သင့်ကလေးကိုအသည်းရောင်ရောဂါအကြောင်း ဘာတွေသင်ပေးသင့်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

လူအများစုမှာ အသည်းရောင်ရောဂါအကြောင်း ကြားဖူးပါသည်။ သို့သော် ဤသေစေနိုင်သည့်ရောဂါ၏ ထိခိုက်မှုကို ဂရုပြုမှု နည်းကြပါသည်။ သင့်ကလေးငယ်များသည် ငယ်ရွယ်ဖြတ်လတ်၍ ရောဂါအကြောင်း သင်ယူရာတွင်မြန်ဆန်သည်။ ထု့ိပြင် ရောဂါကူးစက်နိုင်ခြေပိုများသောကြောင့် မိဘများ၏ဂရုစိုက်မှုကို ပို၍လိုအပ်သည်။ သင့်ကလေးကို အသည်းရောင်ရောဂါမှ ကာကွယ်လိုလျှင် သူတို့၏အသိဉာဏ်ကို မြှင့်တင်ပေးရမည်။

အသည်းရောင်ရောဂါဆိုသည်မှာဘာလဲ

သင့်ကလေးကို ပထမဆုံးသင်ကြားရမည်မှာ အသည်းရောင်ရောဂါ၏ အကြောင်းဖြစ်သည်။ အသည်းရောင်ရောဂါဆိုသည်မှာ ရောဂါပိုးဝင်၍ အသည်းရောင်ရမ်းသည့်အခြေအနေဖြစ်သည်။ အသည်းသည် ခန္ဓါကိုယ်ကြီးချောမွေ့အောင် လုပ်ဆောင်နိုင်အောင် တာဝန်အများအပြားယူထားရသည့်အကြောင်းကို သင့်ကလေးငယ်များသိရန်လိုအပ်သည်။ ၎င်းသည် စိမ်းဝါရောင်ရှိသော သည်းခြေရည်ကိုပြုလုပ်၍ အစာခြေဖျက်ခြင်းတွင် ကူညီပေးသည်။ အသည်းမှ ပရိုတင်းနှင့်ခန္ဓါကိုယ်မှ လိုအပ်သည့်သွေးခဲစေသောအရာများ ထုတ်ပေးသည်။ ထို့ပြင် သွေးထဲရှိ ဂလူးကို(စ်)ကို ထိန်းညှိပေးပြီး သကြားအပိုများကို သိမ်းဆည်းပေးသည်။ အစာအိမ်၊ အူတို့နှင့် ပေါင်း၍ အစာချေဖျက်ရာတွင် ပါဝင်သည်။ အသည်းရောဂါဖြစ်ပါက အသည်းထိခိုက်ခြင်း(သို့)အမာရွတ်ဖြစ်သွားခြင်းများ ဖြစ်သွားမည်။ ဤသို့ဖြစ်လျှင် အသည်းသည် ၎င်း၏အလုပ်များကို လုပ်နိုင်တော့မည်မဟုတ်ပါ။ သင့်ကလေးသည် နည်းမျိုးစုံဖြင့် အသည်းရောင်ရောဂါရနိုင်ပါသည်။ အရက်လွန်စွာသောက်ခြင်း၊ တရားမဝင်ဆေးသုံးစွဲခြင်း၊ အဆိပ်အတောက်များထိတွေ့ခြင်း စသည်တို့ကို သတိပေးသင့်သည်။ နောက်ထပ်အကြောင်းတစ်ခုမှာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသည်းရောင်ရောဂါဖြစ်သည်။ အသည်းရောင်ရောဂါ အေပိုးမှ ဂျီပိုးအထိ အသည်းရောင်စေသော ဗိုင်းရပ်စ်ပိုးများစွာရှိသည်။ သင့်ကလေးက မည်သည့်ပိုးရှိနေပါစေ၊ ရောဂါပိုးကူးစက်ပြီး အသည်းဆဲလ်များထိခိုက်စေနိုင်သည်။

အသည်းရောင်ရောဂါလက္ခဏာများ

သင့်ကလေးရောဂါက ပိုးရှိ၊ မရှိကို စစ်ဆေးနိုင်ရန် ရောဂါလက္ခဏာများကို သိဖို့လိုအပ်သည်။ ထို့ပြင် ထိုကဲ့သို့ သိရှိခြင်းအားဖြင့် တစ်စုံတစ်ယောက် ရောဂါပိုးကူးစက်ခံရလျှင် အကူအညီပေးနိုင်သည်။ အချို့ကိစ္စများတွင် အသည်းရောင်ရောဂါရှိနေသည့်လူများတွင် လက္ခဏာမပြပေ။ တချို့လူများတွင် အကြောင်းအရင်းမရှိဘဲ ပင်ပန်းနွမ်းနွယ်ခြင်း၊ တုပ်ကွေးလက္ခဏာများဖြစ်သည့် ပစ်လဲခြင်း၊ ပူနေခြင်း၊ အသားဝါခြင်း ၊ဗိုက်အောင့်ခြင်း (အထူးသဖြင့် ညာဘက်အပေါ်နားတွင်)၊ ဆီးအညိုရောင်သွားခြင်း၊ ဝမ်းပျော့ပျော့သွားခြင်း၊ အဖုအပိန့်မရှိဘဲယားခြင်း၊ ခံတွင်းပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်သည်။ ပျို့အန်ချင်၍ ခေါင်းကိုက်၊ အဆစ်နာခြင်းများလည်း ခံစားရနိုင်သည်။
အသည်းရောင်ရောဂါသည် အသည်းကို ထိခိုက်စေသော်လည်း သွေးထဲတွင်ရှိပါသည်။ သွေးစစ်ခြင်းကသာလျှင် ရောဂါရှိ၊ မရှိ သိနိုင်သည်။ ထိုနည်းဖြင့် အသည်းအင်ဇိုင်းတက်ခြင်း၊ မည်သည့်ဗိုင်းရပ်စ်ပိုးကဖြစ်သည်ဆိုခြင်းကိုလည်း ပြနိုင်သည်။

အသည်းရောင်ရောဂါမည်သို့ကူးစက်သနည်း

သင့်ကလေးသည်ရောဂါရှိသည့် လူဆီမှတစ်ဆင့် အသည်းရောင်ရောဂါ (အေ)ရနိုင်သည်။ ရောဂါပိုးရှိသည့်အစားအစာနှင့် သောက်ရေကို သောက်သုံးခြင်းမှတစ်ဆင့် အသည်းရောင်ရောဂါ(အေ) ရနိုင်သည်။ မသန့်ရှင်းသောရေတွင် ပေါက်ဖွားသောငါများသည် ရောဂါကိုပြန့်စေသည်။ အသည်းရောင်(ဘီ)နှင့်(စီ)ပိုးက သွေးနှင့်ခန္ဓါကိုယ်အရည်မှတစ်ဆင့် ကူးစက်နိုင်သည်။ အပ်တစ်ခုထဲသုံးခြင်းက အသည်းရောင်ရောဂါဘီနှင့် စီဖြစ်နိုင်ချေ များသည်။ အကယ်၍ရောဂါရှိသူနှင့် အကာအကွယ်မဲ့လိင်ဆက်ဆံခဲ့လျှင် ရောဂါပိုးသူတို့ဆီသို့ ပျံသွားနိုင်သည်။

အသည်းရောဂါအကြောင်းကို ကလေးများအားသင်ကြားပေးခြင်းသည် ရောဂါပိုးကိုသူတို့ ကိုယ်တိုင်ရှောင်ကြဉ်အောင် လုပ်ပေးနိုင်သဖြင့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သင့်ကလေး၏အသက်အလိုက် သင့်တော်သောနည်းလမ်းဖြင့် အသိဉာဏ်မြင့်မားအောင်ပြုလုပ်ပေးရမည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ကိုဗစ်ကာလမှာ ကလေးတွေဂိမ်းပိုဆော့လာတာကို အပြစ်မမြင်သင့်တော့ပါ

    ကိုဗစ်ကာလမှာ မိဘတွေနဲ့ တီးခေါက်ကြည့်မိသလောက် ကလေးတွေနဲ့ ကျောင်းတက်နေဆဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေ အရင်ကထက် ပိုပြီး ဂိမ်းဆော့လာတယ်လို့ ပြောနေကြတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat
    ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 29, 2020 . 2 mins read

    အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

    အမျိုးသား ရင်သား နို့ထွက် နို့တိုက် အမျိုးသမီး ဆီးကျိတ် သားအိမ် ကိုယ်ဝန်ဆောင် ဟော်မုန်း ပရိုလက်တင် အသည်း အာဟာရ သိုင်းရွိုက်ဟော်မုန်း ကလေး နို့သီးခေါင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat

    စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စောနေသေးလား…

    စာသင်ကျောင်း ကိုဗစ် ကပ်ဘေးကာလ ရောဂါပိုး မြန်မာနိုင်ငံ ကူးစက် ကာကွယ် ဒုတိယလှိုင်း Mask ကွမ်းတံတွေး ချောင်းဆိုး နှာချေ လက်ဆေး ကလေး လူကြီး ပိုးကူးစက်သူ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat
    ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 25, 2020 . 2 mins read

    လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ်

    အိမ်မြှောင် ကျန်းမာရေး ကလေး လူကြီး နေအိမ် အင်းဆက်ပိုးမွှား သစ်သီးဝလံ ရေချိုးခန်း ကြမ်းပြင် နံရံ မစင် အညစ်အကြေး Salmonella ပိုးသတ်ဆေး ခြင်ဆေး စားစရာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat

    သင့်အတွက် ရွေးချယ်ထားသည်

    COVID အစ ဝူဟန်ကဆိုတာ တကယ် မှန်ကန်ရဲ့လား

    COVID အစ ဝူဟန်ကဆိုတာ တကယ် မှန်ကန်ရဲ့လား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 15, 2020 . 2 mins read

    ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read

    ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read
    သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

    သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 2 mins read