ပဋိဇီဝပိုးသတ်ဆေး (Antibiotics) ဆိုတာ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကုသတဲ့နေရာမှာ အသုံးပြုတဲ့ ဆေးဖြစ်ပါတယ်။ ဆေးဆိုတဲ့အတိုင်းပဲ ရောဂါကို ကုသပေးနိုင်သလို နောက်ထပ် ဘေးထွက်ဆိုးကျိုး တချို့ကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။
ဘယ်ဆေးမဆို ဘေးထွက်ဆိုးကျိုးအနည်းနဲ့အများတော့ ရှိတတ်ကြပါတယ်။
ဝမ်းလျှောခြင်းကတော့ ပိုးသတ်ဆေးသောက်ပြီးနောက် အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးများထဲက တစ်ခုဖြစ်ပါတယ်။