖို့ဆိုရင် ချွေးထွက်တာအပြင် ချွေးတွေအငွေ့ပြန်ဖို့လည်း လိုပါတယ်။
မြင်သာအောင် ပြောရရင် နွေအကုန် မိုးအစဆို မိုးလေးမစို့မပို့ ရွာတတ်ပါတယ်။ မိုးရွာပေမဲ့ အေးလာဆိုရင် မအေးပါဘူး။ မအေးတဲ့အပြင် ချွေးစေးတွေထွက်ပြီး ပိုတောင်ပူပါပေးတယ်။ ဘာကြောင့်လဲဆိုတော့ စိုထိုင်းဆများနေတော့ ချွေးတွေ အငွေ့မပြန်ဘဲ စေးကပ်ကပ်နဲ့ အိုက်စပ်စပ် ဖြစ်လာလို့ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။