အသည်းရောင်တယ်၊ အသားဝါတယ်ဆိုရင် စိတ်ထဲမှာ အသည်းရောင် အသားဝါဗိုင်းရပ်စ်ပိုးကြောင့်လို့ပဲ ထင်ကြပါတယ်။ တကယ်တော့ ပိုးကြောင့် မဟုတ်လည်း အသည်းက ရောင်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အညစ်အကြေးတွေ၊ အဆိပ်အတောက်တွေ ဖယ်ပေးရတဲ့ အသည်းအဖို့ ဒီအဆိပ်အတောက်တွေ လွန်သွားတဲ့အခါ အသည်းထိခိုက်ပြီး ပျက်စီးတတ်ပါတယ်။ လူတွေ သတိမထားမိတဲ့ ပိုးကြောင့်မဟုတ်လည်း အသည်းရောင် ခြင်း အကြောင်းရင်းတွေက ဘာများဖြစ်မလဲ။