အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်အနာ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

လိပ်ခေါင်းရောဂါများ

လိပ်ခေါင်းရောဂါရဲ့ နောက်ဆက်တွဲပြဿနာများ

လိပ်ခေါင်းရောဂါရဲ့ နောက်ဆက်တွဲပြဿနာများး အကြောင်း လေ့လာနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ လိပ်ခေါင်းရောဂါကို ဂရုမစိုက်ဘဲပစ်ထားရင် ဘာတွေဖြစ်လာမှာလဲ  ဝမ်းသွားတဲ့အခါ သွေးပါလာတယ်။ စအိုတဝိုက်က စပ်ဖျဉ်းဖျဉ်းနဲ့ နေရခက်တယ်။ စအိုတဝိုက်က နာသလိုလို ယားသလိုလိုဖြစ်နေတယ် ဆိုရင် လိပ်ခေါင်းရောဂါ ခံစားနေရတာပါ။ လိပ်ခေါင်းရောဂါက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာ မဟုတ်ပေမယ့် နေ့စဉ်ဘဝကို တော်တော်လေး ထိခိုက်စေပြီး စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့။ မပြင်းထန်ဘူးဆိုပေမယ့် သေသေချာချာ ကုသဖို့ လိုပါမယ်။ လိပ်ခေါင်းကို သေချာ မကုသဘဲ ထားတာက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်လာစေဖို့ လက်ယပ်ခေါ်ရာ ရောက်ပါတယ်။ လိပ်ခေါင်းရောဂါ ဆိုတာ လိပ်ခေါင်းရောဂါ ဆိုတာက အစာဟောင်းအိမ် အောက်ပိုင်းနဲ့ စအိုမှာ ရှိတဲ့ သွေးပြန်ကြောတွေ ရောင်ရမ်းနေတာပါ။ သွေးကြောထုံးရောဂါနဲ့ ဆင်တူပါတယ်။ ဖောင်းနေတဲ့ သွေးကြောတွေက အပြင်ဘက်ကို […]


အသည်းရောဂါများ

အသည်းခြောက် တာ အရက်ကြောင့်ပဲ မဟုတ်ပါဘူး။

အသည်းခြောက် တယ် အသည်းခြောက်တယ်လို့ ပြောလိုက်ရင် အရက်ကြောင့်လို့ပဲ ထင်ကြပါတယ်။ ဒါဟာ မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ အရက်ဟာ အသည်းခြောက်ရတဲ့ အကြောင်းရင်းတွေထဲက ထိပ်ဆုံးမှာ ရှိနေလို့ပါပဲ။ ဒါပေမယ့် တစ်ခါမှ အရက်မသောက်တဲ့သူတွေလည်း အသည်းခြောက်နိုင်ပါတယ်။ တစ်ခါတစ်လေ မိန်းကလေး ငယ်ငယ်လေး ရုတ်တရက် ဆုံးသွားတယ်။ ဘာကြောင့်လဲလို့ မေးတော့ အသည်းခြောက်တာလို့ ပြောလိုက်ရင် 'ဟယ် ဒီကောင်မလေး အရက်လည်း မသောက်ပဲနဲ့' လို့ပြောတတ်ကြပါတယ်။ ဟုတ်ပါတယ်။ အရက်မသောက်လည်း အသည်းခြောက်နိုင်တဲ့ နည်းလမ်းတွေမှ အများကြီးပါပဲ။ ဒါလေးတွေကို ပြောပြပေးပါ့မယ်။ အသည်းခြောက်တယ်ဆိုတာ အရင်ဆုံး အသည်းခြောက်တယ်ဆိုတာ ဘယ်လိုဆိုတာ အရင်ရှင်းပြပါ့မယ်။ တကယ်တော့ အသည်းဆိုတာ တော်တော်ဒူပေဒဏ်ပေခံတဲ့ အင်္ဂါပါ။ ဆဲလ်တွေပျက်စီးရင်လည်း သူ့ဟာသူ ပြန်ပြင်နိုင်ပါတယ်။ တစ်ကိုယ်လုံးက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးတယ်။ ဒါကြောင့် ကိုယ့်အသည်းကို ဖြတ်ပြီး […]


အသည်းရောဂါများ

အသားဝါဖြစ်နေရင် ဒါတွေရှောင်ပါ

မျက်လုံး အဖြူသားတွေ ဝါနေတယ်၊ အသားတွေ ဝါနေတယ်ဆိုရင် သေချာတာက အသားဝါရောဂါ ခံစားနေရတာပါ။ ဒီ အခြေအနေကို သက်သာစေဖို့ ဘာတွေ စားရမလဲ။ ဘာတွေ ရှောင်ရမလဲ သိချင်တယ် ဆိုရင် ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ အသားဝါဖြစ်နေရင် ဒါတွေရှောင်ပါ ..... ဘာတွေလဲဆိုတော့ ကိုယ်တိုင် လေ့လာကြည့်လိုက်နော်။ https://hellosayarwon.com/digestive-health/liver-diseases/most-common-questions-for-hepatitis/ ဘာကြောင့် အသားဝါတာလဲ။ စားလိုက် သမျှ အစားအစာတွေ သောက်လိုက်တဲ့ အရည်တိုင်းကို အသည်းက စစ်ထုတ် လုပ်ဆောင် ပေးပါတယ်။ အသည်းက စားလိုက်တဲ့ အစားအစာ​တွေထဲက အာဟာရတွေကို စုပ်ယူပြီး အင်အား အဖြစ် ပြောင်းလဲပေးဖို့ လုပ်ဆောင်ပေးပါတယ်။ အသည်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊ သွေးဆဲလ် အဟောင်းတွေ နဲ့ ပျက်စီးနေတဲ့ သွေးဆဲလ်တွေကို ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးတာပါ။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

လေလည်တယ်ဆိုတာ ကျန်းမာခြင်းရဲ့ လက္ခဏာပြယုဂ်တစ်ခုပါ

လေလည်တယ်ဆိုတာ ကျန်းမာခြင်းရဲ့ လက္ခဏာပြယုဂ်တစ်ခုပါ .... လူအများစုကတော့ လေလည်တာကို ရယ်စရာကောင်းတယ်၊ တခြားဘေးလူအတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ ထင်ကြတတ်ပေမယ့် တကယ်တော့ လေလည်တာဟာ လူတစ်ယောက် ကျန်းမာနေတာကို ပြနေတဲ့ လက္ခဏာတွေထဲက တစ်ခုပါ။ ဒီလိုမျိုး လေလည်မှသာ အစာအိမ်နဲ့ အူလမ်းကြောင်းထဲ အစာချေဖျက်ပြီး ထွက်လာတဲ့လေတွေက အပြင်ကို ပြန်အန်ထွက်လာကာ ဗိုက်အောင့်ဗိုက်နာတာ၊ လေပွတာတွေကို သက်သာစေမှာပါ။ ဘာကြောင့် လေလည်တာလဲ။ အစာစားနေရင်းနဲ့ ပြင်ပက လေတွေက လည်ချောင်းကနေ တစ်ဆင့် အစာအိမ်ထဲက ရောက်သွားတတ်ပါတယ်။ ဒါကြောင့်လည်း အစာစားနေရင် စကားမပြောနဲ့လို့ လူကြီးတွေ ဆုံးမခဲ့ဖူးတာပါ။ အဓိက နောက်တစ်ချက်ကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းက စားလိုက်တဲ့ အစားအစာတွေကို ချေဖျက်ရင်းနဲ့ လေတွေကို ထုတ်လွှတ်ပေးပါတယ်။ ဒီလေတွေက ဗိုက်ထဲမှာ များလာတာနဲ့ ဗိုက်အောင့်တာ၊ လေပွတာ၊ ပျို့အန်ချင်တာ၊ […]


အသည်းရောဂါများ

အသည်းရောင်အသားဝါ ပိုးကြောင့်မဟုတ်လည်း အသည်းရောင် နိုင်ပါတယ်။

အသည်းရောင်တယ်၊ အသားဝါတယ်ဆိုရင် စိတ်ထဲမှာ အသည်းရောင် အသားဝါဗိုင်းရပ်စ်ပိုးကြောင့်လို့ပဲ ထင်ကြပါတယ်။ တကယ်တော့ ပိုးကြောင့် မဟုတ်လည်း အသည်းက ရောင်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အညစ်အကြေးတွေ၊ အဆိပ်အတောက်တွေ ဖယ်ပေးရတဲ့ အသည်းအဖို့ ဒီအဆိပ်အတောက်တွေ လွန်သွားတဲ့အခါ အသည်းထိခိုက်ပြီး ပျက်စီးတတ်ပါတယ်။ လူတွေ သတိမထားမိတဲ့ ပိုးကြောင့်မဟုတ်လည်း အသည်းရောင် ခြင်း အကြောင်းရင်းတွေက ဘာများဖြစ်မလဲ။ ပိုးကြောင့်မဟုတ်တဲ့ အသည်းရောင်ခြင်းဆိုတာ အသည်းကို ထိခိုက်စေတဲ့ ပြင်ပက ပစ္စည်းတစ်ခုခုက ဝင်လာတဲ့အခါ အသည်းက ပြန်လည်တိုက်ထုတ်တာကြောင့် ထိခိုက်ဒဏ်ရာရပြီး အသည်းရောင်တယ်ဆိုတာ ဖြစ်လာပါတယ်။ ဒီပြင်ပ ပစ္စည်းဆိုတာ အသည်းရောင်အသားဝါပိုးတွေ ဖြစ်နိုင်သလို တခြား အကြောင်းရင်းတွေလည်း ဖြစ်နိုင်ပါတယ်။ အသည်းရောင်အသားဝါ ပိုးတွေ (ဘီပိုး၊ စီပိုး၊ အေပိုး စသဖြင့်) ကြောင့် ဖြစ်တဲ့ အသည်းရောင်ခြင်းကတော့ ကူးစက်နိုင်တဲ့ အသည်းရောင်ခြင်းပေါ့။ ဒီပိုးတွေက […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

နေလို့ထိုင်လို့ မကောင်းဘဲ ဗိုက်ထဲ မအီမသာဖြစ်နေပြီလား

တစ်ခါတလေ ရုတ်တရက် အကောင်းကြီး ဖြစ်နေရာကနေ ဗိုက်ထဲ မအီမသာနဲ့ လေပွချင်သလို၊ အိမ်သာ တက်ချင်သလို ခံစားဖူးကြမယ် ထင်ပါတယ်။ ဒီလို ဖြစ်ရတယ်ဆိုတာ ကိုယ်စားလိုက်တဲ့ အစားအစာတွေကြောင့်လည်း ဖြစ်နိုင်သလို အစာအိမ် အူလမ်းကြောင်းဆိုင်ရာမှာ ပြဿနာတစ်ခုခု ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ပါစေ၊ အရမ်းကြီးတော့ စိုးရိမ်စရာ မလိုပါဘူး။ ဗိုက်ထဲက တစ်ခုခု ရင်ခေါင်းတောင့်သလို ရင်ခေါင်းအောင့်သလို ခံစားနေရပြီဆိုတာနဲ့ ခုပြောပြပေးမယ့် အိမ်တွင်းနည်းလမ်းတွေကို လုပ်ကြည့်ပါနော်။ ၁။ ချင်းပြုတ်ရည် ပူပူလေး သောက်ပေးကြည့်ပါ။ ချင်းမှာ ခန္ဓာကိုယ်အတွက် အကျိုးရှိစေမယ့် အာဟာရဓာတ် အများအပြား ပါဝင်ရုံသာမက အစာအိမ်နဲ့ အူလမ်းကြောင်းကို အရောင်ကျစေပြီး အစာချေဖျက်ခြင်းကို ကူညီပေးတယ်။ ဗိုက်ထဲမှာဖြစ်နေတဲ့ လေပွတာ၊ စားချင့်ရည် ပြန်ကန်တက်တာ၊ လေချဉ်တက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ရေနွေးပူပူထဲ ချင်းကို ပါးပါးလေးလှီးပြီး […]


အသည်းရောဂါများ

အသည်းရောင်ခြင်း အမျိုးမျိုး

အသည်းရောင်ရောဂါလို့ကြားရင် အတော်များများက အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးကူးစက်ခံရတော့မှ ဖြစ်တယ်လို့ပဲ ထင်တတ်ကြပါတယ်။ တကယ်ကအသည်းရောင်ရောဂါဖြစ်စေတဲ့ တခြားအကြောင်းရင်းတွေ ရှိပါသေးတယ်။ ဘီပိုး၊စီပိုးလို ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရပြီးဖြစ်တဲ့ ကူးစက်အသည်းရောင်ရောဂါတွေနဲ့ အရက်၊ ဆေးနဲ့ ရောဂါတွေကြောင့်ဖြစ်တဲ့ မကူးစက်နိုင်တဲ့ အသည်းရောင်ရောဂါတွေဆိုပြီး အဓိကအုပ်စု(၂) မျိုးခွဲနိုင် ပါတယ်။ ဒီဆောင်းပါးမှာ အသည်းရောင်ခြင်း အမျိုးမျိုး အကြောင်းနဲ့ တစ်ခုချင်းစီရဲ့ ကူးစက်ပုံနည်းလမ်းတွေကို ပြောပြပေးသွားပါ့မယ်။ အသည်းရောင်ခြင်း အမျိုးမျိုး ကူးစက်အသည်းရောင်ရောဂါတွေအကြောင်း အရင်ပြောပြပါ့မယ်။ လူအချင်းချင်းကူးစက်ဖြစ်ပွားနိုင်တဲ့ အသည်းရောင်အသားဝါပိုးတွေကတော့ အမျိုးအစား A,B,C,D,E နဲ့ နောက်ဆုံးတွေ့ရှိထားတဲ့ အသည်းရောင်အသားဝါ G ပိုးအမျိုးအစား ဆိုပြီး ၆ မျိုးရှိပါတယ်။ အသည်းရောင်အသားဝါ A - ရောဂါပိုးရှိသူရဲ့ အညစ်အကြေးနဲ့ အစားအသောက်တွေကနေတစ်ဆင့် ကူးစက်ပါတယ်။ လိင်ဆက်ဆံမိရာကနေလည်း ကူးစက်နိုင်ပါတယ်။ ဒါပေမဲ့ အသည်းရောင်အသားဝါ A ပိုးက သိပ်တော့မပြင်းထန်ပါဘူး၊ […]


လိပ်ခေါင်းရောဂါများ

ရုတ်တရက် သတိမမူမိတတ်ကြတဲ့ လိပ်ခေါင်းလက္ခဏာ ၇ မျိုး

လိပ်ခေါင်းရောဂါက ကျား၊မ မရွေးဖြစ်ပွားနိုင်ပြီး လူသိများတဲ့ ရောဂါတစ်ခုပါ။ Hemorrhoids လို့ ခေါ်တဲ့ ဒီရောဂါဖြစ်တာကို ရှက်စရာလို့ လူတစ်ချို့က ရှုမြင်တတ်ကြပါတယ်။ ရောဂါဖြစ်မှာကို ကြောက်ကြပေမယ့် ဘာကြောင့်ရောဂါဖြစ်နိုင်တယ်၊ ဘယ်လိုလက္ခဏာတွေ ပြသတတ်တယ်ဆိုတာမျိုးကိုတောင်မှ မသိချင်တတ်ကြပါဘူး။ ဒီတစ်ခေါက်တော့ ရုတ်တရက် သတိမမူမိတတ်ကြတဲ့ လိပ်ခေါင်းလက္ခဏာ ၇ မျိုး အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ရောဂါဖြစ်လာရင် ဆရာဝန်ကို တင်ပါးလှန်ပြရပြီး နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးရလေ့ရှိတယ်ဆိုတာနဲ့တင် အလွန်ရှက်စရာကောင်းတဲ့ကိစ္စလို့ ထင်မြင်ယူဆသွားကြတာပါ။ တကယ်တော့ လိင်ခေါင်းရောဂါဆိုတာက စအို ဒါမှမဟုတ် အူမကြီးရဲ့ အောက်ဘက်က သွေးပြန်ကြောတွေ ရောင်ရမ်းတဲ့ဝေဒနာဖြစ်ပါတယ်။ မဖြစ်ချင်ဘူးလို့ ဆိုပင်ဆိုငြားသော်လည်းပဲ အသက် ၅၀ ကျော်လူကြီးတွေရဲ့ ၅၀% လောက်ဟာ လိပ်ခေါင်းဝေဒနာ ခံစားနေရတတ်ပါတယ်။ ဒီတော့ အသက်ကြီးလာရင် မဖြစ်ချင်လည်း ဖြစ်နိုင်ခြေ ၅၀% ရှိတယ်ဆိုတဲ့ သဘောမျိုးပါ။ ဒီလိုဆိုရင်တော့ဖြင့် ရောဂါကိုဖြစ်စေနိုင်တဲ့ […]


အသည်းရောဂါများ

အသည်းရောင်အသားဝါ စီပိုးကို ဘယ်လိုကုသလဲ

အသည်းကင်ဆာအဖြစ်နိုင်ဆုံး အကြောင်းရင်းဖြစ်တဲ့ အသည်းရောင်အသားဝါ စီပိုးကူးစက်ခံရရင် ဘယ်လိုနည်းလမ်းတွေနဲ့ ပျောက်ကင်းအောင်ကုသလို့ရလဲဆိုတာ ပြောပြပေးသွားပါ့မယ်။ အသည်းရောင်အသားဝါ စီပိုးက ရောဂါပိုးရှိသူရဲ့ သွေးကနေတဆင့် အဓိက ကူးစက်ပါတယ်။ နောက်ပြီး ဆေးထိုးအပ်တွေ မျှဝေသုံးစွဲတာ၊ လိင်ဆက်ဆံမိရာကနေလည်း ကူးစက်ခံရနိုင်ပါသေးတယ်။ အသည်းရောင် အသားဝါ စီပိုးက ကြောက်စရာကောင်းပေမယ့် ကူးစက်ခံရတဲ့လူတိုင်းလည်း ကုသမှုခံယူစရာ မလိုအပ်တာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် တချို့ကိုယ်ခံအားကောင်းတဲ့သူတွေမှာ စီပိုးကို ခန္ဓာကိုယ်က သူ့ဖာသာရှင်းထုတ်ပစ်လိုက်တဲ့အတွက် ဖြစ်ပါတယ်။ ဒါမျိုးက ရှားတော့ ရှားပေမယ့် ရှိတတ်ပါတယ်။ တကယ်လို့ ခုခံအားက မရှင်းပစ်ရင်ရော။ မရှင်းပစ်ရင်လည်း သိပ်မစိုးရိမ်ပါနဲ့။ ကံကောင်းတဲ့ အချက်က စီပိုးကို ပျောက်ကင်းအောင် ကုသလို့ရနေပါပြီ။ အသည်းရောင်အသားဝါ စီပိုးကို ဘယ်လိုကုသလဲ အသည်းရောင်အသားဝါ စီပိုးကို ဘယ်လိုကုသလဲ ဆိုတော့ အဓိကနည်းလမ်း (၂) ခုသုံးပြီး ကုသလို့ရပါတယ်။ ဗိုင်းရပ်စ်ပိုးတွေကို နှိမ်နင်းပစ်ပြီး […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ပိုးသတ်ဆေး သောက်ပြီးနောက် ဝမ်းလျှောလာခဲ့ရင်

ပဋိဇီဝပိုးသတ်ဆေး (Antibiotics) ဆိုတာ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကုသတဲ့နေရာမှာ အသုံးပြုတဲ့ ဆေးဖြစ်ပါတယ်။ ဆေးဆိုတဲ့အတိုင်းပဲ ရောဂါကို ကုသပေးနိုင်သလို နောက်ထပ် ဘေးထွက်ဆိုးကျိုး တချို့ကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဘယ်ဆေးမဆို ဘေးထွက်ဆိုးကျိုးအနည်းနဲ့အများတော့ ရှိတတ်ကြပါတယ်။ ဝမ်းလျှောခြင်းကတော့ ပိုးသတ်ဆေးသောက်ပြီးနောက် အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးများထဲက တစ်ခုဖြစ်ပါတယ်။ ဘာကြောင့် ပိုးသတ်ဆေး သောက်ပြီး ဝမ်းလျှောတာလဲ ? ပိုးသတ်ဆေးတွေဟာ ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ဆဲလ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ပုံချင်း ကွဲပြားတဲ့ ဘက်တီးရီးယားဆဲလ်တွေကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်ပါတယ်။ ဘက်တီးရီးယားမှာ ပြင်ပကနေ ခန္ဓာကိုယ်ကို ဒုက္ခပေးဖို့ ဝင်ရောက်လာတဲ့ အမျိုးအစားရှိသလို အစာခြေစနစ်နဲ့ အူလမ်းကြောင်းမှာ သဘာဝအတိုင်း ရှိနေတတ်တဲ့ ကျန်းမာရေး အကျိုးပြုဘက်တီးရီးယားတွေလည်း ပါပါတယ်။ ကျန်းမာရေးအကျိုးပြု ဘက်တီးရီးယားတွေဟာ အစာခြေစနစ်ကို ကောင်းစွာ အလုပ်လုပ်စေသလို အူလမ်းကြောင်းထဲမှာ မကောင်းတဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း