အဓိပ္ပါယ်ဖွင့်ဆိုချက်
Gastritis (အစာအိမ်ရောင်ခြင်း) ကဘာလဲ။
အစာအိမ်ရောင်ခြင်းဆိုသည်မှာအစာအိမ်အမြှေးပါးရောင်ရမ်းသောအခြေအနေတစ်ခု ဖြစ်ပါသည်။ အစာအိမ်ရောင်ခြင်းသည် ရုတ်တရက် (ရက်တိုအစာအိမ်ရောင်ခြင်း) သို့မဟုတ် ကြာရှည်စွာ (ရက်ရှည် အစာအိမ်ရောင်ခြင်း) ဖြစ်ပွားနိုင်ပါသည်။ ရောဂါသည် အန္တရာယ် မများပါ။ ကုသမှုပြီးနောက် လျင်မြန်စွာကောင်းမွန်လာနိုင်ပါသည်။ သို့သော်လည်းအချို့ကိစ္စများတွင် အစာအိမ်ရောင်ခြင်းသည် ပြည်တည်နာများ ဖြစ်စေပြီးအစာအိမ်ကင်ဆာ ဖြစ်နိုင်ချေကို မြင့်တက်စေပါသည်။
Gastritis (အစာအိမ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
အစာအိမ်ရောင်ခြင်းသည် အလွန်အဖြစ်များပါသည်။ များသောအားဖြင့်အကိုက်အခဲပျောက်ဆေးအသုံးပြုသူများ၊ အရက်အလွန်သောက်သူများတွင် ပို၍ အဖြစ်များပါသည်။ အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းဖြင့် ရောဂါ ဖြစ်စေမှုကိုနည်းပါးစေ နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။
လက္ခဏာများ
Gastritis (အစာအိမ်ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အစာအိမ်ရောင်ရောဂါရှိသူများသည် များသောအားဖြင့် ရောဂါရှာဖွေအတည်ပြုချိန်အထိရောဂါလက္ခဏာများပြလေ့မရှိပါ။ အဖြစ်များသောရောဂါလက္ခဏာများမှာ-
- အစာစားချင်စိတ်ပျောက်ဆုံးခြင်း
- ပျို့ခြင်း၊ အန်ခြင်း
- ဝမ်းဗိုက်အပေါ်ပိုင်းနာခြင်း
- အစာစားပြီးနောက် ပြည့်တင်းခြင်း
အစာအိမ်အမြှေးပါးတွင် သွေးထွက်ပါကအောက်ပါရောဂါလက္ခဏာများတွေ့ရပါမည်။
- ဝမ်းမည်းခြင်း
- သွေးအန်ခြင်း၊ ကော်ဖီရောင် အရည်များအန်ခြင်း
အထက်တွင် ဖော်ပြ မထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
ရောဂါလက္ခဏာများမသက်သာပါကဆရာဝန်နှင့် ဆက်သွယ်ပါ။ ဆေးများသောက်ပြီးနောက် အစာအိမ် နာပါကဆရာဝန်ကိုပြောပြပါ။ အထူးသဖြင့် aspirin နှင့် အခြားအကိုက်အခဲပျောက်ဆေးများဖြစ်ပါသည်။ သွေးအန်ခြင်း၊ ဝမ်းတွင်းသွေးပါခြင်းတို့ ဖြစ်ပါကဆရာဝန်နှင့် သွားရောက်ပြသပြီးရောဂါအဖြေရှာပါ။
အကြောင်းရင်းများ
Gastritis (အစာအိမ်ရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
အဖြစ်များသောအကြောင်းရင်းများမှာ-
- Aspirin နှင့် အခြားစတီးရွိုက်မပါသောအကိုက်အခဲပျောက်ဆေးများအသုံးပြုခြင်း
- အရက်အလွန်အကျွံသောက်ခြင်း
- Helicobactor pylori အစာအိမ်ပိုးကူးစက်ခြင်း
အခြားဖြစ်စေသောအကြောင်းရင်းများမှာ-
- ကိုယ်ခံအားစနစ်မှားယွင်းမှုကြောင့် မိမိခန္ဓါကိုယ်မှဆဲလ်များကိုပြန်လည်တိုက်ခိုက်သောရောဂါ (ဥပမာ – pernicious anemia)
- အစာအိမ်အတွင်းသို့ သည်းခြေရည် များစီးဝင်ခြင်း
- ကိုကိန်းအလွဲသုံးစားပြုခြင်း
Risk factors
ငါ့ဆီမှာ Gastritis (အစာအိမ်ရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
အစာအိမ်ရောင်ခြင်းဖြစ်ပွားနိုင်ချေ ကိုမြင့်စေသောအကြောင်းရင်းများများစွာရှိပါသည်။ ဥပမာအားဖြင့်-
- အကိုက်အခဲပျောက်ဆေးများမကြာခဏအသုံးပြုခြင်း
- အသက်ကြီးခြင်း
- စိတ်ဖိစီးမှု
- အရက်သောက်ခြင်း
- အခြားကူးစက်ရောဂါများ။ဥပမာ-ခုခံအားကျဆင်းမှုကူးစက်ရောဂါ၊ အူလမ်းကြောင်းရောင်သောရောဂါ Crohn disease၊ အခြားဘက်တီးရီးယားကြောင့် ဖြစ်သောကူးစက်ရောဂါများ
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Gastritis (အစာအိမ်ရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
အစာအိမ်ရောင်ခြင်းကုသမှုသည် လူနာ၏ ရောဂါလက္ခဏာဖော်ပြချက်များအပေါ် တွင်မူတည်သည်။ တိကျမှုရရှိရန် ဆရာဝန်သည် အောက်ပါစစ်ဆေးမှုများကိုအသုံးပြုလိမ့်မည်။
- အစာအိမ်မှန်ပြောင်း ကြည့်ခြင်း
- အစာအိမ်ပိုး Helicobacter Pylori စစ်ခြင်း။ ရောဂါအဖြေရှာရန် အစာအိမ် တစ်ရှူးစယူသည်။
- သွေးစစ်ခြင်း၊ဝမ်းစစ်ခြင်း – ဝမ်းတွင် သွေးပါသလားစစ်ခြင်း
Gastritis (အစာအိမ်ရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ
Helicobacter pylori ကြောင့်ဖြစ်သောရက်ရှည်အစာအိမ်ရောင်ခြင်းကိုပဋိဇီဝဆေးများနှင့် အက်စစ်ဒဏ်ခံနိုင်သောဆေးများ ဖြင့် ကုသနိုင်ပါသည်။ ကုသမှုခံယူနေစဉ်အတွင်းအရက်သောက်ခြင်းibuprofen,naproxen,asprinဆေးများသောက်ခြင်းကိုရှောင်ရှားသင့် ပါသည်။
အစာအိမ်တွင်းမှ အက်စစ်များကိုကန့်သတ်ရန် အောက်ပါ ဆေးများအသုံးပြုနိုင်ပါသည်။
- Antihistamine-2 (H2) : Famotidine၊ Cimetidine၊ Ranitidine ၊ Nizatidine
- Proton pump inhibitors (PPI) : Omeprazole၊ Esomeprazole၊ Iansoprazole၊Rabeprazole၊ Pantoprazole
ထို့အပြင် အစာအိမ်ရောင်ခြင်းပိုမိုဆိုးရွားလာပါကသင်သည် အကြောထဲဆေးထိုးခြင်း နှင့် အခြားအက်စစ်လျော့ကျစေသောဆေးများအသုံးပြုခြင်းတို့ပြုလုပ်နိုင်ပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအစာအိမ်ရောင်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါလူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည်ကိုအစာအိမ်ရောင်ခြင်းကိုကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။
- တစ်နေ့တွင် အကြိမ်ရေများစွာစားပါ။ တစ်ကြိမ်တွင် အစာနည်းနည်းစီသာစားပါ။
- ကောင်းစွာချက်ပြုတ်ထားသောအစားအစာများကိုစားပါ။
- ရောဂါကူးစက်မှုကိုကာကွယ်ရန် အစာမစားမီလက်ဆေးပါ။
- ဆရာဝန် ညွှန်ကြားချက်များကိုလိုက်နာပါ။ ညွန်ကြားချက်မရှိဘဲဆေးမသောက်ပါနှင့်။ ဆရာဝန် ခွင့်ပြုချက်မရှိဘဲဆေးသောက်ခြင်းကိုမရပ်ပါနှင့်။
အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။