လိပ်ခေါင်းရောဂါက ကျား၊မ မရွေးဖြစ်ပွားနိုင်ပြီး လူသိများတဲ့ ရောဂါတစ်ခုပါ။ Hemorrhoids လို့ ခေါ်တဲ့ ဒီရောဂါဖြစ်တာကို ရှက်စရာလို့ လူတစ်ချို့က ရှုမြင်တတ်ကြပါတယ်။ ရောဂါဖြစ်မှာကို ကြောက်ကြပေမယ့် ဘာကြောင့်ရောဂါဖြစ်နိုင်တယ်၊ ဘယ်လိုလက္ခဏာတွေ ပြသတတ်တယ်ဆိုတာမျိုးကိုတောင်မှ မသိချင်တတ်ကြပါဘူး။