အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်အနာ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဝမ်းလျှောတိုင်း ပိုးသတ်ဆေးသောက်ဖို့ လိုသလား

ဝမ်းပျက်ဝမ်းလျှောတာဟာ မိုးရာသီကာလတွေမှာ အဖြစ်များတတ်တဲ့ ရောဂါတစ်မျိုးပါ။ Diarrhea လို့ခေါ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းဟာ ဝမ်းအရည်ကျဲကျဲတွေ ခဏခဏ (သို့) ဆက်တိုက်သွားခြင်းကို ခေါ်ဆိုတာပါ။ များသောအားဖြင့် ကြာချိန်အပေါ်မူတည်ပြီး ဝမ်းပျက်ဝမ်းလျှောခြင်းကို (၃) မျိုး ခွဲခြားလို့ရပါတယ်။ ရက်အနည်းငယ်ကနေ တစ်ပတ်ဝန်းကျင်ဆိုရင် ရေတို ဝမ်းလျှောတာ၊ ၃ ပတ်ဝန်းကျင်လောက်ကြာတာမျိုးကို အချိန်အတော်ကြာ ဝမ်းလျှောတာ၊ ၄ ပတ်ထက် ပိုကြာရင် နာတာရှည် ဝမ်းလျှောတာဆိုပြီး ခွဲခြားနိုင်ပါတယ်။ ဒီရောဂါက ကျား၊ မ မရွေးဖြစ်နိုင်သလို အရွယ်ရောက်ပြီးသူတိုင်း တစ်နှစ်ကို ၄ ကြိမ်လောက် ဝမ်းလျှောတတ်ကြပါတယ်။ များသောအားဖြင့် သာမန်ဝမ်းလျှောတာမျိုးသာ အဖြစ်များပေမယ့် အသက်အန္တရာယ်ကို ထိခိုက်တဲ့အထိ ဖြစ်နိုင်တဲ့ ရောဂါမျိုးမို့ ပေါ့ဆလို့ မဖြစ်တဲ့ ဝေဒနာတစ်မျိုးပါ။ ဝမ်းပျက်ခြင်းနဲ့ ပိုးသတ်ဆေး ဝမ်းပျက်တဲ့အခါ Antibiotics လို့ခေါ်တဲ့ ပိုးသတ်ဆေးလို့လည်း လူသိများကြတဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်အကြောင်း ယုံတမ်းအထွေထွေ

အစာအိမ်အကြောင်း ယုံတမ်းအထွေထွေ ကို သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ အစာအိမ်ဆိုတာ ဘာလဲ။ တကယ်တော့ အစာအိမ်ဆိုတာ ကိုယ်နေ့စဉ်နဲ့အမျှ စားသောက်လိုက်တဲ့ အစာတွေကို ချေဖျက်ပေးနိုင်တဲ့ ခန္ဓာကိုယ်အတွင်းက အစိတ်အပိုင်းတစ်ခုပါ။ ဝမ်းတစ်လုံးမကောင်းရင် ခေါင်းခဲရတယ်ဆိုတဲ့ မြန်မာစကားပုံလေးလည်း ရှိတယ်မဟုတ်လား။ အစာအိမ်က အစားအစာတွေကို ကောင်းကောင်းမချေဖျက်နိုင်ရင် ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒီလိုအရေးပါလှတဲ့ အစာအိမ်နဲ့ပတ်သက်ပြီး လူတွေရဲ့အကြားမှာ ယုံတမ်းစကားတွေ၊ အယူအဆမှားတွေ အများအပြားရှိနေပါတယ်။ အစာအိမ်လေးကျန်းမာနေဖို့ဆိုရင် ဒီလို ယုံတမ်းအမှားတွေကို ရှောင်ရှားနိုင်ဖို့ လိုမှာပါ။ အစာအိမ်အကြောင်း သေသေချာချာ သိရှိမထားဘူးဆိုရင် လူအများစု လက်ခံထားကြတဲ့ ယုံတမ်းစကားတွေကို အမှန်တရားထင်ပြီး အမှားတွေ ကျူးလွန်မိနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်လေးနဲ့ ပတ်သက်နေတဲ့ ယုံတမ်းအထွေထွေကို စုစည်းဖော်ပြပေးချင်ပါရဲ့။ အစာအိမ်အကြောင်း ယုံတမ်းအထွေထွေ အစာအိမ်အကြောင်း ယုံတမ်းအထွေထွေ တွေက ဘာတွေ ဖြစ်မလဲဆိုတော့ Myth: ပီကေတွေကို […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

လိပ်ခေါင်းရောဂါ သံသရာကို ဘယ်လိုရှောင်လွှဲကြမလဲ

လိပ်ခေါင်းရောဂါ (Hemorrhoids) လို့ ဆိုလိုက်တာနဲ့ အလိုလို ရှက်တာလိုလို ဘာလိုလို ဖြစ်သွားတတ်ကြတယ်။ ဒီရောဂါကြီး မဖြစ်ချင်ပါဘူးလို့လည်း တချို့က ဆိုကြသေးရဲ့။ ရောဂါဖြစ်လို့ ကုတော့မယ်ဆိုတာနဲ့ စပြီး ကိုယ့်အရှက်သိက္ခာကို လှစ်ဟပြရမယ့် ရောဂါကိုး။ အရှက်အကြောက်ကြီးတဲ့ လူတွေအတွက်တော့ ရှက်စရာပေကိုး။ တကယ်တော့ လိပ်ခေါင်းရောဂါဆိုတာက စအို ဒါမှမဟုတ် အူမကြီးရဲ့ အောက်ဘက်က သွေးပြန်ကြောတွေ ရောင်ရမ်းတဲ့ဝေဒနာဖြစ်ပါတယ်။ ဒီရောဂါဖြစ်စေရတဲ့ အဓိကအချက်ကတော့ ဝမ်းသွားရာမှာ အားစိုက်ညှစ်တာကြောင့်ပါ။ မဖြစ်ချင်ဘူးလို့ ဆိုပင်ဆိုငြားသော်လည်းပဲ အသက် ၅၀ ကျော်လူကြီးတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ လိပ်ခေါင်းဝေဒနာ ခံစားနေရတတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ခြေ ရှိပါတယ်။ လိပ်ခေါင်းမှာ ယေဘုယျအားဖြင့် အတွင်းလိပ်ခေါင်းနဲ့ အပြင်လိပ်ခေါင်းဆိုပြီး ၂ မျိုးရှိပါတယ်။ အတွင်းလိပ်ခေါင်းက အူမကြီးအောက်ပိုင်းမှာဖြစ်တတ်ပြီး များသောအားဖြင့် နာကျင်မှု နည်းပါးပြီး သွေးထွက်နိုင်ပါတယ်။ အပြင်လိပ်ခေါင်းကတော့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာခြေခြင်း အကြောင်းသိကောင်းစရာ

အစာစားခြင်းဟာ လူသားတို့အတွက် အခြေခံလိုအပ်ချက်ဖြစ်ပြီး အသက်ရှင်ရပ်တည်ရေးအတွက် စွမ်းအင်နဲ့ အာဟာရဓာတ်တွေ အထောက်အပံ့ပေးပါတယ်။ ယခုဆောင်းပါးမှာတော့ အစာစားပြီးချိန်မှာ အစာဘယ်လိုခြေသလဲ၊ ဘာတွေဆက်လက်လုပ်ဆောင်သလဲ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အစာခြေဖို့ ဘယ်လောက်ကြာသလဲ သင်စားသုံးလိုက်တဲ့ အစားအစာဟာ အစာအိမ်အူလမ်းကြောင်းတခုလုံးကို ဖြတ်သန်းသွားဖို့ ၂၄ နာရီကနေ ၇၂ နာရီထိ ကြာတတ်ပါတယ်။ သင်စားလိုက်တဲ့ အစားအစာအမျိုးအစားပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ဒါ့အပြင် ကျား/မကွဲပြားခြင်း၊ ဇီဝဖြစ်ပျက်မှုနဲ့ အစာအိမ်အူလမ်းကြောင်းမှာ ပြဿနာ တစ်စုံတစ်ရာရှိမရှိဆိုတာပေါ် မူတည်ပါသေးတယ်။ စတင်စားသောက်ချိန်မှာ အစားအသောက်များဟာ အူလမ်းကြောင်းထဲကို လျင်မြန်စွာ ဝင်ရောက်နိုင်ပါတယ်။ ၆ နာရီကနေ ၈ နာရီအတွင်းမှာ အစာများဟာ အစာအိမ်၊ အူသိမ်နဲ့ အူမကို ဖြတ်သန်းသွားနိုင်ပါတယ်။ အူမထဲရောက်ရင်တော့ တစ်ဝက်တစ်ပျက်ချေဖျက်ပြီးသား အစားအစာများကို အပြီးတိုင်ချေဖျက်ဖို့ တစ်ရက်ခန့် အချိန်ယူပါတယ်။ ယေဘုယျအားဖြင့် အစာအိမ်အတွင်း အစာခြေချိန်ဟာ ၂နာရီမှ […]


ဝမ်းပျက်ဝမ်းလျှောခြင်း

ဝမ်းလျှောခြင်း အကြောင်း တစေ့တစောင်း

ဗိုက်ထဲက ရစ်ရစ်ပြီးနာတယ်၊ ဝမ်းသွားနေတာ ခဏခဏပဲ။ ဝမ်းကလည်း သွားလိုက်တိုင်း အရည်တွေ ဖြစ်နေတယ်။ ခြေလက်တွေတောင် မသယ်ချင်တော့ဘူး။ အာခေါင်တွေပါ ခြောက်လာတယ်ဆိုရင်တော့ သင်ဝမ်းလျှောနေပါပြီ။ ဝမ်းလျှောခြင်း အကြောင်းကို အစအဆုံး လေ့လာလိုက်ရအောင်။ ဝမ်းလျှောခြင်း ဆိုတာ ဝမ်းလျှောတယ်ဆိုတာက ဝမ်းအရည်တွေ ခဏခဏ သွားတာပါ။ ဝမ်းလျှောနေပြီဆိုရင် တစ်နေ့တာမှာ ဝမ်းအရည်တွေ ၃ ကြိမ် ဒါမှမဟုတ် ၃ ကြိမ်နဲ့ အထက် သွားတာမျိုး ခံစားရနိုင်ပါတယ်။ ဝမ်းလျှောတာက လူတော်တော်များများ ခံစားရနိုင်တဲ့ ကျန်းမာရေး ကိစ္စ တစ်ရပ်ပါ။ ကံကောင်းတာ တစ်ချက်က သာမန် ဝမ်းလျှောတာက ၂ ရက် ကနေ ၃ ရက်အတွင်းမှာ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ တကယ်လို့ ဝမ်းလျှောတာက ၃ ရက်နဲ့အထက် ကြာနေပြီဆိုရင်တော့ ပြင်းထန်တဲ့ အခြေအနေတစ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဘာလို့ အူကျ ရတာလဲ။ ဘယ်လိုကုသကြမလဲ။

အူကျ တယ်ဆိုတာ ခန္ဓာကိုယ်ထဲက ကလီစာတစ်ခုခု (ဥပမာ အူဖြစ်ဖြစ် ) အပြင်ကို ကျွံထွက်လာတာပါ။ အထူးသဖြင့် ဝမ်းဗိုက်ရဲ့ အားနည်းတဲ့ အပိုင်းကနေပေါ့။ အူကျတာက ဘာလက္ခဏာမှ မပြဘဲ ဒီတိုင်း ဖောင်းရုံလေးပဲ ဖြစ်နိုင်သလို တစ်ခါတလေ အရေးပေါ် ခွဲစိတ်ရမယ့် အခြေအနေမျိုးလည်း ရှိနိုင်ပါတယ်။ အူကျတာက လူတိုင်းသိတဲ့ ကပ္ပာယ်အိတ်ထဲကို အူကျတာ အပါအဝင် ပေါင်ခြံကနေ အူကျတာ၊ ချက်ပတ်လည်ကနေ အူကျတာ၊ အရင်ဗိုက်ခွဲထားတဲ့ နေရာကနေ အူကျတာ အမျိုးမျိုး ရှိနိုင်ပါတယ်။ အူကျတာရဲ့ အဓိက ကုသမှုကတော့ ခွဲစိတ်တဲ့ နည်းလမ်းပါပဲ။ ဒီဆောင်းပါးမှာ အူကျရင် ဘယ်လို ခံစားရမှာလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ ခွဲစိတ်ကုသလို့ ရလဲဆိုတာ ပြောပြပေးသွားပါမယ်။ အူကျခြင်း အမျိုးအစားများ ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ အားနည်းတဲ့နေရာ weak […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အန်တဲ့အခါ ဝမ်းသွားတဲ့အခါ သွေးပါခြင်း

အန်တဲ့အခါ သွေးပါတာ၊ ကော်ဖီရောင်အန်တာ၊ ဝမ်းသွားတဲ့အခါ သွေးပါတာ၊ ကတ္တရာစေးလို ဝမ်းမည်းမည်းတွေသွားတာက အစာအိမ်နဲ့ အူလမ်းကြောင်း တစ်နေရာရာမှာ သွေးယိုနေတဲ့ လက္ခဏာပါ။ ဒါပေမယ့် သိပ်မစိုးရိမ်ပါနဲ့လို့ ပြောပါရစေ။ အကြောင်းကတော့ ဆေးပညာတွေ တိုးတက်နေတဲ့ ဒီလိုအချိန်မှာ အချိန်မီသာသိမယ်ဆိုရင် ကုသလို့ နည်းလမ်းတွေ အများကြီး ရှိနေလို့ပါ။  အစာခြေစနစ်မှာ သွေးထွက်ရတဲ့ အကြောင်းအရင်းများ။ အစာခြေစနစ် အပေါ်ပိုင်းမှာ သွေးထွက်တဲ့အခါ အန်ရင် သွေးပါတာမျိုး ဖြစ်စေနိုင်ပြီး အစာခြေစနစ် အောက်ပိုင်းမှာ သွေးထွက်တဲ့အခါ ဝမ်းသွားရင် သွေးပါတာမျိုး ဖြစ်နိုင်ပါတယ်။ အစာခြေစနစ် အထက်ပိုင်းမှာ သွေးထွက်ရတဲ့ အကြောင်းအရင်း Peptic ulcer (အစာအိမ် အနာ)  အစာရေမျိုနံရံ စုတ်ပြဲတာ အစာရေမျိုသွေးပြန်ကြော ကြီးနေတာ  အစာရေမျို ရောင်ရမ်းခြင်း အစာခြေစနစ် အောက်ပိုင်းမှာ သွေးထွက်ရတဲ့ အကြောင်းအရင်း Diverticular disease […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေလည် ခြင်း (သို့) အီးပေါက်ခြင်း အနုပညာ

လေလည် ခြင်း ဆိုတာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ Gas တွေများလာတဲ့အခါ အပြင်ကို စွန့်ထုတ်ဖို့အတွက် ဖြစ်လာရတဲ့ သဘာဝလုပ်ငန်းလေးတစ်ခုပဲဖြစ်ပါတယ်။ တချို့က လေလည်တာကို ရှက်စရာ ကိစ္စတစ်ခုအနေနဲ့ စဉ်းစားကြပါတယ်။ လူတွေအရှေ့မှာ လေလည်တဲ့အခါ အသံထွက်လာမှာ၊ အနံ့ဆိုးနေမှာ စိုးရိမ်တဲ့ စိတ်တွေနဲ့ တစ်ခါတစ်လေမှာ အတင်းအောင့်ထားတတ်ကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လေဘာကြောင့် လည်ရတယ်၊ အောင့်ထားရင် ဘာတွေ ဖြစ်နိုင်တယ်၊ လေလည်တဲ့ အကြိမ်နည်းသွားအောင် ဘယ်လို နည်းလမ်းတွေ သုံးနိုင်တယ်ဆိုတာတွေ နဲ့ ပတ်သတ်ပြီး သိသင့်တဲ့ အချက်လေးတွေကို ကျန်းမာရေး ရှုထောင့်ကနေ ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဘာကြောင့် လေလည် ရသလဲ။ ကျွန်ုပ်တို့ စားလိုက်တဲ့အစာတွေကို ခြေဖျက်တဲ့ အခါ gas တွေထွက်လာပါတယ်။ ဒါ့အပြင် စားသောက်ရင်း လေတွေ မျိုချမိတာ၊ carbonated drinks […]


အစာအိမ်အနာ

အစာအိမ်အနာဖြစ်သူများအတွက် စားသောက်မှုပုံစံ

အစာအိမ် အောင့်ခြင်းဟာ ခံစားရခက်တဲ့ ဝေဒနာ ဖြစ်ပါတယ်။ အထူးသဖြင့် အစာအိမ်မှာ အနာ ဖြစ်ရင် ပိုဆိုးပါတယ်။ အစာအိမ်အနာ ဆိုတာ အစာအိမ်အတွင်းပိုင်းနံရံမှာ အနာဖြစ်ခြင်းကို ဆိုလိုပါတယ်။ အစာအိမ်ရောဂါ ဖြစ်ရင် အစားအသောက်ကို သတိပြုစားသုံးရန်လိုပါတယ်။ အထူးသဖြင့် အစာအိမ်အနာဖြစ်ဖူးသူများဟာ ထပ်မံမဖြစ်ပွားအောင် ဂရုစိုက်ရပါတယ်။ ဒီတစ်ခေါက်တော့ အစာအိမ်အနာဖြစ်သူများအတွက် စားသောက်မှုပုံစံ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဘာတွေက အစာအိမ်အနာ ဖြစ်နိုင်ခြေများစေသလဲ အစာအိမ်အနာ ဖြစ်စေတဲ့ အရာတွေထဲမှာ H pylori လို့ခေါ်တဲ့ ဘက်တီးရီးယားဟာ အဓိကကျပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကို ရေရှည် စွဲသုံးရင်လည်း ဖြစ်နိုင်ပါတယ်။ အစာအိမ်အနာဖြစ်သူများအတွက် စားသောက်မှုပုံစံ အစာအိမ်အနာဖြစ်သူများအတွက် စားသောက်မှုပုံစံ က ဘာဖြစ်မလဲ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ အစာအိမ်အနာ အတွက် ကုသရာမှာ ဆရာဝန်ညွှန်ကြားချက်အတိုင်း ပဋိဇီဝဆေးသောက်ခြင်း၊ အစာအိမ်ဆေးများ သောက်သုံးခြင်း အပြင် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဘာကြောင့် အမြဲလိုလို ဗိုက်ဆာနေတာလဲ

ဗိုက်ဆာတယ်ဆိုတာ ခန္ဓာကိုယ်က အစားအစာလိုအပ်နေပြီလို့ အချက်ပြတဲ့သဘောပါပဲ။ ဗိုက်ဆာလာတာကို မစားဘဲ နေလိုက်ရင် ဗိုက်နာမယ်၊ ဗိုက်အောင့်မယ်၊ ခေါင်းကိုက်မယ်၊ နုံးချိချိဖြစ်လာမယ်၊ အာရုံကောင်းကောင်း မစူးစိုက်နိုင်ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဗိုက်ဆာတာကို လျစ်လျူမရှုသင့်ပါဘူး။ ဒါပေမဲ့ ပုံမှန်စားနေလျက်နဲ့ ဘာကြောင့် အမြဲလိုလို ဗိုက်ဆာနေတာလဲ ။ ဘာကြောင့် အမြဲလိုလို ဗိုက်ဆာနေတာလဲ ဗိုက်ဆာလို့အပြင် ခဏခဏ စားချင်သောက်ချင်စိတ် ဖြစ်ရတဲ့ တခြားအကြောင်းအရင်းတွေ ရှိပါသေးတယ်။ ဒါတွေကတော့ ကျန်းမာရေးကြောင့်လား ခဏခဏဗိုက်ဆာတယ်ဆိုတာ ဆီးချိုရောဂါရဲ့ လက္ခဏာတွေထဲက တစ်ချက်ဖြစ်ပါတယ်။ ပုံမှန်ဆိုစားလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်ထဲမှာ သကြားအဖြစ် ပြောင်းလဲသုံးစွဲပစ်ပါတယ်။ ဆီးချိုရောဂါရှိနေရင်တော့ ကိုယ်တွင်းဆဲလ်တွေက သကြားဓာတ်တွေ ရယူမသုံးစွဲနိုင်တော့တဲ့အတွက် ခဏခဏစားသောက်ဖို့ အားပေးသလိုဖြစ်နေပါတယ်။ Hyperthyroidism လို့ခေါ်တဲ့ သိုင်းရွိုက်ဟော်မုန်း ပုံမှန်ထက်များတဲ့ အခြေအနေမှာလည်း ခဏခဏဗိုက်ဆာ တတ်ပါတယ်။ ပိုလျှံနေတဲ့ သိုင်းရွိုက်ဟော်မုန်းတွေက စားချင်စိတ်ကို ပိုအားကောင်းစေလို့ပါ။ လူတိုင်းမဟုတ်ပေမဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း